■■■ဗြိတိန်ကတော့ facebook ကိုဆော်ထည့်လိုက်ပီ(ပေါင်းစည်းမှုဆိုင်ရာစည်းမျဉ်းချိုးဖောက်လို့ Facebook ကို ပေါင်သန်း ၅၀ ဒဏ်ရိုက်ခဲ့တဲ့ ဗြိတိန်)

■■■ဗြိတိန်ကတော့ facebook ကိုဆော်ထည့်လိုက်ပီ(ပေါင်းစည်းမှုဆိုင်ရာစည်းမျဉ်းချိုးဖောက်လို့ Facebook ကို ပေါင်သန်း ၅၀ ဒဏ်ရိုက်ခဲ့တဲ့ ဗြိတိန်)

GIF ပလက်ဖောင်းဖြစ်တဲ့ Giphy ကို ဝယ်ယူမှုနဲ့ပတ်သက်ပြီး စုံစမ်းမှုတွေပြုလုပ်နေစဉ်မှာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ဗြိတိန်က Facebook ကို ပေါင်သန်း ၅၀ အထိ ဒဏ်တပ်ရိုက်ခဲ့ပါတယ်။ယှဉ်ပြိုင်မှုနဲ့ဈေးကွက် (CMA) အာဏာပိုင်တွေက Facebook ဟာ သူတို့ရဲ့အမိန့်ကို တမင်တကာလိုက်နာဖို့ပျက်ကွက်ခဲ့ကြောင်း ပြောဆိုခဲ့ပြီး ဥပဒေရဲ့အထက်မှာ ဘယ်အရာမှမရှိဘူးလို့လည်း သတိပေးခဲ့ပါတယ်။

ဒီပြစ်ဒဏ်ဟာ မျှတမှုမရှိဘူးလို့ Facebook က အခိုင်အမာပြောဆိုခဲ့ပြီး CMA ကတော့ လူမှုကွန်ရက်ကုမ္ပဏီဟာ Giphy နဲ့ ပေါင်းစည်းဖို့အတွက် လိုအပ်တဲ့သတင်းအချက်အလက်အပြည့်အစုံကို ထုတ်ပြန်ဖို့ ပျက်ကွက်ခဲ့တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ သတိပေးမှုတွေ များစွာပြုလုပ်ခဲ့ပေမယ့် Facebook က လိုအပ်တဲ့သတင်းအချက်အလက်တွေ ပေးပို့ဖို့ ငြင်းဆိုခဲ့ပြီး ဒီအချက်က လိုက်နာဖို့အတွက် တမင်တကာပျက်ကွက်ခဲ့တာလို့ ယူဆခဲ့ကြပါတယ်။

ပုံမှန်အားဖြင့် CMA က အပြီးသတ်ဝယ်ယူမှုတစ်ခုကို စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ်အတွင်းမှာ ကနဦးအမိန့်ချမှတ်မှုအမိန့် (IEO) ကို ထုတ်ပေးတာဖြစ်ပါတယ်။ ဒီအတွက် ကုမ္ပဏီတွေဟာ ပေါင်းစည်းခြင်းမရှိသေးဘဲ အချင်းချင်းပြိုင်ဆိုင်နေဆဲဖြစ်ပြီး ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေကို ထပ်မံပေါင်းစည်းခြင်းကနေ ကာကွယ်ပေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းကလည်း အမေရိကန်မှာ လူမှုကွန်ရက်ကုမ္ပဏီတွေကို ပြိုင်ဆိုင်မှုနဲ့ဈေးကွက်စည်းမျဉ်းချိုးဖောက်မှုတွေကြောင့် အရေးယူမှုတွေပြုလုပ်ခဲ့ပါသေးတယ်။ Facebook ဟာ ၂၀၂၀ ခုနှစ်အတွင်းက Giphy ကို ဒေါ်လာသန်း ၄၀၀ နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး သတင်းအချက်အလက်တွေကို ရည်ရွယ် ချက်ရှိရှိနဲ့ ဖုံးကွယ်ခဲ့တယ်လို့ ဗြိတိန်က စောင့်ကြည့်လေ့လာရေးအဖွဲ့က ယူဆခဲ့တာဖြစ်ပါတယ်။

CMA က အခုလိုဒဏ်ရိုက်ခြင်းဟာ စည်းမျဉ်းတွေကို တမင်တကာချိုးဖောက်မှုအတွက် ကုမ္ပဏီတစ်ခုကို ပထမဆုံးအကြိမ် ဒဏ်ငွေရိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ CMA ပေါင်းစည်းမှုဆိုင်ရာ အကြီးတန်းဒါရို က်တာ Joel Bamford က “ဒါက ဥပဒေအထက်မှာရှိတယ်လို့ထင်နေတဲ့ ဘယ်ကုမ္ပဏီကိုမဆို သတိပေးချက်တစ်ခုအနေနဲ့ ပြုလုပ်သင့်ပါတယ်” လို့ ပြောဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေကာ ပေါင်းစည်းမှုနဲ့ပတ်သက်ပြီး ဘယ်လိုဆုံးဖြတ်ချက်မျိုးမှလည်း မချမှတ်ရသေးဘူးလို့ ဆိုပါတယ်။

crd