■အီရန် နျူကလီယားစီမံကိန်းကို ဗုံးကြဲလေယာဉ်နဲ့ အမေရိကန်က ဖိအားစပေး

■အီရန် နျူကလီယားစီမံကိန်းကို ဗုံးကြဲလေယာဉ်နဲ့ အမေရိကန်က ဖိအားစပေး

၃၁ အောက်တိုဘာ ၂၀၂၁
နျူကလီယားစီမံကိန်းနဲ့ ပတ်သက်လို့ အီရန်ကို ဖိအားပေးတဲ့အနေနဲ့ အမေရိကန်ဗုံးကြဲလေယာဉ် the Rockwell B-1 Lancer နဲ့ တိုက်လေယာဉ်အုပ်စုဟာ ဒေသစံတော်ချိန် ပင်လယ်ကွေ့ဝေဟင်မှာ အောက်တိုဘာ ၂၉ နဲ့ ၃၀ က ပျံသန်းကြောင်း အမေရိကန်စစ်ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

အမေရိကန်ဗုံးကြဲလေယာဉ်အုပ်စုကို ဒေသတွင်း မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ အစ္စရေး၊ ဆော်ဒီ၊ ဘာရိန်းနဲ့ အီဂျစ် တိုက်လေယာဉ်တွေက သက်ဆိုင်ရာ ဝေဟင်ပိုင်နက်တွေအလိုက် လုံခြုံရေးလိုက်ပါ ကာကွယ်ပေးခဲ့တယ်ဆိုပါတယ်။

နျူကလီးယားစီမံကိန်းနဲ့ပတ်သက်လို့ နိုင်ငံတကာနဲ့သဘောတူထားတဲ့အတိုင်း ဆွေးနွေးရေးစကားဝိုင်းကို ခြွင်းချက်မရှိ အမြန်ပြန်လာဖို့ အမေရိကန်နဲ့ ဒေသတွင်းနိုင်ငံတွေက အီရန်ကို တောင်းဆိုနေတာ လပေါင်းများစွာ ကြာခဲ့ပါပြီ။

သံတမန်နည်းလမ်းပေါင်းစုံ သုံးခဲ့တာ အချိန်လုံလောက်သင့်ပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သတိပေးပြောကြားပြီး ကြာခင်မှာ အခုလို အမေရိကန် ဗုံးကြဲလေယာဉ်နဲ့ ဒေသတွင်း မဟာမိတ်နိုင်ငံတွေက ပင်လယ်ကွေ့နဲ့အရှေ့အလယ်ပိုင်းမှာ ပထမဆုံး စစ်အင်အားပြလာတာဖြစ်ပါတယ်။

crd-BurmaNewsNetwork

zawgyi

■အီရန္ န်ဴကလီယားစီမံကိန္းကို ဗုံးၾကဲေလယာဥ္နဲ႔ အေမရိကန္က ဖိအားစေပး

၃၁ ေအာက္တိုဘာ ၂၀၂၁
န်ဴကလီယားစီမံကိန္းနဲ႔ ပတ္သက္လို႔ အီရန္ကို ဖိအားေပးတဲ့အေနနဲ႔ အေမရိကန္ဗုံးၾကဲေလယာဥ္ the Rockwell B-1 Lancer နဲ႔ တိုက္ေလယာဥ္အုပ္စုဟာ ေဒသစံေတာ္ခ်ိန္ ပင္လယ္ေကြ႕ေဝဟင္မွာ ေအာက္တိုဘာ ၂၉ နဲ႔ ၃၀ က ပ်ံသန္းေၾကာင္း အေမရိကန္စစ္ဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ပါတယ္။

အေမရိကန္ဗုံးၾကဲေလယာဥ္အုပ္စုကို ေဒသတြင္း မဟာမိတ္နိုင္ငံေတြျဖစ္တဲ့ အစၥေရး၊ ေဆာ္ဒီ၊ ဘာရိန္းနဲ႔ အီဂ်စ္ တိုက္ေလယာဥ္ေတြက သက္ဆိုင္ရာ ေဝဟင္ပိုင္နက္ေတြအလိုက္ လုံျခဳံေရးလိုက္ပါ ကာကြယ္ေပးခဲ့တယ္ဆိုပါတယ္။

န်ဴကလီးယားစီမံကိန္းနဲ႔ပတ္သက္လို႔ နိုင္ငံတကာနဲ႔သေဘာတူထားတဲ့အတိုင္း ေဆြးေႏြးေရးစကားဝိုင္းကို ႁခြင္းခ်က္မရွိ အျမန္ျပန္လာဖို႔ အေမရိကန္နဲ႔ ေဒသတြင္းနိုင္ငံေတြက အီရန္ကို ေတာင္းဆိုေနတာ လေပါင္းမ်ားစြာ ၾကာခဲ့ပါၿပီ။

သံတမန္နည္းလမ္းေပါင္းစုံ သုံးခဲ့တာ အခ်ိန္လုံေလာက္သင့္ၿပီလို႔ အေမရိကန္နိုင္ငံျခားေရးဝန္ႀကီး Antony Blinken က သတိေပးေျပာၾကားၿပီး ၾကာခင္မွာ အခုလို အေမရိကန္ ဗုံးၾကဲေလယာဥ္နဲ႔ ေဒသတြင္း မဟာမိတ္နိုင္ငံေတြက ပင္လယ္ေကြ႕နဲ႔အေရွ႕အလယ္ပိုင္းမွာ ပထမဆုံး စစ္အင္အားျပလာတာျဖစ္ပါတယ္။

crd-BurmaNewsNetwork