■၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရမယ့်သူအဖြစ် ဒေါ်နယ်ထရမ့်ရေပန်းအစားဆုံးဖြစ်နေ

■၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရမယ့်သူအဖြစ် ဒေါ်နယ်ထရမ့်ရေပန်းအစားဆုံးဖြစ်နေ

၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် သမ္မတဟောင်းဒေါ်နယ်ထရမ့်က ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သိရပါတယ်။အွန်လိုင်းလောင်း ကစားကုမ္ပဏီတွေက ဒေါ်နယ်ထရမ့်အနိုင်ရမယ်လို့ ၁၁လေး ၄လေးနဲ့ ဖွင့်လှစ်ထားပြီး လက်ရှိသမ္မတဂျိုးဘိုင်ဒင်ကိုတော့ ၁၃လေး ၄လေး ဖွင့်လှစ်ထားကာ ဒုတိယသမ္မတကာမာလာဟားရစ်က တတိယနေရာမှာ ရှိနေပါတယ်။

ရီပတ်ဘလစ်ကန်က ဖလော်ရီဒါပြည်နယ်အစိုးရ Ron DeSantis က သူတို့နောက်မှာရှိနေပြီး Pete Buttigieg ၊ Nikki Haley နဲ့ Mike Pence တို့က အစဉ်လိုက်ရပ်တည်နေတယ်လို့ Newsweek.com မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ထရမ့်အရေးနိမ့်ပြီးပြီးချင်း ပနားမားမှာရုံးချုပ်ဖွင့်လှစ်ထားတဲ့ BetOnline က လာမယ့်ရွေးကောက်ပွဲမှာ ထရမ့်ကို ၃၃-၁ အဖြစ် အလေးပေးခဲ့ပါတယ်။

ဒီနှစ်ဇန်နဝါရီမှာတော့ အဆိုပါကိန်းဂဏန်းကလျော့ကျလာခဲ့ပြီး ၁၂-၁ အထိ ဖြစ်လာခဲ့ပါတယ်။ “ဘိုင်ဒင်အပေါ်ထောက်ခံမှုက ကျဆင်းနေပြီး ကွန်ဂရက်ကတဆင့် သူ့ရဲ့ရာထူးကို ရယူနိုင်မယ့်အလားအလာက နည်းပါးနေပါတယ်” လို့ BetOnline က နိုင်ငံရေးခန့်မှန်းသူ Paul Krishnamurty က Newsweek ကို ပြောဆိုခဲ့ပါတယ်။

အမေရိကန်နာမည်ကျော်အနုပညာရှင်တစ်ဦးဖြစ်တဲ့ Jon Stewart ကလည်း “တကယ်လို့သာ ထရမ့်က လာမယ့်ရွေးကောက်ပွဲမှာ ဝင်ယှဉ်ပြိုင်မယ်ဆိုရင် အနိုင်ရမယ်လို့ ကျွန်တော်ထင်တယ်၊ သူ့အတွက် အရမ်းကောင်းတဲ့အခွင့်အရေးတစ်ခုရှိနေပါတယ်” လို့ ဒီနေ့ပြုလုပ်ခဲ့တဲ့ The New Yorker Festival ကို တက်ရောက်စဉ် အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါတယ်။

“ရီပတ်ဘလစ်ကန်တွေအနေနဲ့ ပြီးခဲ့တဲ့အမှားတွေကနေ သင်ယူရမှာက အမေရိကန်ရွေးကောက်ပွဲစနစ်မှာ အဓိကကျတဲ့အချက်တွေရှိတယ်၊ အဲဒီအချက်တွေက ယေဘုယျအားဖြင့် ပါတီတွေက ရွေးကောက်တင်မြှောက်တဲ့အုပ်ချုပ်ရေးဖြစ်ပြီး အယူဝါဒတွေမဟုတ်ဘူးဆိုတာပဲ” လို့လည်း သူက ပြောကြားခဲ့ပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

■၂၀၂၄ အေမရိကန္သမၼတေရြးေကာက္ပြဲမွာ အနိုင္ရမယ့္သူအျဖစ္ ေဒၚနယ္ထရမ့္ေရပန္းအစားဆုံးျဖစ္ေန

၂၀၂၄ အေမရိကန္သမၼတေရြးေကာက္ပြဲမွာ အနိုင္ရဖို႔အတြက္ သမၼတေဟာင္းေဒၚနယ္ထရမ့္က ေရပန္းအစားဆုံးျဖစ္ေနတယ္လို႔ သိရပါတယ္။အြန္လိုင္းေလာင္း ကစားကုမၸဏီေတြက ေဒၚနယ္ထရမ့္အနိုင္ရမယ္လို႔ ၁၁ေလး ၄ေလးနဲ႔ ဖြင့္လွစ္ထားၿပီး လက္ရွိသမၼတဂ်ိဳးဘိုင္ဒင္ကိုေတာ့ ၁၃ေလး ၄ေလး ဖြင့္လွစ္ထားကာ ဒုတိယသမၼတကာမာလာဟားရစ္က တတိယေနရာမွာ ရွိေနပါတယ္။

ရီပတ္ဘလစ္ကန္က ဖေလာ္ရီဒါျပည္နယ္အစိုးရ Ron DeSantis က သူတို႔ေနာက္မွာရွိေနၿပီး Pete Buttigieg ၊ Nikki Haley နဲ႔ Mike Pence တို႔က အစဥ္လိုက္ရပ္တည္ေနတယ္လို႔ Newsweek.com မွာ ေဖာ္ျပထားပါတယ္။ ၿပီးခဲ့တဲ့ေရြးေကာက္ပြဲမွာ ထရမ့္အေရးနိမ့္ၿပီးၿပီးခ်င္း ပနားမားမွာ႐ုံးခ်ဳပ္ဖြင့္လွစ္ထားတဲ့ BetOnline က လာမယ့္ေရြးေကာက္ပြဲမွာ ထရမ့္ကို ၃၃-၁ အျဖစ္ အေလးေပးခဲ့ပါတယ္။

ဒီႏွစ္ဇန္နဝါရီမွာေတာ့ အဆိုပါကိန္းဂဏန္းကေလ်ာ့က်လာခဲ့ၿပီး ၁၂-၁ အထိ ျဖစ္လာခဲ့ပါတယ္။ “ဘိုင္ဒင္အေပၚေထာက္ခံမႈက က်ဆင္းေနၿပီး ကြန္ဂရက္ကတဆင့္ သူ႔ရဲ့ရာထူးကို ရယူနိုင္မယ့္အလားအလာက နည္းပါးေနပါတယ္” လို႔ BetOnline က နိုင္ငံေရးခန႔္မွန္းသူ Paul Krishnamurty က Newsweek ကို ေျပာဆိုခဲ့ပါတယ္။

အေမရိကန္နာမည္ေက်ာ္အႏုပညာရွင္တစ္ဦးျဖစ္တဲ့ Jon Stewart ကလည္း “တကယ္လို႔သာ ထရမ့္က လာမယ့္ေရြးေကာက္ပြဲမွာ ဝင္ယွဥ္ၿပိဳင္မယ္ဆိုရင္ အနိုင္ရမယ္လို႔ ကၽြန္ေတာ္ထင္တယ္၊ သူ႔အတြက္ အရမ္းေကာင္းတဲ့အခြင့္အေရးတစ္ခုရွိေနပါတယ္” လို႔ ဒီေန႔ျပဳလုပ္ခဲ့တဲ့ The New Yorker Festival ကို တက္ေရာက္စဥ္ အင္တာဗ်ဴးတစ္ခုမွာ ေျဖဆိုခဲ့ပါတယ္။

“ရီပတ္ဘလစ္ကန္ေတြအေနနဲ႔ ၿပီးခဲ့တဲ့အမွားေတြကေန သင္ယူရမွာက အေမရိကန္ေရြးေကာက္ပြဲစနစ္မွာ အဓိကက်တဲ့အခ်က္ေတြရွိတယ္၊ အဲဒီအခ်က္ေတြက ေယဘုယ်အားျဖင့္ ပါတီေတြက ေရြးေကာက္တင္ေျမႇာက္တဲ့အုပ္ခ်ဳပ္ေရးျဖစ္ၿပီး အယူဝါဒေတြမဟုတ္ဘူးဆိုတာပဲ” လို႔လည္း သူက ေျပာၾကားခဲ့ပါတယ္။

TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။