■■■တရုတ်ရဲ့ ဖိအားပေးမှုအောက် ဘယ်တော့မှဦးမညွှတ်ဘူးလို့ ထိုင်ဝမ်သမ္မတပြောကြား

■■■တရုတ်ရဲ့ ဖိအားပေးမှုအောက် ဘယ်တော့မှဦးမညွှတ်ဘူးလို့ ထိုင်ဝမ်သမ္မတပြောကြား

တရုတ်ရဲ့ ဖိအားပေးမှုတွေအောက်မှာ ထိုင်ဝမ်က ဘယ် တော့မှ ဦးညွှတ်မှာမဟုတ်ဘဲ ဒီမိုကရေစီကို ထိန်းသိမ်းကာကွယ်သွားမှာဖြစ်တယ်လို့ ထိုင်ဝမ်သမ္မတ Tsai Ing-wen က ပြောဆိုလိုက်ပါတယ်။အငြင်းပွားမှုတွေမြင့်တက်နေချိန်မှာ အခုလိုပြောဆိုခဲ့တာဖြစ်ပြီး တရုတ် -ထိုင်ဝမ်ပြန်လည်ပေါင်းစည်းရေးကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်မယ်လို့ ရှီကျင့်ဖျင်က ပြောဆိုအပြီး အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

ထိုင်ဝမ်အမျိုးသားနေ့မှာ ပြောဆိုခဲ့တာဖြစ်ပြီး သူမရဲ့မိန့်ခွန်းကို တရုတ်ဘက်က ရှုတ်ချခဲ့ကာ ဒါဟာထိပ် တိုက်ရင်ဆိုင်မှုကို လှုံ့ဆော်တာလို့ တု့ံပြန်သွားခဲ့ပါတယ်။ ထိုင်ဝမ်က သူတို့ဟာ အချုပ်အခြာအာဏာပိုင်တိုင်းပြည်ဖြစ်ပြီး တရုတ်ကတော့ ခွဲထွက်ပြည်နယ်တစ်ခုအဖြစ် ရှုမြင်ထားကာ နှစ်ဦးနှစ်ဖက်ကြား အငြင်းပွားမှုတွေရှိနေကာ ကာလရှည်အငြင်းပွားနေခဲ့ကြတာလည်းဖြစ်ပါတယ်။

မကြာသေးခင်ရက်တွေအတွင်းကလည်း တရုတ်ဟာ ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်အတွင်းကို တိုက် လေယာဉ်တွေ စံချိန်တင်အရေအတွက်နဲ့ စေလွှတ်ခဲ့ပြီး ထိုင်ဝမ်ဘက်က အရေးပေါ်သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်မှာ မဲအပြတ်အသတ်နဲ့ ပြန် လည်ရွေးကောက်ခံခဲ့ရသူ Tsai က ထိုင်ဝမ်ဟာ ဒီမိုကရေစီရဲ့ ကာကွယ်ရေးပထမဆုံးလမ်းကြောင်းပေါ်မှာ ရပ်တည်နေတယ်လို့ တနင်္ဂနွေနေ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“တရုတ်က ချမှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ထိုင်ဝမ်ကို ဘယ်သူမှအတင်းတွန်းပို့မှာမဟုတ်ပါဘူး” လို့ သူမက ပြောဆိုခဲ့ပါတယ်။ ထိုင်ဝမ်လူဦးရေ ၂၃ သန်းအတွက်လည်း လွတ်လပ်ပြီး ဒီမိုကရေစီနည်းလမ်းကျတဲ့ အချုပ်အခြာအာဏာကို ပေးမယ်လို့ သူမက ပြော ဆိုခဲ့ကာ “ကျွန်မတို့ ပိုပြီးအောင်မြင်လာလေ တရုတ်ကြောင့် ရင်ဆိုင်ရမယ့် ဖိအားတွေက ပိုများလာလေပဲ” လို့လည်း ပြောကြားခဲ့ပါတယ်။

တရုတ်ရဲ့လေကြောင်းကျူးကျော်မှုတွေဟာလည်း အမျိုးသားလုံခြုံရေးနဲ့ လေကြောင်းလုံခြုံရေးအပေါ် အကျိုးသက်ရောက်မှုတွေရှိခဲ့တယ်လို့ သူမက ပြောကြားခဲ့ပါတယ်။ သူမရဲ့မိန့်ခွန်းကို စောင့်ဆိုင်းကြည့်ရှုခဲ့သူတစ်ဦးက ထိုင်ဝမ်ပြည်သူတွေဟာ တရုတ်ရဲ့ပြန် လည်ပေါင်းစည်းရေးအပေါ်မှာ လက်ခံနိုင်မှာမဟုတ်ဘူးလို့ AFP သတင်းအေဂျင်စီကို ပြောကြားခဲ့ပါတယ်။

နောက်ထပ်တစ်ဦးကလည်း “လက်ရှိမှာ တရုတ်က အာဏာရှင်ဆန်နေပါတယ်၊ ရှီကျင့်ဖျင်လက်ထက်မှာ အရင်ကထက်ပိုပြီးဆိုးရွားလာတယ်၊ ပြန်လည်ပေါင်း စည်းရေးက အခုချိန်မှာ မသင့်တော်သေးပါဘူး” လို့ ပြောဆိုခဲ့ကြောင်း BBC က ဖော်ပြခဲ့ပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

■■■တ႐ုတ္ရဲ့ ဖိအားေပးမႈေအာက္ ဘယ္ေတာ့မွဦးမညႊတ္ဘူးလို႔ ထိုင္ဝမ္သမၼတေျပာၾကား

တ႐ုတ္ရဲ့ ဖိအားေပးမႈေတြေအာက္မွာ ထိုင္ဝမ္က ဘယ္ ေတာ့မွ ဦးညႊတ္မွာမဟုတ္ဘဲ ဒီမိုကေရစီကို ထိန္းသိမ္းကာကြယ္သြားမွာျဖစ္တယ္လို႔ ထိုင္ဝမ္သမၼတ Tsai Ing-wen က ေျပာဆိုလိုက္ပါတယ္။အျငင္းပြားမႈေတြျမင့္တက္ေနခ်ိန္မွာ အခုလိုေျပာဆိုခဲ့တာျဖစ္ၿပီး တ႐ုတ္ -ထိုင္ဝမ္ျပန္လည္ေပါင္းစည္းေရးကို မျဖစ္ျဖစ္ေအာင္ အေကာင္အထည္ေဖာ္မယ္လို႔ ရွီက်င့္ဖ်င္က ေျပာဆိုအၿပီး အခုလိုေျပာဆိုခဲ့တာျဖစ္ပါတယ္။

ထိုင္ဝမ္အမ်ိဳးသားေန႔မွာ ေျပာဆိုခဲ့တာျဖစ္ၿပီး သူမရဲ့မိန႔္ခြန္းကို တ႐ုတ္ဘက္က ရႈတ္ခ်ခဲ့ကာ ဒါဟာထိပ္ တိုက္ရင္ဆိုင္မႈကို လႈံ႔ေဆာ္တာလို႔ တု႔ံျပန္သြားခဲ့ပါတယ္။ ထိုင္ဝမ္က သူတို႔ဟာ အခ်ဳပ္အျခာအာဏာပိုင္တိုင္းျပည္ျဖစ္ၿပီး တ႐ုတ္ကေတာ့ ခြဲထြက္ျပည္နယ္တစ္ခုအျဖစ္ ရႈျမင္ထားကာ ႏွစ္ဦးႏွစ္ဖက္ၾကား အျငင္းပြားမႈေတြရွိေနကာ ကာလရွည္အျငင္းပြားေနခဲ့ၾကတာလည္းျဖစ္ပါတယ္။

မၾကာေသးခင္ရက္ေတြအတြင္းကလည္း တ႐ုတ္ဟာ ထိုင္ဝမ္ေလေၾကာင္းကာကြယ္ေရးဇုန္အတြင္းကို တိုက္ ေလယာဥ္ေတြ စံခ်ိန္တင္အေရအတြက္နဲ႔ ေစလႊတ္ခဲ့ၿပီး ထိုင္ဝမ္ဘက္က အေရးေပၚသတိေပးခ်က္ေတြ ထုတ္ျပန္ခဲ့ပါတယ္။ၿပီးခဲ့တဲ့ႏွစ္မွာ မဲအျပတ္အသတ္နဲ႔ ျပန္ လည္ေရြးေကာက္ခံခဲ့ရသူ Tsai က ထိုင္ဝမ္ဟာ ဒီမိုကေရစီရဲ့ ကာကြယ္ေရးပထမဆုံးလမ္းေၾကာင္းေပၚမွာ ရပ္တည္ေနတယ္လို႔ တနဂၤေႏြေန႔မိန႔္ခြန္းမွာ ထည့္သြင္းေျပာဆိုခဲ့ပါတယ္။

“တ႐ုတ္က ခ်မွတ္ထားတဲ့ လမ္းေၾကာင္းအတိုင္း ထိုင္ဝမ္ကို ဘယ္သူမွအတင္းတြန္းပို႔မွာမဟုတ္ပါဘူး” လို႔ သူမက ေျပာဆိုခဲ့ပါတယ္။ ထိုင္ဝမ္လူဦးေရ ၂၃ သန္းအတြက္လည္း လြတ္လပ္ၿပီး ဒီမိုကေရစီနည္းလမ္းက်တဲ့ အခ်ဳပ္အျခာအာဏာကို ေပးမယ္လို႔ သူမက ေျပာ ဆိုခဲ့ကာ “ကၽြန္မတို႔ ပိုၿပီးေအာင္ျမင္လာေလ တ႐ုတ္ေၾကာင့္ ရင္ဆိုင္ရမယ့္ ဖိအားေတြက ပိုမ်ားလာေလပဲ” လို႔လည္း ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ရဲ့ေလေၾကာင္းက်ဴးေက်ာ္မႈေတြဟာလည္း အမ်ိဳးသားလုံျခဳံေရးနဲ႔ ေလေၾကာင္းလုံျခဳံေရးအေပၚ အက်ိဳးသက္ေရာက္မႈေတြရွိခဲ့တယ္လို႔ သူမက ေျပာၾကားခဲ့ပါတယ္။ သူမရဲ့မိန႔္ခြန္းကို ေစာင့္ဆိုင္းၾကည့္ရႈခဲ့သူတစ္ဦးက ထိုင္ဝမ္ျပည္သူေတြဟာ တ႐ုတ္ရဲ့ျပန္ လည္ေပါင္းစည္းေရးအေပၚမွာ လက္ခံနိုင္မွာမဟုတ္ဘူးလို႔ AFP သတင္းေအဂ်င္စီကို ေျပာၾကားခဲ့ပါတယ္။

ေနာက္ထပ္တစ္ဦးကလည္း “လက္ရွိမွာ တ႐ုတ္က အာဏာရွင္ဆန္ေနပါတယ္၊ ရွီက်င့္ဖ်င္လက္ထက္မွာ အရင္ကထက္ပိုၿပီးဆိုးရြားလာတယ္၊ ျပန္လည္ေပါင္း စည္းေရးက အခုခ်ိန္မွာ မသင့္ေတာ္ေသးပါဘူး” လို႔ ေျပာဆိုခဲ့ေၾကာင္း BBC က ေဖာ္ျပခဲ့ပါတယ္။

TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။