■■■အနာဂတ်ရဲ့ နေ့စဉ်သုံးလေယာဉ်တက္ကစီ Air One

■■■အနာဂတ်ရဲ့ နေ့စဉ်သုံးလေယာဉ်တက္ကစီ Air One

အနာဂတ်မှာ နေ့စဉ်ခရီးသွားလာလှုပ်ရှားမှုများကို လေကြောင်းကနေဘဲပျံသန်းသွားလာဘို့စိတ်ကူးလာကြတဲ့အတွက် အချိန်ကုန်သက်သာပြီးအသုံးပြုရ လွယ်ကူတဲ့ လေကြောင်းတက္ကစီတွေကို တီထွင်ဘို့ကြိုးစားလာခဲ့ကြသည်မှာ နှစ်အတန်ကြာနေပြီဖြစ်ပါတယ်။

ဒါ့ကြောင့် အစ္စရေးအခြေစိုက် Startup Air ကုမ္ပဏီဟာ တစ်ကိုယ်ရေသုံးလျှပ်စစ်လေယာဉ်တစ်မျိုးကို ထုတ်လုပ်ရောင်းချဘို့ စီစဉ်လာပြီဖြစ်ပါတယ်။

အဲ့ဒီလေယာဉ်ကို Air One လို့အမည်ပေးထားပြီး ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်ကာ လောင်စာအနေဖြင့် လျှပ်စစ်စွမ်းအင်ကိုအသုံးပြုသွားမှာဖြစ်ပါတယ်။

Air One လေယာဉ်မှာ ထိုင်ခုံ ၂လုံးပါရှိပြီး ၉၇၀ ကီလိုဂရမ်အလေးချိန်ရှိကာ တစ်ခါအားသွင်းလျင် ၁၁၀ မိုင် ၊ ကြာချိန်အားဖြင့် ၁ နာရီခန့် ပျံသန်းနိုင်မယ်လို့ဆိုထားပါတယ်။

အမြန်နှုန်းအားဖြင့် တစ်နာရီလျှင် ၁၅၅ မိုင်နှုန်းနဲ့ပျံသန်းနိုင်ပါတယ်။ လေယာဉ်ကိုယ်ထည်ရဲ့ ဒေါင့်လေးဘက်မှာ အသေတပ်ဆင်ထားတဲ့ ပန်ကာ ၈ ခုပါရှိတဲ့အတွက် လေယာဉ်ပြေးလမ်းမလိုအပ်ဘဲ ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

လေယာဉ်ရဲ့လမ်းပြစနစ်နဲ့ ပျံသန်းမှုညွှန်ကြားချက်တွေအတွက် Fly by Intent လို့ခေါ်တဲ့ ဆော့ဖ်ဝဲနည်းပညာတစ်မျိုးကိုအသုံးပြုထားတဲ့အတွက် လွယ်လင့်တကူမောင်းနှင်ပျံသန်း အသုံးပြုသွားနိုင်မယ်လို့ ကုမ္ပဏီကဆိုထားပါတယ်။

ယခုလောလောဆယ်တွင် လေယာဉ်တက္ကစီ Air One ကို အမေရိကန်ပြည်ထောင်စုမှာ စတင်ရောင်းချအသုံးပြုသွားနိုင်ဘို့အတွက် အမေရိကန်ဖက်ဒရယ်ပြည်ထောင်စုလေကြောင်းအဖွဲ့အစည်းရဲ့ ထောက်ခံချက်ကိုရယူနေကြောင်း သိရှိရပါတယ်။

Crd..ကမ်ဘာ့သတငျးစုံ