■■■ဘင်္ဂလားပင်လယ်အော်မှာ QUAD အဖွဲ့ကို ရုရှားပစိဖိတ်ရေယာဉ်စုနှင့်တရုတ်ရေတပ် တို့ကဂျပန်ပင်လယ်မှာ ကောင်တာသဘော ပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်ပြနေ

■■■ဘင်္ဂလားပင်လယ်အော်မှာ QUAD အဖွဲ့ကို ရုရှားပစိဖိတ်ရေယာဉ်စုနှင့်တရုတ်ရေတပ် တို့ကဂျပန်ပင်လယ်မှာ ကောင်တာသဘော ပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်ပြနေ

ရုရှားနှင့်တရုတ်တို့က စစ်သင်္ဘောများစွာနှင့်စစ်လေယာဉ်အနည်းဆုံးတစ်ဒါဇင်တို့ပါဝင်သော လေးရက်ကြာပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဂျပန်ပင်လယ်၌ စတင်ခဲ့ဟုရုရှားစစ်တပ်ကပြော

ကြာသပတေးနေ့က ကြေညာချက်တစ်ခုအရရုရှား-ပစိဖိတ်ရေယာဉ်စုသည် ၂၀၂၁ ခုနှစ် ရုရှား-တရုတ် ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို ဂျပန်ပင်လယ်၌အောက်တိုဘာ ၁၄ ရက်မှ ၁၇ ရက်အထိ ပြုလုပ်နေကြောင်းTASS သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။

တရုတ်ရေတပ်၏ အဆင့်မြင့် Type 055 အမျိုးအစားတန် ၁၀၀၀၀ အတန်းအစားဖျက်သင်္ဘောကြီးနှင့်အတူ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားရေတပ်နှင့် စစ်ရေးလေ့ကျင့်မှုတစ်ခုကို

ကြာသပတေးနေ့က စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး၊ အနောက်နိုင်ငံများ ဦးဆောင်သော QUAD အုပ်စုကို ဆန့်ကျင်သည့်အနေနှင့် တစ်ချိန်တည်းတွင် နှစ်ဘက်၏ မဟာဗျူဟာမြောက်အပြန်အလှန်ယုံကြည်မှုကိုပြသရုံသာမက ဒေသတွင်း လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းမှုကို

ကာကွယ်ရန်၎င်းတို့၏စွမ်းရည်ကိုမြှင့်တင်လိမ့်မည်လို့ Globel Times ကဖော်ပြထားပါတယ်။ စစ်ရေးလေ့ကျင့်မှုတွင် ရုရှားရေတပ်မှ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ် Udaloy-class Admiral Panteleyev

ဖျက်သင်္ဘော တစ်စင်း၊ Project 20380 corvettes -Aldar Tsydenzhapov နှင့် Gromky နှစ်စင်း၊Coastal-type မိုင်းရှင်းသင်္ဘောနှစ်စင်း၊Project 877 Ust-Bolsheretsk ရေငုပ်သင်္ဘောတစ်စင်း၊

Missile Boat တစ်စင်းနှင့် ကယ်ဆယ်ရေးရေယာဉ် တစ်စီးတို့အပြင် (anti-submarine warfare) ရဟက်ယာဉ်၁၂ စင်းတို့ ဖြန့်ကျက်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်ရေတပ်မှ Type O55 Nanchang နှင့် Type 052D Kunming ဖျက်သင်္ဘောနှစ်စင်း အပါအဝင် အဆင့်မြင့်စစ်သင်္ဘောများကို
စေလွှတ်ခဲ့တာဖြစ်ပါတယ်။

၎င်း ဖျက်သင်္ဘောများအပြင် Type 054A စစ်ရေယာဉ်များဖြစ်သည့် Qinzhou နှင့် Luzhou ဖရီးဂိတ်နှစ်စင်း၊ ဒီဇယ်စွမ်းအင်သုံး ရေငုတ်သင်္ဘောတစ်စီင်း၊ Type 903A ဘက်စုံထောက်ပံ့ရေးသင်္ဘော Dongpinghu နှင့် ကယ်ဆယ်ရေး သင်္ဘောတစ်စင်းတို့ဟာ

ရေတပ်စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တယ်လို့ ဆိုပါတယ်။ ရုရှားနှင့် တရုတ်ရေတပ်တို့အနေဖြင့် ဆက်သွယ်ရေး၊ပင်လယ်မိုင်းတွင်းတန်ပြန်တိုက်ခိုက်ရေး၊ လေကြောင်းရန်ကာကွယ်ရေးနှင့် ပင်လယ်ပြင်ပစ်မှတ်များအား ပစ်ခတ်မှုကိုပူးတွဲလေ့ကျင့်မည်လို့ သိရပါတယ်။

PLA ရေတပ်အဆိုအရ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးမစ်ရှင်ပူးတွဲစစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ -ပင်လယ်ရေကြောင်းလုံခြုံရေး ခြိမ်းခြောက်မှုများကို ပူးပေါင်းဖြေရှင်းရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုကာကွယ်ရန်

၎င်းတို့၏စွမ်းရည်များကိုမြှင့်တင်ရန် ဖြစ်တယ်လို့PLA ရေတပ်စစ်ရေးလေ့လာရေး သုတေသနအင်စတီကျုက Global Times ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တရုတ်နှင့် ရုရှားတို့အကြား အကြီးဆုံးပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုအဖြစ် ၂၀၁၂ ခုနှစ်မှစ၍ ရေတပ်အပြန်အလှန်ဆက်သွယ်မှုကို
၉ ကြိမ်အထိပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီလေ့ကျင့်မှုဟာ တရုတ်၏တန်ချိန် ၁၀၀၀၀ အတန်းအစားType 055 ဖျက်သင်္ဘောကြီးတစ်စင်းရဲ့ ပထမဆုံးအကြိမ် ပြည်ပစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
Crd..Defence Hub

zawgyi















Crd..Defence Hub