■■■နောက်တပတ်အတွင်းမှာ နာမည်ပြောင်းလဲသွားဖို့ ပြင်ဆင်နေတဲ့ Facebook

■■■နောက်တပတ်အတွင်းမှာ နာမည်ပြောင်းလဲသွားဖို့ ပြင်ဆင်နေတဲ့ Facebook

မာ့ခ်ဇူကာဘာ့ဂျ် နဲ့ အက်ဒွါဒိုဆာဗီရင်တို့ ပူးတွဲတည် ထောင်ခဲ့တဲ့ Facebook ဟာ လာမယ့်အပတ်ထဲမှာ ကုမ္ပဏီနာမည်ပြောင်းလဲသွားဖွယ်ရှိတယ်လို့ သိရပါတယ်။၂၀၀၄ ခုနှစ်မှာ အမေရိကန်တက္ကသိုလ်ကျောင်း သားလေးတွေက တီထွင်ခဲ့ပြီး ကမ္ဘာကျော်လူမှုကွန်ရက်တစ်ခုအဖြစ် ရပ်တည်ခဲ့ကာ အချမ်းသာဆုံးကုမ္ပဏီစာရင်းဝင်တဲ့အထိ ကြီးထွားလာခဲ့တဲ့ ဖြစ်ပါတယ်။

မူလက harvard.edu ဆိုတဲ့ အီးမေးလ်လိပ်စာရှိသူတွေအတွက်သာ ရည်ရွယ်ပြုလုပ်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာတော့ မာ့ဇူကာဘာ့ဂျ်က ဒီနေ့ခေတ် အားလုံးသိထားကြတဲ့ Facebook ကို မွေးဖွားပေးခဲ့ပါတယ်။The Verge ရဲ့ ဖော်ပြချက်အရဆိုရင် Facebook က ဒစ်ဂျစ်တယ် VR တစ်ခုကို ပြုလုပ်ဖို့စီစဉ်ထားပြီး ဥရောပမှာ အလုပ်အကိုင်ပေါင်းသောင်းနဲ့ချီကာ ခေါ်ယူဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၈ နေ့မှာ နှစ်စဉ်ကျင်းပနေကျ Connect ကွန်ဖရင့်ကို ကျင်းပသွားဖို့ရှိနေပြီး ကုမ္ပဏီအမှုဆောင်အရာရှိချုပ်မာ့ခ်ဇူကာဘာ့ဂျ်က နာမည်သစ်ကို ကြေညာဖွယ်ရှိနေပါတယ်။နာမည်အသစ်ကိုတော့ တိတိကျကျမသိရသေးဘဲ The Verger အဆိုအရ Horizon ဆိုတဲ့ နာမည်ဖြစ်နိုင်ချေများတယ်လို့ သိရပြီး ဒါဟာ VR Headset တွေအတွက် Horizon Workrooms app bet ဗားရှင်းကို ထုတ်လုပ်ထားပြီး အဆိုပါနာမည်နဲ့ပဲ metaverse tools တွေကို ဖန်တီးထားလို့ အခုလိုယူဆနေတာဖြစ်ပါတယ်။

Metaverse ဆိုတာကတော့ VR မျက်မှန်လို အထူးဖန်တီးထားတဲ့ AR/VR headware တွေနဲ့ 3D ပုံရိပ်ယောင်ရပ်ဝန်းတစ်ခုကို ဆိုလိုတာဖြစ်ပါတယ်။ နာမည်သစ်ကို လျှို့ဝှက်ထားတယ်လို့သိရပြီး Facebook က ထုတ်လွှင့်နေတဲ့ VR အွန်လိုင်းဂိမ်း Horizon နဲ့ ဆက် စပ်နိုင်တယ်လို့ ထင်ကြေးပေးနေကြတာလည်းဖြစ်ပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။