■■■ဒရုန်းတိုက်ခိုက်မှုမှာ အသက်သေဆုံးခဲ့ရတဲ့ အရပ်သားတွေအတွက် အမေရိကန် လျော်ကြေးပေးမယ်

■■■ဒရုန်းတိုက်ခိုက်မှုမှာ အသက်သေဆုံးခဲ့ရတဲ့ အရပ်သားတွေအတွက် အမေရိကန် လျော်ကြေးပေးမယ်

အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ဟာ သူတို့ရဲ့ဒရုန်းစစ်ဆင်ရေးမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ အရပ်သားတွေရဲ့ကျန်ရစ်သူ မိသားစုဝင်တွေကို နစ်နာလျော်ကြေးပေးဖို့ ကမ်းလှမ်းလိုက်ကြောင်း သိရပါတယ်။

ကဘူးလ်လေဆိပ်ကို အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် အဲ့ဒီဖြစ်စဉ်ရဲ့နောက်ကွယ်က တရားခံကို အမေရိကန်စစ်တပ်က ဖော်ထုတ်ခဲ့ပြီး တန်ပြန်ဒရုန်းစစ်ဆင်ရေးနဲ့ ပြန်လည်ရှင်းလင်းလိုက်ချိန်မှာ အပြစ်မဲ့အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ဗုံးခွဲမှုနောက်ကွယ်က အိုင်အက်စ်အကြမ်းဖက်ခေါင်းဆောင်တစ်ယောက်ကို သူ ကားမောင်းနှင်လာချိန်မှာ ဒရုန်းနဲ့ပစ်ခတ်ရှင်းလင်းလိုက်တာဖြစ်ပြီး အဲ့ဒီလို ဒရုန်းပစ်ခတ်မှုမှာ အရပ်သား ၁၀ ယောက် အသက်ဆုံးရှုံးသွားခဲ့ရတာကို သူတို့အနေနဲ့ နောက်ပိုင်းမှသာ သိရှိခဲ့ရတာဖြစ်တယ်လို့ ပင်တဂွန်က ဆိုပါတယ်။

ပထမအဆင့်အဖြစ် နစ်နာကြေးပေးအပ်မှာဖြစ်ပြီး နောက်တစ်ဆင့်အနေနဲ့ အမေရိကန်ပြည်ထောင်စုကို ခေါ်ဆောင်ကာ ခိုလှုံခွင့်နဲ့ အလုပ်လုပ်ခွင့်ရအောင် စီမံပေးသွားမယ်ဆိုပြီး ကျန်ရစ်သူမိသားစုဝင်တွေဆီ ကမ်းလှမ်းထားတယ်လို့ ပင်တဂွန်က သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ကိုးကား – Al Jazeera

zawgyi

■■■ဒ႐ုန္းတိုက္ခိုက္မႈမွာ အသက္ေသဆုံးခဲ့ရတဲ့ အရပ္သားေတြအတြက္ အေမရိကန္ ေလ်ာ္ေၾကးေပးမယ္

အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္ဟာ သူတို႔ရဲ့ဒ႐ုန္းစစ္ဆင္ေရးမွာ အသက္ဆုံးရႈံးခဲ့ရတဲ့ အရပ္သားေတြရဲ့က်န္ရစ္သူ မိသားစုဝင္ေတြကို နစ္နာေလ်ာ္ေၾကးေပးဖို႔ ကမ္းလွမ္းလိုက္ေၾကာင္း သိရပါတယ္။

ကဘူးလ္ေလဆိပ္ကို အေသခံဗုံးခြဲတိုက္ခိုက္ခဲ့ၿပီးတဲ့ေနာက္ အဲ့ဒီျဖစ္စဥ္ရဲ့ေနာက္ကြယ္က တရားခံကို အေမရိကန္စစ္တပ္က ေဖာ္ထုတ္ခဲ့ၿပီး တန္ျပန္ဒ႐ုန္းစစ္ဆင္ေရးနဲ႔ ျပန္လည္ရွင္းလင္းလိုက္ခ်ိန္မွာ အျပစ္မဲ့အရပ္သားေတြ ထိခိုက္ေသဆုံးခဲ့ရတာျဖစ္ပါတယ္။

ဗုံးခြဲမႈေနာက္ကြယ္က အိုင္အက္စ္အၾကမ္းဖက္ေခါင္းေဆာင္တစ္ေယာက္ကို သူ ကားေမာင္းႏွင္လာခ်ိန္မွာ ဒ႐ုန္းနဲ႔ပစ္ခတ္ရွင္းလင္းလိုက္တာျဖစ္ၿပီး အဲ့ဒီလို ဒ႐ုန္းပစ္ခတ္မႈမွာ အရပ္သား ၁၀ ေယာက္ အသက္ဆုံးရႈံးသြားခဲ့ရတာကို သူတို႔အေနနဲ႔ ေနာက္ပိုင္းမွသာ သိရွိခဲ့ရတာျဖစ္တယ္လို႔ ပင္တဂြန္က ဆိုပါတယ္။

ပထမအဆင့္အျဖစ္ နစ္နာေၾကးေပးအပ္မွာျဖစ္ၿပီး ေနာက္တစ္ဆင့္အေနနဲ႔ အေမရိကန္ျပည္ေထာင္စုကို ေခၚေဆာင္ကာ ခိုလႈံခြင့္နဲ႔ အလုပ္လုပ္ခြင့္ရေအာင္ စီမံေပးသြားမယ္ဆိုၿပီး က်န္ရစ္သူမိသားစုဝင္ေတြဆီ ကမ္းလွမ္းထားတယ္လို႔ ပင္တဂြန္က သတင္းထုတ္ျပန္ထားပါတယ္။
သတင္း – စံေတာ္ခ်ိန္ဒစ္ဂ်စ္တယ္
ကိုးကား – Al Jazeera