■■နဂါးတိုင်းပြည်ကို အမြှီးသွားဆွဲလိုက်တဲ့ အမေရိကန်၊ ဗြိတိန်နှင့်ဂျပန် (ပူးပေါင်း) လေယာဉ်တင်သင်္ဘော ၄ စင်း

■■နဂါးတိုင်းပြည်ကို အမြှီးသွားဆွဲလိုက်တဲ့ အမေရိကန်၊ ဗြိတိန်နှင့်ဂျပန် (ပူးပေါင်း) လေယာဉ်တင်သင်္ဘော ၄ စင်း

အမေရိကန်၊ ဗြိတိန်နှင့်ဂျပန် (ပူးပေါင်း) လေယာဉ်တင်သင်္ဘော ၄ စင်းက ထိုင်ဝမ်​မြောက်ပိုင်းတွင် ကင်းလှည့်မှုများပြုလုပ်ခဲ့ကြဟု ဆို –
အမေရိကန်၊ ဗြိတိန် လေယာဉ်တင်သင်္ဘော သုံးစင်းနှင့် ဂျပန် ရဟတ်ယာဉ်တင်သင်္ဘော တစ်စင်းတို့ဟာ တရုတ်၏စစ်ရေးလှုပ်ရှားမှုများ အရှိန်မြင့်လာနေသော ယခုသီတင်းပတ်အကုန်၌ ထိုင်ဝှမ်မြောင်ပိုင်း (အိုကီနာဝါကမ်းလွန်) တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ (အောက်တိုဘာ ၁ ရက်) က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လေတပ် (PLAAF) ၏ စစ်လေယာဉ် ၃၈ စင်းဟာ ထိုင်ဝမ်၏ ADIZ ကိုချိုးဖောက်ခဲ့ပြီး၊ နောက်တစ်နေ့တွင် ၎င်းထပ်ပိုများတဲ့ လေယာဉ် ၃၉ စင်းအုပ်ထပ်မံဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး တနင်္ဂနွေနေ့ (အောက်တိုဘာ ၃ ရက်) ကလေယာဉ် ၁၆ စင်းအုပ် ထပ်မံဝင်ရောက်ခဲ့ကာ သုံးရက်အတွင်းစုစုပေါင်းစစ်လေယာဉ် ၉၃ စင်းအထိ ရှိခဲ့တာဖြစ်ပါတယ်။ တရုတ်၏ အဆိုပါလုပ်ဆောင်ချက်အား တုံ့ပြန်မှုအနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ၎င်း ထုတ်ပြန်ချက်တွင် -ထိုင်ဝမ်အနီးတရုတ်၏ ရန်လိုသောစစ်ရေးလုပ်ရပ်များအတွက် အမေရိကန်ကအလွန်စိုးရိမ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး၊ ဤလုပ်ဆောင်ချက်များဟာ အန္တရာယ်များခြင်းနှင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုကိုလည်း ပျက်ပြားစေတယ် လို့သတိပေးပြောကြားခဲ့ပါတယ်။

တနင်္လာနေ့ (အောက်တိုဘာ ၄ ရက်) တွင် ဂျပန်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (JMSDF) ရဲ့ JS Lse (DDH-182)ရဟက်ယာဉ်တင်သင်္ဘောနှင့် (အင်ဒိုု-ပစိဖိတ်ဒေသ) အ​မေရိကန်ရေတပ်USS Ronald Reagan (CVN-76), USS Carl Vinson (CVN-70)၊ဗြိတိန်တော်ဝင်ရေတပ် HMS Queen Elizabeth (R08) လေယာဉ်တင်သင်္ဘောများဖြင့် အိုကီနာဝါ အနောက်တောင်ဘက်ကမ်းရိုးတန်းတွင် လေ့ကျင့်ခန်းများပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ လေ့ကျင့်ခန်းတွင် စစ်သင်္ဘော ၁၇ စင်း ပါဝင်ပြီး နယ်သာလန် တော်ဝင်ရေတပ်၊ ကနေဒါ ​တော်ဝင်ရေတပ်နှင့်နယူးဇီလန် ​တော်ဝင်ရေတပ်တို့မှ စစ်သင်္ဘောများလည် ပါဝင်တယ်လို့ သိရပါတယ်။ JMSDF ၏အဆိုအရလေ့ကျင့်ခန်း၏ ရည်ရွယ်ချက်မှာ -Maritime Self-Defense Force ၏ နည်းဗျူဟာစွမ်းရည်ကိုမြှင့်တင်ရန်နှင့် ပါဝင်သောရေတပ်များနှင့် ပူးပေါင်းမှုအားကောင်းစေရန်ဖြစ်တယ်လို့ ဆိုပါတယ်။

သို့သော်လည်း ဂျပန်အမျိုးသားရေးဝါဒီ Sankei Shimbun ကစစ်ရေးလေ့ကျင့်မှု၏ရည်ရွယ်ချက်မှာ တရုတ်၏ စစ်ဆင်ရေးများချဲ့ထွင်ရန်ကြိုးပမ်းနေစဉ် ၎င်းအား ပြတ်သားသည့် အချက်ပေးခြင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

@hwo (Defence Hub)
crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi




တနင်္လာနေ့ (အောက်တိုဘာ ၄ ရက်) တွင် ဂျပန်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (JMSDF) ရဲ့ JS Lse (DDH-182)ရဟက်ယာဉ်တင်သင်္ဘောနှင့် (အင်ဒို-ပစိဖိတ်ဒေသ) အ​မေရိကန်ရေတပ်USS Ronald Reagan (CVN-76), USS Carl Vinson (CVN-70)၊ဗြိတိန်တော်ဝင်ရေတပ် HMS Queen Elizabeth (R08) လေယာဉ်တင်သင်္ဘောများဖြင့် အိုကီနာဝါ အနောက်တောင်ဘက်ကမ်းရိုးတန်းတွင် လေ့ကျင့်ခန်းများပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။



@hwo (Defence Hub)
crd