■■ခြေရာခံဖို့ခက်တဲ့ ဒုံးကျည်ကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ပြီလို့ မြောက်ကိုရီးယား သတင်းထုတ်ပြန်

■■ခြေရာခံဖို့ခက်တဲ့ ဒုံးကျည်ကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ပြီလို့ မြောက်ကိုရီးယား သတင်းထုတ်ပြန်

ခြေရာခံဖို့ခက်တဲ့ ဒုံးကျည်ကို အောင်မြင်စွာ ပစ်လွှတ်စမ်းသပ်လိုက်နိုင်ပြီလို့ မြောက်ကိုရီးယားအာဏာပိုင်တွေက သတင်းအတည်ပြုထုတ်ပြန်လိုက်ပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ရေငုပ်သင်္ဘောကနေ ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်အသစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တာဖြစ်ပြီး

ဒီကနေ့မှာတော့ အဲ့ဒီဒုံးကျည်က ဘယ်လိုဒုံးကျည် အမျိုးအစားဖြစ်တယ်ဆိုတာကို မြောက်ကိုရီးယားက အတည်ပြုလိုက်တာပဲဖြစ်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် တားမြစ်ထားပေမယ့် မြောက်ကိုရီးယားဟာ

နျူကလီးယားလက်နက်နဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး တောင်ကိုရီးယားနဲ့ ဂျပန်တို့ကတော့ မြောက်ကိုရီးယားဟာ သူတို့ရဲ့အချုပ်အခြာအာဏာကို အရမ်းပဲ ခြိမ်းခြောက်နေတယ်လို့ ထုတ်ဖော်ပြောဆိုနေကြပါတယ်။

မြောက်ကိုရီးယားကတော့ ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်က နိုင်ငံရေးအရ ဝင်ရောက်ခြယ်လှယ်မှု၊ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေက သူတို့ကို အမြဲတစေ ထိတ်လန့်စေတဲ့အတွက် အခုလို ဆောင်ရွက်နေရတာဖြစ်ကြောင်း တုံ့ပြန်အသိပေးထားပါတယ်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ကိုးကား – BBC
crd