■၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လူရှေ့ထွက်ပေါ်လာခဲ့တဲ့ တာလီဘန်ခေါင်းဆောင်

■၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လူရှေ့ထွက်ပေါ်လာခဲ့တဲ့ တာလီဘန်ခေါင်းဆောင်

တာလီဘန်ခေါင်းဆောင် Haibatullah Akhundzada ဟာ ၂၀၁၆ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လူအများရှေ့ကို ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ အာဖဂန်တောင်ပိုင်းမြို့ Kandahar မှာ သူက လူထုနဲ့တွေ့ဆုံကာမိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရပြီး ၅ နှစ်အတွင်း ပထမဆုံးအကြိမ် လူသိရှင်ကြားရုပ်လုံးထွက်ပြခဲ့တာလည်းဖြစ်လာခဲ့ပါတယ်။…

အာဖဂန်ကို ထိန်းချုပ်ခဲ့ပြီးပေမယ့်လည်း တာလီဘန်အကြီးအကဲအဖြစ်နဲ့ သူကထွက်ပေါ်မလာခဲ့ဘဲ အခုမှသာ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ သိုဝှက်စွာနေထိုင်လေ့ရှိတဲ့စရိုက်ကြောင့် သူ သေဆုံးခဲ့ပြီလို့တောင် သတ င်းတွေထွက်ပေါ်ခဲ့ပြီး တာလီဘန်အစိုးရသစ်လက်ထ က် မှာ သူ့ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ ထင်ကြေး ပေးမှုတွေလည်းအများကြီးရှိနေခဲ့ပါတယ်။…

စနေနေ့က သူဟာ Darul Uloom Hakimah Madrassa ကို သွားရောက်လည်ပတ်ခဲ့ပြီး သူ့ရဲ့ ရဲရင့်တဲ့စစ်သားတွေကို စကားပြောဆိုခဲ့တယ်လို့ တာလီဘန်အရာရှိတွေက ပြောကြားခဲ့ပါတယ်။ အခမ်းအနားမှာတော့ လုံခြုံ ရေးတင်းကျပ်ထားပြီး ဓာတ်ပုံ၊ ဒါမှမဟုတ် ဗီဒီယိုထွက်ပေါ်လာခြင်းမရှိသေးဘဲ တာလီဘန်တွေရဲ့ဆိုရှယ်မီဒီယာအကောင့်တွေမှာတော့ ၁၀ မိနစ်ကြာ အသံဖမ်းယူထားမှုကို လွှင့်ထုတ်ခဲ့ပါတယ်။…

၂၀၁၆ မှာ အမေရိကန်က မောင်းသူမဲ့လေယာဉ်နဲ့ သူ့ရဲ့အစ်ကိုဖြစ်သူ Mullah Akhtar Mansour ကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် ခေါင်းဆောင်ဖြစ်လာခဲ့ပြီး အယ်ကေးလ်ဒါးအကြီးအကဲ Ayman al-Zawahiri က ကျောထောက်နောက်ခံပြုခဲ့သူဖြစ်ပါတယ်။ သစ္စာရှိသူရဲ့ ဧကရာဇ်လို့ သူ့ကို ချီးကျူးခေါ်ဝေါ်ခဲ့ပြီး တာလီဘန်နဲ့ အယ်လ်ကေးဒါးကြား ခိုင်မာတဲ့မဟာမိတ်တွေအဖြစ်ရှိနေခဲ့ပါတယ်။…

“ကျွန်တော်တို့က သူနဲ့ ပုံမှန်အစည်းအဝေးတွေလုပ်ပြီး အာဖဂန်အခြေအနေကို ဘယ်လိုထိန်းချုပ်ထားလဲဆိုတာကို ပြောခဲ့ပါတယ်၊ ပြီးတော့ ဘယ်လိုကောင်းမွန်တဲ့ရှေ့ဆက်သွားမှုတွေ လုပ်ဆောင်မလဲဆိုတာကို တိုင်ပင်ပြီး သူက ကျွန်တော်တို့ရဲ့ ဆရာပါပဲ၊ ပြီးတော့ အားလုံးရဲ့ ဆရာလည်း ဖြစ်ပါတယ်၊ သူ့ဆီကနေ တစ်စုံတစ်ရာရယူနိုင်ဖို့ ကျွန်တော်တို့ကြိုးစားသင်ယူနေပြီး သူက တာလီဘန်ခေါင်းဆောင်တိုင်းကိုလည်း အကြံဉာဏ်တွေပေးနေပါတယ်”…

“စည်းကမ်းတွေကို လိုက်နာဖို့၊ အကြံဉာဏ်တွေကို တောင်းခံဖို့ပါ၊ လာမယ့်အနာဂတ်မှာ ကောင်းမွန်တဲ့အစိုးရတစ်ရပ်ရှိလာခဲ့ရင် အဲဒါက သူ့ရဲ့အကြံဉာဏ်တွေကြောင့်ပါ” လို့ Akhundzada နဲ့ အနီးကပ်ဆက်ဆံရေးရှိပြီး ယုံကြည်စိတ်ချရသူတစ်ဦးဖြစ်တဲ့ Kandahar တာလီဘန်အုပ်ချုပ်ရေးမှူး Mullah Yussef Wafa က AFP သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။…

crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။