■အီလွန်မက်စ်ရဲ့ ပိုင်ဆိုင်မှုထဲက ၂%မျှနဲ့ ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုကို ဖြေရှင်းနိုင်တယ်လို့ ကုလပြောဆို

■အီလွန်မက်စ်ရဲ့ ပိုင်ဆိုင်မှုထဲက ၂%မျှနဲ့ ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုကို ဖြေရှင်းနိုင်တယ်လို့ ကုလပြောဆို

ကမ္ဘာပေါ်က ချမ်းသာကြွယ်ဝတဲ့ လူတစ်ခုအနေနဲ့ သူတို့ပိုင်ဆိုင်မှုရဲ့ အနည်းငယ်မျှသော အစိတ်အပိုင်းလောက်နဲ့ ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုကို ဖြေရှင်းပေးနိုင်တယ်လို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ ဒါရိုက်တာဖြစ်သူ David Beasley က ပြောဆိုလိုက်ပါတယ်။CNN က ပြုလုပ်ခဲ့တဲ့ Connect the World အင် တာဗျူးအစီအစဉ်တစ်ခုမှာ ကမ္ဘာ့အချမ်းသာဆုံးသူဌေးနှစ်ယောက်ဖြစ်တဲ့ ဂျက်ဘီဇော့ နဲ့ အီလွန်မက်စ်တို့ကို ကိုးကားပြီး ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

“လူပေါင်း ၄၂ သန်းကို ကူညီဖို့ အမေရိကန်ဒေါ်လာ ၆ ဘီလီယံလိုအပ်ပြီး ဒါကိုသာ လက်လှမ်းမမှီဘူးဆိုရင် သေသွားပါလိမ့်မယ်” လို့ Beasley က ဆိုပါတယ်။ နာမည်ကျော်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Tesla ကို တည် ထောင်သူ အီလွန်မက်စ်ဟာ ဒေါ်လာ ၂၈၉ ဘီလီယံအထိ ကြွယ်ဝချမ်းသာသူဖြစ်ပြီး သူ့ပိုင်ဆိုင်မှုရဲ့ ၂% ခန့်ကို လှူဒါန်းရုံနဲ့ သန်းပေါင်းများစွာသော လူတွေကို ကယ်တင်နိုင်မှာဖြစ်တယ်လို့ Beasley က ဆိုလိုခဲ့တာဖြစ်ပါတယ်။

အမေရိကန်ဘီလျံနာတွေရဲ့ ပိုင်ဆိုင်မှုဟာ ကိုဗစ်ကပ်ရောဂါကာလအတွင်း ၂ဆအထိ မြင့်တက်လာခဲ့တယလို့ သိရပြီး ဘီလျံနာစုစုပေါင်းရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာ ၅.၀၄ ထရီလီယံအထိ ရှိလာခဲ့တယ်လို့ Institute for Policy Studies and Americans for Tax Fairness ရဲ့ ဖော်ပြချက်အရ သိရှိရကာ ဒီရေအလားတိုးပွားလာနေတာလည်းဖြစ်ပါတယ်။

“ရာသီဥတုပြောင်းလဲမှု၊ ကိုဗစ်ကပ်ရောဂါတွေကြောင့် နိုင်ငံအများအပြားကို ငတ်မွတ်ခေါင်းပါးခြင်းတံခါးကို ခေါက်နေကြပါတယ်” လို့ Beasley က ထပ်မံပြောဆိုခဲ့ပါတယ်။ အာဖဂန်လူဦးရေထက်ဝက်ဖြစ်တဲ့ ၂၂.၈ သန်းဟာ အလွန်အမင်းဆာလောင်ငတ်မွတ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ WFP က တနင်္လာနေ့က ထုတ်ပြန်ခဲ့ပြီး အလုပ်လက်မဲ့များပြားခြင်း၊

ငွေဖြစ်လွယ်မှုအကျပ်အတည်းကြောင့် အာဖဂန်ဟာ လူသားချင်းစာနာမှုအကျပ်အတည်းရဲ့ အစွန်းဘက်ကို တဟုန်ထိုးကျဆင်းနေပြီး အသက် ၅ နှစ်အောက် က လေးငယ် ၃.၂သန်းဟာ အန္တရာယ်ရှိနေတယ်လို့ အစီရ င်ခံစာက ဆိုပါတယ်။အီသီယိုးပီးယားမှာ လူဦးရေ ၅.၂ သန်းဟာ အရေးပေါ်စားနပ်ရိက္ခာထောက်ပံ့မှုလိုအပ်နေတယ်လို့ WFP က ဆိုပါတယ်။

Tigray ဒေသမှာ Tigray People’s Liberation Front (TPLF) ကို ပြီးခဲ့တဲ့နှစ်ကတည်းက အစိုးရတပ်တွေက ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေတာဖြစ်ပြီး အဆိုပါဒေသက လူပေါင်းသန်းနဲ့ချီကာငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ချမ်းသာကြွယ်ဝတဲ့ ဘီလျံနာတွေကို လှူဒါန်းဖို့ လှုံ့ဆော်ခဲ့တာလည်းဖြစ်ပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။