■■■မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုအပေါ် အမေရိကန်၏ တုန့်ပြန်မှု လွန်ကဲသည်ဟု ဝေဖန်

■■■မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုအပေါ် အမေရိကန်၏ တုန့်ပြန်မှု လွန်ကဲသည်ဟု ဝေဖန်

ပြုံယမ်း၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ)
ပြီးခဲ့သည့်ရက်ပိုင်းက ရေငုပ်သင်္ဘောပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုကို အမေရိကန်မှ ပြစ်တင်ဝေဖန်ခြင်းသည် မြောက်ကိုရီးယား၏ တရားဝင် မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်အပေါ် တုန့်ပြန်မှုလွန်ကဲခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏အောက်တိုဘာ ၂၀ ရက် ကြေညာချက်တွင် ဖော်ပြထားကြောင်း KNCA၏အောက်တိုဘာ ၂၁ ရက် သတင်းများအရ သိရသည်။

အမေရိကန်အစိုးရနှင့်စစ်ဘက်ဆိုင်ရာက မြောက်ကိုရိးယား၏ တရားဝင် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အပေါ် “ကုလလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး ဒေသတည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်သည် ”ဟု ပုံဖော်ကာ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပဖို့ တောင်းဆိုခဲ့ကြောင်း ၊ ၎င်းမှာ အချုပ်အခြာအာဏာပိုင်နိုင်ငံ၏ မှန်ကန်စွာလုပ်ဆောင်သည့် မိမိကိုယ်ကို ကာကွယ်ခွင့်အပေါ် အတိုင်းထက်အလွန် တုန့်ပြန်မှုလွန်ကဲခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား၏အဟိတ်အဟန့်သည် နိုင်ငံ သို့မဟုတ် အင်အားစုအပေါ် အထူးရည်ရွယ် ဦးတည်ဆောင်ရွက်ခြင်း မဟုတ်ကြောင်း၊ ယခုအကြိမ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုသည် နိုင်ငံကာကွယ်ရေးအတွက် အစောပိုင်းကစီစဉ်ပြီးသား လှုပ်ရှားမှုဖြစ်ကြောင်းဆိုသည်။
အမေရိကန်သည် လက်နက် ပိုင်ဆိုင်မှု သို့မဟုတ် သုတေသနထုတ်လုပ်မှုများ ပြုလုပ်နေသည့် တစ်ချိန်တည်းတွင်ပင် မြောက်ကိုရီးယားအား ပြစ်တင်ခြင်းသည် မတူညီသည့် စံနှုန်းနှစ်မျိုးဖြစ်သည်မှာ ထင်ရှားကြောင်း ၊ အမေရိကန်အနေဖြင့် ဒုက္ခမရှာပါက ကိုရီးယားကျွန်းဆွယ်တွင် တင်းမာသည့်အခြေအနေဖြစ်လာမည် မဟုတ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

Xinhua
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။