■အီလွန်မက်စ်အဖြစ်ဟန်ဆောင်ခဲ့တဲ့ Bitcoin လိမ်လည်သူတစ်ဦးကို Blue Mark မှားပေးခဲ့တဲ့ ဖေ့ဘွတ်ခ်

■အီလွန်မက်စ်အဖြစ်ဟန်ဆောင်ခဲ့တဲ့ Bitcoin လိမ်လည်သူတစ်ဦးကို Blue Mark မှားပေးခဲ့တဲ့ ဖေ့ဘွတ်ခ်

The Verge ရဲ့ ဖော်ပြချက်အရ ဖေ့ဘွတ်ခ်ဟာ နာမည်ကျော်ဘီလျံနာသူဌေး အီလွန်မက်စ်အယောင်ဆောင်ထားသူတစ်ဦးရဲ့ စာမျက်နှာကို မှားယွင်းစွာအတည်ပြုပေးခဲ့ပြီး Blue Mark ပါ ပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါစာမျက်နှာဟာ အီလွန်မက်စ်ရဲ့ တရားဝင်စာမျက် နှာအဖြစ် အတည်ပြုခံခဲ့ရပြီး အမှန်တကယ်မှာတော့ Bitcoin လိမ်လည်သူတစ်ဦးက ထိန်းချုပ်ထားတဲ့ စာမျက်နှာဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။

Page ရဲ့ Trasparency မှာတော့ ဒီစာမျက်နှာကို အက်မင်အများအပြားက ကိုင်တွယ်နေတယ်လို့ ဆိုထားပြီး Page Manager ကိုတော့ အမေရိကကမဟုတ်ဘဲ အီဂျစ်ကလို့ ဖော်ပြထားခဲ့ပါတယ်။ အီလွန်မက်စ်က အမေရိကမှာနေထိုင်သူဖြစ်ပြီး အီဂျစ်ကလို့ ဖော်ပြထားတာက ထူးဆန်းနေခဲ့ပြီး အဆိုပါအချက်ကို Facebook က သတိမပြုခဲ့တာလားလို့ မေးခွန်းထုတ်စရာရှိလာခဲ့ပါတယ်။

လက်ရှိမှာတော့ အဆိုပါစာမျက်နှာမှာ Post ပေါင်း ၁၁ ခုသာ ဖော်ပြထားပြီး အများစုကတော့ အီလွန်မက်စ်ရဲ့ တွစ်တာမှာရေးသားမှုတွေကို ပြန်ဖော်ပြထားတာဖြစ်ပါတယ်။ ဒီ Page ကို ၂၀၁၉ ဇူလိုင်လ ၂၈ ရက်နေ့က စတင်ဖန်တီးခဲ့ပြီး Kizito Gavin နာမည်နဲ့ဖြစ်တယ်လို့ The Verge က ဖော်ပြခဲ့ပြီး နာမည်အများအပြားပြောင်းလဲခဲ့ဖူးကာ အောက်တိုဘာ ၁၇ ရက်နေ့မှာတော့ Elon Musk နာမည်အဖြစ် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

Facebook အနေနဲ့ အကောင့်ပိုင်ရှင်တွေကို တရားဝင်အသိအမှတ်ပြုဖို့အတွက် ကားလိုင်စင်၊ ပတ်စ်ပို့ အစရှိတဲ့အရာတွေကို တောင်းဆိုနေကျဖြစ်ပါတယ်။ ဒါပေမယ့်လည်း လိမ်လည်သူတွေကတော့ ဒီလုပ်ငန်းစဉ်တွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို တခါတလေမှာရှာတွေ့ခဲ့ကြပြီး ပိပိရိရိနဲ့ ဟန်ဆောင်နိုင်ခဲ့တယ်လို့ ယူဆရပါတယ်။

ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး Facebook က တစုံတရာတုံ့ပြန်ထားခြင်းမရှိသေးဘူးလို့ သိရပြီး အဆိုပါစာမျက်နှာကလည်း လက်ရှိမှာ မရှိတော့ဘူးလို့ သိရပါတယ်။ ဒါဟာ ဖျက်ပစ်လိုက်တာလားဆိုတာနဲ့ပတ်သက်ပြီးလည်း မရှင်းမလင်းဖြစ်နေတယ်လို့သိရပါတယ်။

crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

■အီလြန္မက္စ္အျဖစ္ဟန္ေဆာင္ခဲ့တဲ့ Bitcoin လိမ္လည္သူတစ္ဦးကို Blue Mark မွားေပးခဲ့တဲ့ ေဖ့ဘြတ္ခ္

The Verge ရဲ့ ေဖာ္ျပခ်က္အရ ေဖ့ဘြတ္ခ္ဟာ နာမည္ေက်ာ္ဘီလ်ံနာသူေဌး အီလြန္မက္စ္အေယာင္ေဆာင္ထားသူတစ္ဦးရဲ့ စာမ်က္ႏွာကို မွားယြင္းစြာအတည္ျပဳေပးခဲ့ၿပီး Blue Mark ပါ ေပးခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါစာမ်က္ႏွာဟာ အီလြန္မက္စ္ရဲ့ တရားဝင္စာမ်က္ ႏွာအျဖစ္ အတည္ျပဳခံခဲ့ရၿပီး အမွန္တကယ္မွာေတာ့ Bitcoin လိမ္လည္သူတစ္ဦးက ထိန္းခ်ဳပ္ထားတဲ့ စာမ်က္ႏွာျဖစ္ေနခဲ့တယ္လို႔ ဆိုပါတယ္။

Page ရဲ့ Trasparency မွာေတာ့ ဒီစာမ်က္ႏွာကို အက္မင္အမ်ားအျပားက ကိုင္တြယ္ေနတယ္လို႔ ဆိုထားၿပီး Page Manager ကိုေတာ့ အေမရိကကမဟုတ္ဘဲ အီဂ်စ္ကလို႔ ေဖာ္ျပထားခဲ့ပါတယ္။ အီလြန္မက္စ္က အေမရိကမွာေနထိုင္သူျဖစ္ၿပီး အီဂ်စ္ကလို႔ ေဖာ္ျပထားတာက ထူးဆန္းေနခဲ့ၿပီး အဆိုပါအခ်က္ကို Facebook က သတိမျပဳခဲ့တာလားလို႔ ေမးခြန္းထုတ္စရာရွိလာခဲ့ပါတယ္။

လက္ရွိမွာေတာ့ အဆိုပါစာမ်က္ႏွာမွာ Post ေပါင္း ၁၁ ခုသာ ေဖာ္ျပထားၿပီး အမ်ားစုကေတာ့ အီလြန္မက္စ္ရဲ့ တြစ္တာမွာေရးသားမႈေတြကို ျပန္ေဖာ္ျပထားတာျဖစ္ပါတယ္။ ဒီ Page ကို ၂၀၁၉ ဇူလိုင္လ ၂၈ ရက္ေန႔က စတင္ဖန္တီးခဲ့ၿပီး Kizito Gavin နာမည္နဲ႔ျဖစ္တယ္လို႔ The Verge က ေဖာ္ျပခဲ့ၿပီး နာမည္အမ်ားအျပားေျပာင္းလဲခဲ့ဖူးကာ ေအာက္တိုဘာ ၁၇ ရက္ေန႔မွာေတာ့ Elon Musk နာမည္အျဖစ္ ေျပာင္းလဲခဲ့တာျဖစ္ပါတယ္။

Facebook အေနနဲ႔ အေကာင့္ပိုင္ရွင္ေတြကို တရားဝင္အသိအမွတ္ျပဳဖို႔အတြက္ ကားလိုင္စင္၊ ပတ္စ္ပို႔ အစရွိတဲ့အရာေတြကို ေတာင္းဆိုေနက်ျဖစ္ပါတယ္။ ဒါေပမယ့္လည္း လိမ္လည္သူေတြကေတာ့ ဒီလုပ္ငန္းစဥ္ေတြကို ေက်ာ္လႊားနိုင္မယ့္ နည္းလမ္းေတြကို တခါတေလမွာရွာေတြ႕ခဲ့ၾကၿပီး ပိပိရိရိနဲ႔ ဟန္ေဆာင္နိုင္ခဲ့တယ္လို႔ ယူဆရပါတယ္။

ဒီအျဖစ္အပ်က္နဲ႔ပတ္သက္ၿပီး Facebook က တစုံတရာတုံ႔ျပန္ထားျခင္းမရွိေသးဘူးလို႔ သိရၿပီး အဆိုပါစာမ်က္ႏွာကလည္း လက္ရွိမွာ မရွိေတာ့ဘူးလို႔ သိရပါတယ္။ ဒါဟာ ဖ်က္ပစ္လိုက္တာလားဆိုတာနဲ႔ပတ္သက္ၿပီးလည္း မရွင္းမလင္းျဖစ္ေနတယ္လို႔သိရပါတယ္။

crd
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။