■■■တရုတ်က အီတလီဒရုန်းကုမ္ပဏီAlpi Aviation ကို လျှို့ဝှက်စွာဝယ်ယူတဲ့သတင်းတွေပြန့်နေ

■■■တရုတ်က အီတလီဒရုန်းကုမ္ပဏီAlpi Aviation ကို လျှို့ဝှက်စွာဝယ်ယူတဲ့သတင်းတွေပြန့်နေ

တရုတ်သမ္မတရှီကျင့်ဖျင် အီတလီသို့သုံးရက်တာ အလည်အပတ်ခရီးသွားသည့် ၂၀၁၉ ခုနှစ်တွင် အီတလီသည် တရုတ်၏ ခါးပတ်လမ်းစီမံကိန်းကိုထောက်ခံသည့် ပထမဆုံးဥရောပနိုင်ငံဖြစ်လာခဲ့သည်။

၂ နှစ်ကာလအစိုးရ ၂ ဆက်အကြာ၌ အီတလီငွေကြေးဆိုင်ရာရာဇဝတ်မှုရဲတပ်ဖွဲ့ (Guardia di Finanza, GdF) က Friuli-Venezia Giulia ဒေသ၌အခြေစိုက်သည့် ပုဂ္ဂလိကပိုင် Alpi Aviation s.r.l ကုမ္ပဏီမှ

မန်နေဂျာ၆ဦးကို စစ်ဘက်ပို့ကုန်ဆိုင်ရာချိုးဖောက်မှုနှင့် golden-power ဥပဒေတို့အရတရားစွဲဆိုလိုက်သည်။အမေရိကန်သံတမန်အရင်းအမြစ်များက ထပ်တလဲလဲသတိပေးနေသည့်ကြားက ဒရုန်းများ၊အပေါ့စားနှင့် အလွန်ပေါ့ပါးသော လေယာဉ်များထုတ်လုပ်သည့်

ကုမ္ပဏီသည် ယခုအခါ တရုတ်လက်ထဲတွင် ရောက်ရှ ိနေသည်။ တရုတ်သည်အမျိုးသားလုံခြုံရေးကိုတိုက်ရိုက်ထိခိုက်စေလျက် ကာကွယ်ရေးနှင့်နည်းပညာမြင့် ကုမ္ပဏီများအားရယူသည့် ခိုးကြောင်ခိုးဝှက်ပုံစံကို အီတလီက သတိပြုမိလာသည်။

မကြာသေးမီက စုံစမ်းစစ်ဆေးမှုအရ ၂၀၁၈ခုနှစ်တွင် တရုတ်နိုင်ငံပိုင်ကုမ္ပဏီ၂ခုသည် သက်ဆိုင်ရာအီတလီအာဏာပိုင်များကို တရားဝင်ထုတ်ဖော်ပြောခြင်းမရှိဘဲ ကုမ္ပဏီကို လွှဲပြောင်းယူခဲ့သည်။

Alpi Aviation သည် စစ်ဘက်သုံးဒရုန်းများ၊လေယာဉ်များနှင့် အာကာသယာဉ်များထုတ်လုပ်ရာတွင် ဦးဆောင်သူဖြစ်ပြီး စီးပွားရေးဝန်ကြီးဌာနက ရှယ်ယာ၃၀ရာခိုင်နှုန်းပါသော အီတလီအာကာသယာဉ်ကုမ္ပဏီ Leonardo S.p.a. နှင့်အီတလီကာကွယ်ရေးဝန်ကြီးဌာတို့ကိုလည်းအထောက်အပံ့ပေးနေသည်။

Alpi Aviation ကို လက်နက်တင်ပို့မှုကိုထိန်းချုပ်သောဥပဒေချိုးဖောက်မှုနှင့် Golden-power ဥပဒေဟု ခေါ်ဆိုသည့် အခြေခံအားဖြင့် အမှု၂မှုဖြင့်အမှုဖွင့်ထားသည်။ ယင်း ဥပဒေသည် ကာကွယ်ရေး၊ စွမ်းအင်နှင့်ဆက်သွယ်ရေးကဏ္ဍများတွင်အီတလီ၏ မဟာဗျူဟာကုမ္ပဏီများကို ကာကွယ်ရန်၂၀၁၂မတ်လက စတင်ခဲ့ခြင်းဖြစ်သည်။

GdF၏ ယခုလစောပိုင်းထုတ်ပြန်ချက်အရဟောင်ကောင်အခြေစိုက် Mars Information Technology Co အမည်ရှိ နိုင်ငံခြားကုမ္ပဏီတစ်ခုသည် ၂၀၁၈ခုနှစ်က Alpi Aviation ၏ အစုရှယ်ယာ ၇၅ရာခိုင်နှုန်းကို ဝယ်ယူခဲ့ကြောင်း စုံစမ်း ဖော်ထုတ် တွေ့ရှိခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာဥပဒေကုမ္ပဏီတစ်ခုဖြစ်သော Denton သည် တရုတ်ဦးပိုင်ကုမ္ပဏီတစ်ခုက ဥရောပနည်းပညာမြင့် လေကြောင်းကဏ္ဍာရှိ ကုမ္ပဏီတစ်ခုကိုဝယ်ယူသည့် ပထမဆုံးအရောင်းအဝယ်ကိုတရားဝင်ဖြစ်စေခဲ့သည်ဟ ုဥပဒေကုမ္ပဏီထိပ်တန်းမိတ်ဖက်တစ်ဦး၏ CV တွင်ဖော်ပြထားသည်။

အီတလီစုံစမ်းစစ်ဆေးသူများ၏အဆိုအရ အီတလီကုမ္ပဏီကိုဝယ်သူများသည် Chinese Corporate United Investment (CCUI) နှင့် ကမ္ဘာ့အကြီးဆုံးရထားပို့ဆောင်ရေးစက်ပစ္စည်းထုတ်လုပ်သူ CRRC စသည့် တရုတ်အစိုးရကုမ္ပဏီကြီး၂ခုဖြစ်ကြောင်း သိရသည်။

ထူးခြားသည်မှာ Alpi Aviation သည် ၎င်း၏ ကုမ္ပဏီ ဖွဲ့စည်းတည်ဆောက်ပုံပြောင်းလဲမှုကို ဝယ်ယူမှုအပြီး ၂နှစ်အကြာနှင့်ဝန်ကြီးများကတောင်းဆိုသောအခါမှသာ ကာကွယ်ရေးဝန်ကြီးဌာနကိုအကြောင်းကြားခဲ့သည်။

ဥပဒေလမ်းကြောင်းမပြီးမချင်း တရုတ်သည် မမျှော်မှန်းနိုင်သောအကျိုးဆက်များ ဖြင့် ဒရုန်းနည်းပညာကို ပိုင်ဆိုင်နေဦးမည်ဖြစ်သည်။
Crd..MOE WIN OO

zawgyi

■■■တ႐ုတ္က အီတလီဒ႐ုန္းကုမၸဏီAlpi Aviation ကို လၽွို႔ဝွက္စြာဝယ္ယူတဲ့သတင္းေတြျပန႔္ေန

တ႐ုတ္သမၼတရွီက်င့္ဖ်င္ အီတလီသို႔သုံးရက္တာ အလည္အပတ္ခရီးသြားသည့္ ၂၀၁၉ ခုႏွစ္တြင္ အီတလီသည္ တ႐ုတ္၏ ခါးပတ္လမ္းစီမံကိန္းကိုေထာက္ခံသည့္ ပထမဆုံးဥေရာပနိုင္ငံျဖစ္လာခဲ့သည္။

၂ ႏွစ္ကာလအစိုးရ ၂ ဆက္အၾကာ၌ အီတလီေငြေၾကးဆိုင္ရာရာဇဝတ္မႈရဲတပ္ဖြဲ႕ (Guardia di Finanza, GdF) က Friuli-Venezia Giulia ေဒသ၌အေျခစိုက္သည့္ ပုဂၢလိကပိုင္ Alpi Aviation s.r.l ကုမၸဏီမွ

မန္ေနဂ်ာ၆ဦးကို စစ္ဘက္ပို႔ကုန္ဆိုင္ရာခ်ိဳးေဖာက္မႈႏွင့္ golden-power ဥပေဒတို႔အရတရားစြဲဆိုလိုက္သည္။အေမရိကန္သံတမန္အရင္းအျမစ္မ်ားက ထပ္တလဲလဲသတိေပးေနသည့္ၾကားက ဒ႐ုန္းမ်ား၊အေပါ့စားႏွင့္ အလြန္ေပါ့ပါးေသာ ေလယာဥ္မ်ားထုတ္လုပ္သည့္

ကုမၸဏီသည္ ယခုအခါ တ႐ုတ္လက္ထဲတြင္ ေရာက္ရွ ိေနသည္။ တ႐ုတ္သည္အမ်ိဳးသားလုံျခဳံေရးကိုတိုက္ရိုက္ထိခိုက္ေစလ်က္ ကာကြယ္ေရးႏွင့္နည္းပညာျမင့္ ကုမၸဏီမ်ားအားရယူသည့္ ခိုးေၾကာင္ခိုးဝွက္ပုံစံကို အီတလီက သတိျပဳမိလာသည္။

မၾကာေသးမီက စုံစမ္းစစ္ေဆးမႈအရ ၂၀၁၈ခုႏွစ္တြင္ တ႐ုတ္နိုင္ငံပိုင္ကုမၸဏီ၂ခုသည္ သက္ဆိုင္ရာအီတလီအာဏာပိုင္မ်ားကို တရားဝင္ထုတ္ေဖာ္ေျပာျခင္းမရွိဘဲ ကုမၸဏီကို လႊဲေျပာင္းယူခဲ့သည္။

Alpi Aviation သည္ စစ္ဘက္သုံးဒ႐ုန္းမ်ား၊ေလယာဥ္မ်ားႏွင့္ အာကာသယာဥ္မ်ားထုတ္လုပ္ရာတြင္ ဦးေဆာင္သူျဖစ္ၿပီး စီးပြားေရးဝန္ႀကီးဌာနက ရွယ္ယာ၃၀ရာခိုင္ႏႈန္းပါေသာ အီတလီအာကာသယာဥ္ကုမၸဏီ Leonardo S.p.a. ႏွင့္အီတလီကာကြယ္ေရးဝန္ႀကီးဌာတို႔ကိုလည္းအေထာက္အပံ့ေပးေနသည္။

Alpi Aviation ကို လက္နက္တင္ပို႔မႈကိုထိန္းခ်ဳပ္ေသာဥပေဒခ်ိဳးေဖာက္မႈႏွင့္ Golden-power ဥပေဒဟု ေခၚဆိုသည့္ အေျခခံအားျဖင့္ အမႈ၂မႈျဖင့္အမႈဖြင့္ထားသည္။ ယင္း ဥပေဒသည္ ကာကြယ္ေရး၊ စြမ္းအင္ႏွင့္ဆက္သြယ္ေရးက႑မ်ားတြင္အီတလီ၏ မဟာဗ်ဴဟာကုမၸဏီမ်ားကို ကာကြယ္ရန္၂၀၁၂မတ္လက စတင္ခဲ့ျခင္းျဖစ္သည္။

GdF၏ ယခုလေစာပိုင္းထုတ္ျပန္ခ်က္အရေဟာင္ေကာင္အေျခစိုက္ Mars Information Technology Co အမည္ရွိ နိုင္ငံျခားကုမၸဏီတစ္ခုသည္ ၂၀၁၈ခုႏွစ္က Alpi Aviation ၏ အစုရွယ္ယာ ၇၅ရာခိုင္ႏႈန္းကို ဝယ္ယူခဲ့ေၾကာင္း စုံစမ္း ေဖာ္ထုတ္ ေတြ႕ရွိခဲ့သည္။

ကမၻာလုံးဆိုင္ရာဥပေဒကုမၸဏီတစ္ခုျဖစ္ေသာ Denton သည္ တ႐ုတ္ဦးပိုင္ကုမၸဏီတစ္ခုက ဥေရာပနည္းပညာျမင့္ ေလေၾကာင္းက႑ာရွိ ကုမၸဏီတစ္ခုကိုဝယ္ယူသည့္ ပထမဆုံးအေရာင္းအဝယ္ကိုတရားဝင္ျဖစ္ေစခဲ့သည္ဟ ုဥပေဒကုမၸဏီထိပ္တန္းမိတ္ဖက္တစ္ဦး၏ CV တြင္ေဖာ္ျပထားသည္။

အီတလီစုံစမ္းစစ္ေဆးသူမ်ား၏အဆိုအရ အီတလီကုမၸဏီကိုဝယ္သူမ်ားသည္ Chinese Corporate United Investment (CCUI) ႏွင့္ ကမၻာ့အႀကီးဆုံးရထားပို႔ေဆာင္ေရးစက္ပစၥည္းထုတ္လုပ္သူ CRRC စသည့္ တ႐ုတ္အစိုးရကုမၸဏီႀကီး၂ခုျဖစ္ေၾကာင္း သိရသည္။

ထူးျခားသည္မွာ Alpi Aviation သည္ ၎၏ ကုမၸဏီ ဖြဲ႕စည္းတည္ေဆာက္ပုံေျပာင္းလဲမႈကို ဝယ္ယူမႈအၿပီး ၂ႏွစ္အၾကာႏွင့္ဝန္ႀကီးမ်ားကေတာင္းဆိုေသာအခါမွသာ ကာကြယ္ေရးဝန္ႀကီးဌာနကိုအေၾကာင္းၾကားခဲ့သည္။

ဥပေဒလမ္းေၾကာင္းမၿပီးမခ်င္း တ႐ုတ္သည္ မေမၽွာ္မွန္းနိုင္ေသာအက်ိဳးဆက္မ်ား ျဖင့္ ဒ႐ုန္းနည္းပညာကို ပိုင္ဆိုင္ေနဦးမည္ျဖစ္သည္။
Crd..MOE WIN OO