■■■တရုတ်ပြည်နယ် ၁၀ ခုမှာ ကိုဗစ်ကူးစက်မှုအသစ်တွေ ပြန်လည်ဖြစ်ပွားနေလို့ အာဏာပိုင်တွေ စိတ်ညစ်နေ

■■■တရုတ်ပြည်နယ် ၁၀ ခုမှာ ကိုဗစ်ကူးစက်မှုအသစ်တွေ ပြန်လည်ဖြစ်ပွားနေလို့ အာဏာပိုင်တွေ စိတ်ညစ်နေ

Fujian ပြည်နယ်မှာ ကိုဗစ်ကူးစက်မှုတွေကို ထိန်းချုပ်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ နိုင်ငံတဝှမ်းက ပြည်နယ် ၁၀ ခုမှာ နောက်ထပ်ကူးစက်မှုအသစ်တွေ ထပ်မံပေါ်ပေါက်လာခဲ့လို့ တရုတ်အာဏာပိုင်တွေ အကျပ်ရိုက်နေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က Shaanxi ပြည်နယ် အနောက်မြောက်ပိုင်းက သမိုင်းဝင် Xi’an မြို့မှာ ခရီးသွားဧည့်သည်စုံတွဲဆီ ကိုဗစ်ကူးစက်ခံရတာကို တွေ့ရှိခဲ့ချိန်ကစကာ ဘေဂျင်းအပါအဝင် အြာခးပြည်နယ်နဲ့ စည်ပင်သာယာနယ်နိမိတ် ၆ ခုမှာ ဒေသအလိုက်ကူးစက်မှုအသစ်တွေ တွေ့ရှိခဲ့ပါတယ်။

အနည်းဆုံး ပြည်တွင်းကူးစက်မှုပေါင်း ၂၈ ခု တွေ့ရှိခဲ့ပြီး မွန်ဂိုလီးယားအတွင်းပိုင်းမှာ ကူးစက်မှုအသစ် ၁၀ ခုတွေ့ရှိခဲ့ကာ ကွမ်ကျိုး၊ ဂန်ဆု၊ ယူနန် နဲ့ Ningxia Hui ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ ပိုမိုဖြစ်ပွားနေတယ်လို့ သိရပါတယ်။ အခုထပ်မံဖြစ်ပေါ်လာတဲ့ လှိုင်းဟာ အမျိုးသားနေ့အားလပ်ရက်တစ်ပတ်တာအပြီးမှာ ဖြစ်ပေါ်လာတာဖြစ်ပြီး ခရီးသွားပေါင်းသန်းနဲ့ချီကာ နိုင်ငံတဝှမ်း ခရီးသွားခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အစီရင်ခံစာတွေကတော့ အခုတွေ့ရှိရမှုဟာ အားလပ်ရက်ခရီးသွားခြင်းနဲ့မသက်ဆိုင်ဘူးလို့ ဆိုခဲ့ပါတယ်။ အထင်ကရ ခရီးသွားမြို့တော် Xi’an မှာ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့ မြို့အနှံ့အပြားမှာ စမ်းသပ်မှုတွေပြုလုပ်ကာ တားမြစ်ချက်တွေလည်း ချမှတ်ထားခဲ့ပါတယ်။ ကူးစက်မှုအသစ်ကြောင့် နေရာတချို့မှာ အစုလိုက်အပြုံလိုက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပြီး ကျောင်းတွေနဲ့ အများပြည်သူသွားလာရေးလုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းခဲ့ရပါတယ်။

ကူးစက်ခံရတဲ့ လူနာတွေဟာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးလား၊ မထိုးနှံရသေးဘူးလားဆိုတာကိုတော့ အာ ဏာပိုင်တွေကထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။ တရုတ်ဟာ နိုင်ငံတွင်းမှာ ကာကွယ်ဆေးပေါင်း ၂ ဘီလျံကျော်ဖြန့်ဖြူးပေးခဲ့ပြီးပြီလို့ သတင်းထုတ်ပြန်ထားပြီး နိုင်ငံလူဦးရေရဲ့ ၇၈% ဟာ ကာကွယ်ဆေးအပြည့် အဝထိုးနှံထားပြီးဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထိပ်တန်းအရာရှိတွေက ပြောဆိုထားပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။