■■■စွမ်းအင်အကျပ်အတည်းစိုးရိမ်မှုကြောင့် တရုတ်က အမေရိကန်မှ သဘာဝဓာတ်ငွေ့အရည် ဝယ်ယူရန် ကြိုးပမ်း

■■■စွမ်းအင်အကျပ်အတည်းစိုးရိမ်မှုကြောင့် တရုတ်က အမေရိကန်မှ သဘာဝဓာတ်ငွေ့အရည် ဝယ်ယူရန် ကြိုးပမ်း

တရုတ်ပြည်တွင်း ဓာတ်ငွေ့ဈေးနှုန်းများ မြင့်တက်လာမှုနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများကြောင့် လောင်စာဆီလုံခြုံရေးအတွက် စိုးရိမ်မှုများမြင့်တက်လာစဉ် သဘာဝ ဓာတ်ငွေ့ရည်များ (LNG) ကာလကြာရှည်စွာ ရယူနိုင်ရေးအတွက် နာမည်ကျော် တရုတ်စွမ်းအင် ကုမ္ပဏီကြီးများသည် အမေရိကန် တင်ပို့သူများနှင့် ဆွေးနွေးနေသည် ဟု သတင်းရင်းမြစ်အများအပြားက ဆိုသည်။

အစိုးရပိုင် Sinopec Corp.၊ China National Offshore Oil Company (CNOOC)၊ Zhejiang Energy ကဲ့သို့ သော ဒေသခံအစိုးရထောက်ပံ့ထားသည့် စွမ်းအင်ဖြန့်ဖြူးသူများအပါအဝင် အနည်းဆုံးတရုတ်ကုမ္ပဏီ ၅ ခု အနက် Chenier Energy နှင့် Venture Global တို့သည် အမေရိကန် တင်ပို့သူများနှင့် အဓိကထား ဆွေးနွေး နေကြောင်း သတင်းရင်းမြစ်များက Reuters သို့ ပြောကြားခဲ့သည်။

ယင်းဆွေးနွေးမှုများကြောင့် ဒေါ်လာ ဘီလီယံ ၁၀ဂဏန်းနှင့် ချီတန်ဖိုးရှိသော သဘောတူညီချက်များဆီသို့ ဦးတည် သွားနိုင်ပြီး တရုတ်မှ အမေရိကန်မှ သဘာဝဓာတ်ငွေ့ရည် တင်သွင်းမှုများ တစ်ဟုန်ထိုးမြင့်တက်လာလိမ့်မည် ဖြစ်သည်။
၂၀၁၉ ခုနှစ် တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲအမြင့်ဆုံးကာလတွင် ဓာတ်ငွေ့ရောင်းဝယ်မှုသည် ခေတ္တ ရပ်တန့်သွားခဲ့သည်။
အမေရိကန် LNG ပေးသွင်းသူများနှင့် တွေ့ဆုံဆွေးနွေးမှုသည် ၂၀၂၁ခုနှစ်အစောပိုင်းတွင် စတင်ခဲ့သော်လည်း ၁၀ စုနှစ်များအတွင်း အကြီးမားဆုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်သော ကျောက်မီးသွေးလောင်စာ အကျပ်အတည်း ဖြစ်ပေါ်ပြီးနောက် မကြာသေးမီလများအတွင်း ဆွေးနွေးမှုများ ပိုမိုမြန်ဆန်လာခဲ့သည်။

၂၀၂၁ခုနှစ်တွင် အာရှတွင် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ၅ဆကျော်မြင့်တက်ခဲ့သဖြင့် ဆောင်းရာသီတွင် ဓာတ်အားပြတ်တောက်မည်ကို စိုးရိမ်မှုများဖြစ်ပေါ်နေသည်။
“ဆောင်းရာသီအတွက် ရောင်းလိုအားကွာဟချက်နဲ့ ဈေးမြင့်တက်လာမှုကို ကုမ္ပဏီတွေရင်ဆိုင်နေရပါတယ်။ သြဂုတ်လမှာ ဈေးနှုန်းတွေက ဒေါ်လာ ၁၅ ဒေါ်လာ/mmbtuဖြစ်လာကထဲက ဆွေးနွေးပွဲတွေက အရှိန်ရလာခဲ့ပါတယ်” ဟု ပေကျင်းအခြေစိုက် အကြီးတန်းစက်မှုအရာရှိတစ်ဦးက ဆွေးနွေးပွဲများတွင်ရှင်းလင်းပြောကြားခဲ့သည်။

“ မကြာသေးမီက ဈေးကွက်မတည်ငြိမ်မှု အကြီး အကျယ်ဖြစ်ပြီးနောက် နောက်ဝယ်သူတချို့က ကာလရှည် စာချုပ်မချုပ်မိခဲ့အတွက် နောင်တရနေကြပါတယ်” ဟု ပေကျင်းအခြေစိုက် အခြား သတင်း အရင်းအမြစ်တစ်ခုက ပြောကြားခဲ့သည်။
ဝယ်ယူမှုအသစ်များကြောင့် ၂၀၂၁ခုနှစ်တွင် ဂျပန်ကိုကျော်ပြီး LNG တင်သွင်းရာတွင် ကမ္ဘာထိပ်တန်း နိုင်ငံအဖြစ် တရုတ်က ရပ်တည်လိမ့်မည်ဖြစ်သည်။

By Reuters 18 October 2021
crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။