■■■နဂါးကိုယ်တော်ကတော့ ထိုင်ဝမ်အရေးကို လေသံပြောင်းပီး အသံတိုးသွား

■■■နဂါးကိုယ်တော်ကတော့ ထိုင်ဝမ်အရေးကို လေသံပြောင်းပီး အသံတိုးသွား

တိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းရေးကို မဖြစ်မနေလုပ်မယ်-ဒါပေမယ့် အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ကျိုးစားသွားမယ်လို့ တရုတ်သမ္မတ Xi ကပြောပါတယ်၊

ဒီကနေ့ ဘီဂျင်းမြို့တော်ခန်းမမှာ ကျင်းပတဲ့ နှစ် (၁၁၀) မြောက်တော်လှန်ရေးနေ့အခမ်းအနားမှာ သမ္မတ Xi က မိန့်ခွန်းပြောရာမှာ ထဲ့သွင်းပြောလိုက်တာဖြစ်ပါတယ်။

တရုတ်အစိုးရအနေနဲ့ တိုင်ဝမ်ကို ဟောင်ကောင်ပုံစံမျိုး ” တနိုင်ငံ နိုင်ငံရေးစနစ် ၂ မျိုး” နဲ့ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ကျိုူစားမှာဖြစ်ပေမယ့် အင်အားသုံးဖြေရှင်းတဲ့နည်းကို ရှောင်ရှားမယ်လို့ Xi ကဆိုပါတယ်။

တရုတ်လူမျိုးတွေရဲ့အစဉ်အလာ ယဉ်ကျေးမှုတွေကို မေ့လျော့ပြီး ခွဲထွက်ဖို့ကျိုးစားတာဟာ မကောင်းသလို သမိုင်းရဲ့အဆုံးအဖြတ်ကို ခံရလိမ့်မယ်လည်း သမ္မတ Xi က တိုင်ဝမ်အစိုးရကိုရည်ညွှန်းပြောဆိုပါတယ်။

တိုင်ဝမ်နဲ့ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးမှာ ပြည်ပက ဝင်ရောက်စွက်ဖက်မှုကိုတော့ လက်ခံမှာမဟုတ်ဘူးလို့ Xi ကဆိုပါတယ်။

အခုနှစ် ဇူလိုင် ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကွန်မြူနစ်ပါတီ နှစ် ၁၀၀ ပြည့်တုန်းကတော့ တိုင်ဝမ်လွတ်လပ်ရေးနဲ့ခွဲထွက်ရေး ကျိုးစားသူမှန်သမျှကို ချေမှူန်းအနိုင်ယူမယ်လို့ သမ္မတ Xi က ကြိမ်းဝါးခဲ့တာပါ။

အဲဒီကတည်းက တရုတ် တိုင်ဝမ်အရေး တင်းမာလာခဲ့သလို တောင်တရုတ်ပင်လယ်မှာ စစ်အင်အားပြိုင်ဆိုင်မှုတွေ ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။
Burma News Network
crd

zawgyi

■■■နဂါးကိုယ္ေတာ္ကေတာ့ ထိုင္ဝမ္အေရးကို ေလသံေျပာင္းပီး အသံတိုးသြား

တိုင္ဝမ္နဲ႔ျပန္လည္ေပါင္းစည္းေရးကို မျဖစ္မေနလုပ္မယ္-ဒါေပမယ့္ အၾကမ္းမဖက္ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔က်ိဳးစားသြားမယ္လို႔ တ႐ုတ္သမၼတ Xi ကေျပာပါတယ္၊

ဒီကေန႔ ဘီဂ်င္းၿမိဳ႕ေတာ္ခန္းမမွာ က်င္းပတဲ့ ႏွစ္ (၁၁၀) ေျမာက္ေတာ္လွန္ေရးေန႔အခမ္းအနားမွာ သမၼတ Xi က မိန္႔ခြန္းေျပာရာမွာ ထဲ့သြင္းေျပာလိုက္တာျဖစ္ပါတယ္။

တ႐ုတ္အစိုးရအေနနဲ႔ တိုင္ဝမ္ကို ေဟာင္ေကာင္ပုံစံမ်ိဳး ” တနိုင္ငံ နိုင္ငံေရးစနစ္ ၂ မ်ိဳး” နဲ႔ ျပန္လည္ေပါင္းစည္းနိုင္ဖို႔ က်ိဳူစားမွာျဖစ္ေပမယ့္ အင္အားသုံးေျဖရွင္းတဲ့နည္းကို ေရွာင္ရွားမယ္လို႔ Xi ကဆိုပါတယ္။

တ႐ုတ္လူမ်ိဳးေတြရဲ့အစဥ္အလာ ယဥ္ေက်းမႈေတြကို ေမ့ေလ်ာ့ၿပီး ခြဲထြက္ဖို႔က်ိဳးစားတာဟာ မေကာင္းသလို သမိုင္းရဲ့အဆုံးအျဖတ္ကို ခံရလိမ့္မယ္လည္း သမၼတ Xi က တိုင္ဝမ္အစိုးရကိုရည္ညႊန္းေျပာဆိုပါတယ္။

တိုင္ဝမ္နဲ႔ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းေရးမွာ ျပည္ပက ဝင္ေရာက္စြက္ဖက္မႈကိုေတာ့ လက္ခံမွာမဟုတ္ဘူးလို႔ Xi ကဆိုပါတယ္။

အခုႏွစ္ ဇူလိုင္ ၁ ရက္ေန႔က က်င္းပခဲ့တဲ့ ကြန္ျမဴနစ္ပါတီ ႏွစ္ ၁၀၀ ျပည့္တုန္းကေတာ့ တိုင္ဝမ္လြတ္လပ္ေရးနဲ႔ခြဲထြက္ေရး က်ိဳးစားသူမွန္သမၽွကို ေခ်မႉန္းအနိုင္ယူမယ္လို႔ သမၼတ Xi က ႀကိမ္းဝါးခဲ့တာပါ။

အဲဒီကတည္းက တ႐ုတ္ တိုင္ဝမ္အေရး တင္းမာလာခဲ့သလို ေတာင္တ႐ုတ္ပင္လယ္မွာ စစ္အင္အားၿပိဳင္ဆိုင္မႈေတြ ျပင္းထန္လာခဲ့တာျဖစ္ပါတယ္။
Burma News Network
crd