■■■အမေရိကန်မှ F-16 တိုက်လေယာဉ်များရောင်းချပေးရန် တူရကီသို့ ကမ်းလှမ်း

■■■အမေရိကန်မှ F-16 တိုက်လေယာဉ်များရောင်းချပေးရန် တူရကီသို့ ကမ်းလှမ်း

ရုရှားနိုင်ငံမှ ဒုံးကျည်ကာကွယ်ရေးစနစ်များ တူရကီနိုင်ငံကဝယ်ယူလိုက်သဖြင့် အမေရိကန်နှင့် တူရကီနိုင်ငံတို့ သဘောတူထားသော F-35 တိုက်လေယာဉ်ထုတ်လုပ်ရေးအစီအစဉ်ကို အမေရိကန်ဘက်ကဖျက်သိမ်းလိုက်ပြီး နောက် တူရကီနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်ဖြေရှင်းပေးသည့်အနေဖြင့်

F-16 တိုက်လေယာဉ်များရောင်းချ ပေးရန် အမေရိကန်ပြည်ထောင်စုက တူရကီနိုင်ငံကို ကမ်းလှမ်းခဲ့ကြောင်း တူရကီသမ္မတ ရီဆက်ပ်တေရစ်အာဒို ဂန်က ပြောကြားလိုက်သည်။ တူရကီနိုင်ငံအနေဖြင့် F-35 တိုက်လေယာဉ်ထုတ်လုပ်ရေးအစီအစဉ်တွင် ရင်းနှီးမြှုပ်နှံထားသည့်ငွေကြေးများကို ပြန်လည်ရယူလိုပြီး အမေရိကန်နှင့် ဆွေးနွေးနေကြောင်း

သမ္မတအာဒိုဂန်က အာဖရိကခရီးစဉ်တစ်ခုမထွက်ခွာ မီ အောက်တိုဘာလ ၁၇ ရက်နေ့က သတင်းထောက်များကိုပြောသည်။ “F-35 တိုက်လေယာဉ်ထုတ်လုပ်ရေးအစီအစဉ်အတွက် ကျွန်တော်တို့ထည့်ဝင်ထားတဲ့ငွေကြေးပမာဏက ဒေါ် လာ ၁.၄ ဘီလျံရှိပါတယ်။ အမေရိကန်နိုင်ငံက အဲဒီငွေတွေကို ပြန်ပေးဖို့ အဆိုပြုထားတာရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့နိုင်ငံရဲ့ ကာကွယ်ရေးလိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့အတွက် လုပ် သင့်လုပ်ထိုက် တဲ့အဆင့်တွေကို ဆောင်ရွက်သွားရမယ်လို့ ကျွန်တော်တို့ပြောပြီးသားပါ။” ဟု အာဒို ဂန်ကပြော သည်။ “ကျွန်တော်တို့မှာရှိနေတဲ့ F-35 တိုက်လေယာဉ်တွေကို ပိုမိုခေတ်မီအောင်အဆင့်မြှင့်တင်တဲ့အပြင် နောက်ထပ်

F-35 တိုက်လေယာဉ်အသစ်တွေဝယ်ဖို့အတွက်လည်း လုပ်နေပါတယ်။” ဟု ၎င်းကပြောသည်။ တူရကီနိုင်ငံသည် လော့ခ်ဟိမာတင်ကုမ္ပဏီကထုတ်လုပ်သည့် F-35 တိုက်လေယာဉ် အစင်း ၁၀၀ ကျော်ကို မှာ ယူထားသော်လည်း တူရကီနိုင်ငံက ရုရှားနိုင်ငံထံမှ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်များဝယ်ယူလိုက်သည့်အ တွက် တူရီကီနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ ပူးတွဲထုတ်လုပ်ပြီး

တူရကီထံရောင်းချမည့် F-35 တိုက်လေယာဉ်များ ထုတ်လုပ်မည့်အစီအစဉ်ကို ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဘက်က ဖျက်သိမ်းလိုက်သည်။ ဆီးရီးယားမူဝါဒဆိုင်ရာများ၊ တူရကီ၏ ရုရှားနှင့်ပိုမိုရင်းနှီးလာမှုများ၊ အရှေ့မြေထဲပင်လယ်မှ တူရကီရေတပ်၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ သဘောထားကွဲလွဲခဲ့ပြီးနောက်

ဆယ်စုနှစ်ပေါင်းများစွာလက်တွဲလာသည့် နေ တိုးမဟာမိတ်နိုင်ငံများဖြစ်သော အမေရိကန်နှင့် တူရကီတို့ ဆက်ဆံရေးသည် ငါးနှစ်အတွင်းက မမျှော်လင့်ဘဲ ရှုပ်ထွေးလာခဲ့သည်။ အမေရိကန်က တူရကီအစိုးရပိုင်ဘဏ်တစ်ခုနှင့် တူရကီလူ့အခွင့်အရေးမှတ်တမ်းကို စွပ်စွဲ ပြစ်တင် သိက္ခာချခဲ့သည်။

တူရကီနိုင်ငံက S-400 ဒုံးကျည်ကာကွယ်ရေးစနစ်များဝယ်ယူလိုက်သည့်အတွက် အမေရိကန်က အရေးယူဒဏ် ခတ်ပိတ်ဆို့ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် အမေရိကန်အစိုးရက တူရကီကာကွယ်ရေးပစ္စည်းထုတ် လုပ်ရေးညွှန်ကြားရေးမှူးရုံး၊ ယင်းရုံးအဖွဲ့အကြီးအကဲအစ္စမေးလ်ဒီမီယာနှင့် ဝန်ထမ်းသုံးဦးကို အမည်ပျက်စာရင်း သွင်းခဲ့သည်။

တူရကီသမ္မတအာဒိုဂန်က S-400 ဒုံးကျည်ကာကွယ်ရေးစနစ်ဒုတိယအသုတ်ကို ထပ်မံဝယ်ယူရန်ရည်ရွယ်ထား ကြောင်းပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံကမူ တူရကီအနေဖြင့် ရုရှားထံမှ နောက်ထပ်လက်နက်စနစ်များထပ်မံ ဝယ်ယူမည်ဆိုပါက နှစ်နိုင်ငံဆက်ဆံရေးကို ထပ်မံပျက်စီးစေမည်ဖြစ်ကြောင်းသတိပေးခဲ့သည်။

တူရကီနိုင်ငံသည် လော့ခ်ဟိမာတင်ထုတ် F-16 တိုက်လေယာဉ်အစင်း ၄၀ ထပ်မံဝယ်ယူရန်နှင့် လက်ရှိ FR16 တိုက်လေယာဉ်များခေတ်မီစေရေးအတွက် F16 အစင်း ၈၀ နီးပါးကို အဆင့်မြှင့်တင်ရန် အမေရိကန်ထံတောင်း ဆိုထားကြောင်း ယခုလအစောပိုင်းတွင် ရိုက်တာသတင်းဌာနကဖော်ပြခဲ့သည်။

Crd.. (People Media)
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။