■ကမ္ဘာ့ပထမဦးဆုံး ကိုယ်ဝန်ဆောင်အမျိုးသားသည် ကလေး ၃ ယောက်ကိုမွေးဖွားနိုင်ခဲ့ပြီး နောက်ထပ်ကလေးထပ်ယူရန် စီစဉ်နေ

■ကမ္ဘာ့ပထမဦးဆုံး ကိုယ်ဝန်ဆောင်အမျိုးသားသည် ကလေး ၃ ယောက်ကိုမွေးဖွားနိုင်ခဲ့ပြီး နောက်ထပ်ကလေးထပ်ယူရန် စီစဉ်နေ

လွန်ခဲ့သော ၂၀၁၇ ခုနှစ်တွင် လူမှုကွန်ယက်မှာ Thomas Beatie အမည်ရှိ အမျိုးသားတစ်ဦးသည် ကိုယ်ဝန်ဆောင်နိုင်ခဲ့ပြီး သူ့ရဲ့ဗိုက်ကြီးနေသောဓာတ်ပုံတွေကို မျှဝေခဲ့ပြီးနောက် လူအများကို အံ့ဩစေခဲ့ပါတယ်။

ထိုအချိန်တွင် လူတိုင်းသည် သူကိုယ်ဝန်ရနေသည်ကို မယုံကြည်ကြသောကြောင့် သံသယဖြစ်စရာပင် ထူးဆန်းနေခဲ့ပါတယ်။ သို့သော်လူအများစုသည် Photoshop ဟုထင်မြင်ခဲ့ကြပေမယ့် တကယ်တမ်းတော့ Thomas ဟာ အမှန်တကယ်ကိုယ်ခန်ရှိနေခဲ့ပါတယ်။ ယခုအချိန်ထိသူ့ကို ကမ္ဘာ့ကိုယ်ဝန်ဆောင်နိုင်သော အမျိုးသားဟု အသိအမှတ်ပြုကြပါတယ်။

၂၀၀၃ ခုနှစ်တွင် သူသည် Nancy Beatie ဆိုတဲ့အမျိုးသမီးနဲ့ လက်ထပ်ခဲ့ကြပေမယ့် ဇနီးဖြစ်သူက ကလေးမမွေးဖွားန်ုင်သဖြင့် ထိုအမျိုးသားသည် ဇနီးသည်အစားဝန်ဆောင်နိုင်ရန်အတွက် သူရဲ့ကိုလိင်ပြောင်းလဲခဲ့လိုက်ပါတယ်။ လိင်ပြောင်းထားသော်လည်း သူ၏မျိုးဥအိမ်များကို ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

သူတို့နှစ်ဦးသည် သုတ်ပိုးအလှူရှင်ကိုတွေ့ရှိပြီးနောက် ဖန်ပြသသန္ဓေသားကို အသုံးပြုခဲ့ပါတယ်။ ယခုအချိန်တွင်သူတို့သည် ကလေးသမီးလေး ၁ ယောက်၊ ယောက်ကျားလေး ၂ ယောက် စုစုပေါင်း သားသမီး ၃ ယောက် ပိုင်ဆိုင်ထားပြီဟုသိရပါတယ်။

ယခုအချိန်တွင် သားသမီး ၃ ယောက်နဲ့ပျော်ရွင်သော မိသားစုဘဝကို ပိုင်ဆိုင်နေပြီဖြစ်ပေမယ့် နောက်ထပ်ကလေးလိုချင်နေသောကြောင့် ထိုအမျိုးသားသည် သုတ်ပိုးအလှူခံပြီး နောက်ထပ်ကိုယ်ဝန်ဆောင်ကာ ကလေးထပ်ယူရန်အစီစဉ်ရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။

crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။