■■■ကာကွယ်ရေးအသုံးစရိတ်အတွက် ($9 Billion)ကန်ဒေါ်လာ ၉ ဘီလီယံ အပိုသုံးစွဲမည့် ထိုင်ဝမ်

■■■ကာကွယ်ရေးအသုံးစရိတ်အတွက် ($9 Billion)ကန်ဒေါ်လာ ၉ ဘီလီယံ အပိုသုံးစွဲမည့် ထိုင်ဝမ်

ထိုင်ဝမ်သည် တရုတ်၏ ဖိအားများနှင့်ရင်ဆိုင်နေရချိန်၌တာဝေးပစ်ခရုဇ်ဒုံးကျည်နှင့် သင်္ဘောဖျက်ဒုံးကျည်များကိုဦးစားပေး၍ လာမည့်ငါးနှစ်အတွင်း နောက်ထပ်ကာကွယ်ရေးအသုံးစရိတ်အတွက် အထူးဘတ်ဂျက်အဖြစ် ဒေါ်လာ ၉ ဘီလီယံထက်တိုးရန် စီစဉ်ထားတယ်လို့ဆိုပါတယ်။

ဒီပမာဏဟာ ထိုင်ဝှမ်၏ ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ($16.89 Billion) ဒေါ်လာ ၁၆.၈၉ ဘီလီယံရှိသော ပုံမှန်နှစ်စဉ်ကာကွယ်ရေးဘတ်ဂျက်နဲ့ ခြားနာမှုရှိလိမ့်မယ်လို့် ဆိုပါတယ်။ထိုင်ဝမ်ပါလီမန်က အထူးဘတ်ဂျက် $9 Billion ကို အတည်ပြုရန် လိုနေသေးသော်လည်း အာဏာရဒီမိုကရက်တစ်တိုးတက်ရေးပါတီ ဥက္ကဋ္ဌ

Tsai Ing-wen ၏ လွှတ်တော်တွင် အများစု၏ သဘောတူညီချက်ကို ရရှိဖို့အလားအလာရှိတယ်လို့သတင်းရင်းမြစ်က ဆိုပါတယ်။ဒီဘတ်ဂျက်ကို_ဘယ်နေရာတွေအတွက်သုံးမှာလဲ- ထိုင်ဝမ် လက်ထောက်ကာကွယ်ရေးဝန်ကြီး Wang Shin-lung က ရန်ပုံငွေအများစုဟာ ပြည်တွင်းလက်နက်စီမံကိန်းများသို့သွားလိမ့်မည်ဟု ပြောကြားခဲ့သော်လည်း၊

အသုံးစရိတ်အချို့ဟာ အမေရိကန်မှ လက်နက်အစိတ်အပိုင်းများနှင့် နည်းပညာအထောက်အပံ့များသာ ဖြစ်ပါတယ်။ကာကွယ်ရေးဝန်ကြီး Wang က ကဏ္ဏအလိုက်တီထွင်သောစနစ်များတွင် Antelope လေကြောင်းရန်ကာကွယ်ရေးစနစ်၊ Wan Chien တာဝေးပစ် ခရုဇ်ဒုံးကျည်နှင့် Hsiung Feng IIE သင်္ဘောဖျက်ဒုံးကျည်တို့ကို ကိုးကားဖော်ပြထားပါတယ်။

နောက်ထပ်ဘတ်ဂျက်၏ တစ်စိတ်တစ်ပိုင်းဟာ ထိုင်ဝမ်ရေတပ်အတွက် Missile Corvette များ၊ Landing Ship များနှင့် Diesel-electric ရေငုပ်သင်္ဘောများ တည်ဆောက်နေသည့် အစီအစဉ်သို့ သွားလိမ့်မည်ဟု ၎င်းက ဆက်ပြောပါတယ်။ – သို့သော် ဝန်ကြီးဌာနအနေဖြင့် Lockheed Martin လုပ် MH-60R Seahawk (anti-submarine) Helicopter များ ဝယ်ယူရန်အတွက် အပိုရန်ပုံငွေကို အသုံးပြုမည့်အလားအလာများလည်း ရှိတယ်လို့ သိရပါတယ်။
Crd..Defence Hub

zawgyi






Crd..Defence Hub