■■■ထိုင်ဝမ်ကို တရုတ်ထိပါးရင် စစ်ရေးအရ မီးပွင့်သွားမယ်လို့ ဂျိုးဘိုင်ဒင် ကတိပေး

■■■ထိုင်ဝမ်ကို တရုတ်ထိပါးရင် စစ်ရေးအရ မီးပွင့်သွားမယ်လို့ ဂျိုးဘိုင်ဒင် ကတိပေး

တရုတ်အနေနဲ့ ထိုင်ဝမ်ကို တိုက်ခိုက်ခဲ့မယ်ဆိုရင် အမေရိကန်က ကာကွယ်ပေးသွားမှာဖြစ်တယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က မနေ့က ပြောဆိုလိုက်ပါတယ်။ သူတို့ရဲ့ပိုင်နက်ကိုလို့ ယူဆထားတဲ့ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်ဖို့ တရုတ်က အသည်းအသန်ကြိုးပမ်းနေမှုမှာ အမေရိကန်က ထိုင်ဝမ်ဘက်ကနေ အစဉ်တစိုက်ထောက်ခံပေးနေတာလည်းဖြစ်ပါတယ်။

Baltimore မှာရှိတဲ့ မဲဆန္ဒရှင်တွေနဲ့ CNN က တဆင့် အပြန်အလှန်ပြောဆို်ခဲ့မှုတစ်ခုမှာ ဘိုုင်ဒင်က “ဟုတ်ပါတယ်၊ ကျွန်တော်တို့မှာ ကတိကဝတ်ရှိပါတယ်” လို့ ပြောဆိုခဲ့တာပါ။ ဒီနှစ်နွေရာသီက ABC ရုပ်သံလိုင်းနဲ့ အင်တာဗျူးခဲ့စဉ်ကလည်း ဘိုင်ဒင်က ကနေဒါ၊ နေတိုးမဟာမိတ်အဖွဲ့တွေနဲ့အတူ ဂျပန်၊ ကိုရီးယား နဲ့ ထိုင်ဝမ်တို့ကို ကာကွယ်ပေးမယ်လို့ ကတိစကားဆိုခဲ့ဖူးပါတယ်။

ကြာသပတေးနေ့ညက ဘိုင်ဒင်ရဲ့ ပြောဆိုမှုအပြီးမှာ အိမ်ဖြူတော်ကလည်း ထိုင်ဝမ်အပေါ် အမေရိကန်ရဲ့ မူဝါဒတွေက ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်အနေနဲ့ တရုတ်ရဲ့စစ်ရေးအစီအစဉ်တွေ ဖွ့ံဖြိုးတိုးတက်နေမှုကို တုံ့ပြန်နိုင်မလားဆိုတဲ့မေးခွန်းကိုလည်း ဘိုင်ဒန်က အတည်ပြုနိုင်တယ်လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘေဂျင်းနဲ့ စစ်အေးတိုက်ပွဲသစ်မှာတော့ မပါဝင်လိုတဲ့ သူ့ရဲ့ဆန္ဒကိုတော့ ဘိုင်ဒင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ကြာသပတေးနေ့ကပဲ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလဆိုင်ရာတရုတ်သံအမတ် Zhang Jun က “တရုတ်အနေနဲ့ ထိုင်ဝမ်ကို ထိုးစစ်ဆင်ခြင်းမရှိဘူး” လို့ ပြောဆိုခဲ့ပါတယ်။

တရုတ်အနေနဲ့ ကာကွယ်ရေးအနေအထားမှာသာရှိနေတာဖြစ်ပြီး သူတို့ရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ထိန်းသိမ်းဖို့အတွက်သာ ကြိုးစားနေတာသာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။တရုတ် နဲ့ ထိုင်ဝမ်တို့ကတော့ မကြာသေးမီကာလတွေအတွင်း တင်းမာမှုတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ကြပါတယ်။

ထိုင်ဝမ်လေကြောင်းဇုန်အတွင်း တရုတ်တိုက်လေယာဉ်တွေအများအပြား ဝင်ရောက်မှုက မကြာခဏဖြစ်ပွားခဲ့ပြီး ထိုင်ဝမ်ဘက်က ရှုတ်ချခဲ့ကာ အမေရိကန်ကလည်း ထိုင်ဝမ်ကို ကျောထောက်နောက်ခံပြုပေးခဲ့ပြီး တရုတ်ရဲ့လုပ်ရပ်တွေကို ကန့်ကွက်ခဲ့ပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။