■အိန္ဒိယရေတပ်၏ P-75I အစီအစဉ်အတွက် နိုင်ငံ ၄ နိုင်ငံကနေ ရေငုပ်သင်္ဘောပုံစံ ၄ စီးယှဉ်ပြိုင်အဆိုပြု

■အိန္ဒိယရေတပ်၏ P-75I အစီအစဉ်အတွက် နိုင်ငံ ၄ နိုင်ငံကနေ ရေငုပ်သင်္ဘောပုံစံ ၄ စီးယှဉ်ပြိုင်အဆိုပြု

အိန္ဒိယ၏ P-75I ရေငုပ်သင်္ဘော အစီအစဉ်အတွက် ပြင်သစ်၊ တောင်ကိုရီးယား၊ စပိန်နှင့် ရုရှားတို့က ရေငုပ်သင်္ဘော ပုံစံများအား အဆိုပြုယှဉ်ပြိုင်ထားသည်။

အိန္ဒိယရေတပ်မျိုးဆက်သစ်‌ ရေငုပ်သ‌‌င်္ဘောအတွက်အဓိကလိုအပ်ချက်သည် Air Independent Power – AIP စနစ်နှင့် ပြည်တွင်းထုတ် BrahMos ပစ်ခတ်နိုင်မည့် ဒေါင်လိုက်ပစ်စင်(VLS)ထည့်သွင်းနိုင်ရေး အတွက်ဖြစ်နိုင်ပြီး ယခု အသုံးပြုနေသည့် Kalvari အတန်းစားရေငုပ်သင်္ဘောထက် အရွယ်အစားပိုကြီးမားပြီး စွမ်းရည်ပိုမိုကောင်းမွန်ရန်လိုအပ်သည်။

ယခုအဆိုပြုထားသည့် ၄ နိုင်ငံမှ မည်သည့်နိုင်ငံ၏ ဒီဇိုင်းအားရွေးချယ်သည်ဖြစ်စေ နိုင်ငံရေး၊ စက်မှုစွမ်းအားနှင့် အိန္ဒိယရေတပ်၏ လိုအပ်ချက်များအတိုင်း ပြည်တွင်းမှာပင် တည်ဆောက်‌သွားရန် ရည်ရွယ်ထားသည်။

အဆိုပြုထားသည့် ရေငုပ်သင်္ဘော ပုံစံ ၄ စီးသည် ပြင်သစ်မှ Barracuda၊ စပိန်မှ S-80-Plus၊ တောင်ကိုရီးယားမှ DSME-3000 နှင့် ရုရှားမှ Amur အတန်းစား ရေငုပ်သင်္ဘောများဖြစ်သည်။

အိန္ဒိယ ရေတပ်သည် ၎င်းရေငုပ်သင်္ဘောအတွက် လိုအပ်ချက်များအား ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပေ။ ဖြစ်နိုင်ခြေအရှိဆုံးပုံစံသည် ယခင် သမာရိုးကျရေငုပ်သင်္ဘောများထက် ပိုမိုကြီးမားပြီး AIP စနစ် နှင့် BrahMos ဒုံးပျံပစ်ခတ်နိုင်မည့် VLS များ ပါရှိရေးဖြစ်သည်။

အိန္ဒိယသည် လက်ရှိ ပြင်သစ်၏ Scorpene type Kalvari အတန်းစား ရေငုပ်သင်္ဘောတွင် တင်ဆင်အသုံးပြုရန် AIP fuel cell အတွက် ကိုယ်ပိုင်ထုတ်လုပ်နိုင်ရန်ကြိုးပမ်းချက်ရှိသည်။

ထိုကြောင့်လည်း AIP စနစ်၏ ပိုမိုကောင်းမွန်သော ဒီဇိုင်းနှင့် နည်းပညာရရှိနိုင်ရန် P-57I စီမံကိန်းအရ AIP စနစ်ပါသည့် ရေငုပ်သင်္ဘောအား နိုင်ငံခြားနည်းပညာဖြင့် ပြည်တွင်းတွင် တည်ဆောက်နိုင်ရန်စီစဉ်နေခြင်းဖြစ်သည်။ VLS တပ်ဆင်အသုံးပြုနိုင်ရေးအတွက်သည် ယခုအဆိုပြုထားသည့် ရေငုပ်သင်္ဘောဒီဇိုင်းများသည် သေးငယ်သောကြောင့် အခက်အခဲရှိနေနိုင်သည်။

ပြင်သစ်၏ Barracuda Class Submarine

ပြင်သစ်၏ France’s Naval Group သင်္ဘောတည်ဆောက်ရေးကုမ္ပဏီမှ အဆိုပြုတင်သွင်းထားသည့် ဒီဇယ်-လျှပ်စစ်သမာရိုးကျ တိုက်ခိုက်ရေး‌ရေငုပ်သင်္ဘော ဒီဇိုင်းဖြစ်ပြီး Kalvari အတန်းစားနှင့် ကွာခြားချက်သိပ်မရှိပေ။ Barracuda အတန်းစား နျူကလီးယား စွမ်းအင်သုံးရေငုပ်သင်္ဘောအား ပြင်သစ်ရေတပ်တွင်အသုံးပြုလျက်ရှိသည်။

Sail-mounted hydroplanes တပ်ဆင်ထားပြီး Fuel-cells အသုံးပြု AIP စနစ်ပါရှိသည်။ Fuel-cell အသုံးပြုခြင်းကြောင့် ရေငုပ်သင်္ဘောပေါ်တွင် Hydrogen သိုလှောင်ထားရမှု လိုအပ်ချက်အားဖယ်ရှားနိုင်သည်။ အခြားအဆိုပြုရေငုပ်သင်္ဘောဒီဇိုင်းများထက်အားသာချက်သည် ရေငုပ်သင်္ဘော၏ အချင်းသည် ၈.၅ မီတာ ရှိပြီး VLS တပ်ဆင်ရန် ပိုမိုအဆင်ပြေခြင်းဖြစ်သည်။

Barracuda အတန်းစား ရေငုပ်သင်္ဘောများသည် ပြင်သစ်ပြည်တွင်းထုတ် MdCN Cruise ဒုံးပျံပစ်ခတ်နိုင်သည်။ နောက်ထပ်ထူးခြားချက်တစ်ခုသည် Rudder သည် X ပုံသဏ္ဍာန်ဖြစ်နိုင်ခြေရှိပြီး Pump jet တပ်ဆင်လာဖွယ်ရှိသည်။

တောင်ကိုရီးယား၏ DSME-3000 Missile Submarine

တောင်ကိုရီးယားသည် ရေငုပ်သင်္ဘောရောင်းချရေးဈေးကွက်သို့ဝင်လာခဲ့သည်။ အင်ဒိုနီးရှားသို့လည်း ရောင်းချပေးထားခြင်းရှိသည်။ ယခု အိန္ဒိရေတပ်အတွက်လည်း ၎င်းတို့၏ ပြည်တွင်းဖြစ် KSS-III design အားရောင်းချပေးရန် ကမ်းလှမ်းလာခဲ့သည်။ အဆိုပါရေငုပ်သင်္ဘောသည် AIP စနစ်တပ်ဆင်ရန် နေရာရှိပြီး ဂျမနီ၏ Fuel-cell တပ်ဆင်ပေးလာဖွယ်ရှိသည်။

ထိုကြောင့် အိန္ဒိယရေတပ်၏ လိုအပ်ချက်အတွက် ထွေ‌ထွေထူးထူးပြောင်းလဲမှုလုပ်ဆောင်ရန်မလိုအပ်ပေ။ တောင်ကိုရီးယားသည် ရေငုပ်သင်္ဘောတွင် Lithium battery နည်းပညာအသုံးပြုနိုင်ရန် ကြိုးပမ်းမှုတွင် ရှေ့ဆုံးရောက်နေသောနိုင်ငံဖြစ်ပြီး ဤအချက်သည် အိန္ဒိယရေတပ်ကို ပိုမိုအကြိုက်တွေ့စေနိုင်မည်ဖြစ်သည်။

နောက်ထပ်အားသာချက်တစ်ခုသည် အဆိုပါရေငုပ်သင်္ဘောတွင် တောင်ကိုရီးယား၏ Hyunmoo 4-4 missile ပစ်ခတ်နိုင်သည့် ဒေါင်လိုက်ပစ်ဒုံးပစ်ပြွန် ၆ ခု သို့မဟုတ် ၁၀ ခုတပ်ဆင်ထားခြင်းဖြစ်သည်။

Hyunmoo 4-4 missile သည် အကြမ်းအားဖြင့် အိန္ဒိယ၏ သာမာန် ထိပ်ဖူးတပ် K-15 Sagarika နှင့် တူညီမှုရှိသည်။ အရွယ်အစားနှင့် အလေးချိန်တော့ အတိအကျတူညီသည်မဟုတ်ပေ။ သို့သော် BrahMos ဒုံးပျံတပ်ဆင်နိုင်ရန်အတွက် ပိုမိုလွယ်ကူစေနိုင်သည်။

စပိန်၏ အဆင့်မြှင့်တင်ထားသည့် S-80 Plus Submarine

စပိန်ကုမ္ပဏီ Navantia အဆိုပြုသည့် S-80 Plus ရေငုပ်သင်္ဘောသည် ပြင်သစ်၏ Scorpene design (အိန္ဒိယ၏ Kalvari Class) ထက်ကြီးပြီး တောင်ကိုရီးယား၏ KSS-III ထက် သေးငယ်သည်။ AIP စနစ်အသုံးပြုထားပြီး ပြင်သစ်ရေငုပ်သင်္ဘောကဲ့သို့ပင် Hydrogen သိုလှောင်ထားရန်မလိုအပ်ပေ။

လက်ရှိ စပိန်ရေတပ်တွင်အသုံးပြုနေသည့် S-80 Plus ရေငုပ်သင်္ဘောတွင် AIP စနစ်တပ်ဆင်မထားသော်လည်း စမ်းသပ်တပ်ဆင်နေပြီဖြစ်ပြီး လာမည့်နှစ်တွင် ပင်လယ်ပြင်ထွက်ပြီး စမ်းသပ်သွားမည်ဖြစ်သည်။ အဆိုပါရေငုပ်သင်္ဘောတွင် VLS တပ်ဆင်ပေးခြင်း ရှိ/မရှိသည် တိတိကျကျမဖော်ပြထားပေ မူလဒီဇိုင်းသည် တော်ပီဒိုပြွန်မှ land-attack cruise missiles ပစ်ခတ်နိုင်ရန် ရည်ရွယ်တည်ဆောက်ထားသည်။

ရုရှား၏ Amur အတန်းစား ရေငုပ်သင်္ဘော

Amur အတန်းစားသည် Lada အတန်းစားရေငုပ်သင်္ဘော၏ နိုင်ငံခြားသို့ရောင်းချသည့် မျိုးကွဲဖြစ်ပြီး နှစ်ပေါင်းအတော်ကြာ တင်ပို့ရောင်းချခဲ့ပြီးဖြစ်သည်။ ရုရှားသည် အိန္ဒိယနှင့် ခိုင်မာသည့် ဆက်ဆံမှုရှိပြီး လက်ရှိတွင် Kilo အတန်းစားရေငုပ်သင်္ဘောများ အိန္ဒိယရေတပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။

Amur သည် Kilo အတန်းစားနှင့် ကွာခြားမှုများစွာမရှိပေ သို့သော် ကိုယ်ထည် တစ်ထပ်တည်းဖြင့် ဒီဇိုင်းရေးဆွဲထားသည်။ ရေငုပ်သင်္ဘောကိုယ်ထည် အချင်းသည် ပြင်သစ်၏ Barracuda အတန်းစားထက် ၁.၅ မီတာကျဉ်းပြီး အဆိုပြုဒီဇိုင်းများတွင် အသေးဆုံးဖြစ်သည်။ သို့သော် VLS တပ်ဆင်သည့်ဒီဇိုင်းပုံစံအား ပြသထားခြင်းရှိသည်။

အဆိုပါရေငုပ်သင်္ဘောတွင် BrahMos ထက် Kalibr ၏ အရွယ်အစားသေးသော ဒုံးပျံမျိုးကွဲပစ်ခတ်နိုင်ခြေရှိသည်။ အဓိကစိန်ခေါ်မှုတစ်ခုသည် ရုရှားသည် ၎င်း၏ Lada အတန်းစား ရေငုပ်သင်္ဘောတွင် AIP တပ်ဆင်ရန် စမ်းသပ် တီထွင်ဆဲဖြစ်သည်။

သို့သော် ရုရှားအတွက် အားသာချက်တစ်ခုသည် သမိုင်းကြောင်းအရခိုင်မာသော ဆက်ဆံရေးဖြစ်သည်။ ရုရှားအနေဖြင့် ယခုကဲ့သို့ အိန္ဒိယ‌ရေတပ်အတွက် ရေငုပ်သင်္ဘော အဆိုပြုမှုသည် နျူကလီးယားစွမ်းအင်မသုံးသည့် နောက်မျိုးဆက်သစ်ရေငုပ်သင်္ဘောစီမံကိန်းအတွက် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းသဘောတစ်ခုအဖြစ် သဘောထားသည်။
Crd..Blue Ocean Diary
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

■အိႏၵိယေရတပ္၏ P-75I အစီအစဥ္အတြက္ နိုင္ငံ ၄ နိုင္ငံကေန ေရငုပ္သေဘၤာပုံစံ ၄ စီးယွဥ္ၿပိဳင္အဆိုျပဳ

အိႏၵိယ၏ P-75I ေရငုပ္သေဘၤာ အစီအစဥ္အတြက္ ျပင္သစ္၊ ေတာင္ကိုရီးယား၊ စပိန္ႏွင့္ ႐ုရွားတို႔က ေရငုပ္သေဘၤာ ပုံစံမ်ားအား အဆိုျပဳယွဥ္ၿပိဳင္ထားသည္။

အိႏၵိယေရတပ္မ်ိဳးဆက္သစ္‌ ေရငုပ္သ‌‌ေဘၤာအတြက္အဓိကလိုအပ္ခ်က္သည္ Air Independent Power – AIP စနစ္ႏွင့္ ျပည္တြင္းထုတ္ BrahMos ပစ္ခတ္နိုင္မည့္ ေဒါင္လိုက္ပစ္စင္(VLS)ထည့္သြင္းနိုင္ေရး အတြက္ျဖစ္နိုင္ၿပီး ယခု အသုံးျပဳေနသည့္ Kalvari အတန္းစားေရငုပ္သေဘၤာထက္ အရြယ္အစားပိုႀကီးမားၿပီး စြမ္းရည္ပိုမိုေကာင္းမြန္ရန္လိုအပ္သည္။

ယခုအဆိုျပဳထားသည့္ ၄ နိုင္ငံမွ မည္သည့္နိုင္ငံ၏ ဒီဇိုင္းအားေရြးခ်ယ္သည္ျဖစ္ေစ နိုင္ငံေရး၊ စက္မႈစြမ္းအားႏွင့္ အိႏၵိယေရတပ္၏ လိုအပ္ခ်က္မ်ားအတိုင္း ျပည္တြင္းမွာပင္ တည္ေဆာက္‌သြားရန္ ရည္ရြယ္ထားသည္။

အဆိုျပဳထားသည့္ ေရငုပ္သေဘၤာ ပုံစံ ၄ စီးသည္ ျပင္သစ္မွ Barracuda၊ စပိန္မွ S-80-Plus၊ ေတာင္ကိုရီးယားမွ DSME-3000 ႏွင့္ ႐ုရွားမွ Amur အတန္းစား ေရငုပ္သေဘၤာမ်ားျဖစ္သည္။

အိႏၵိယ ေရတပ္သည္ ၎ေရငုပ္သေဘၤာအတြက္ လိုအပ္ခ်က္မ်ားအား ထုတ္ေဖာ္ေျပာဆိုထားျခင္းမရွိေသးေပ။ ျဖစ္နိုင္ေျခအရွိဆုံးပုံစံသည္ ယခင္ သမာရိုးက်ေရငုပ္သေဘၤာမ်ားထက္ ပိုမိုႀကီးမားၿပီး AIP စနစ္ ႏွင့္ BrahMos ဒုံးပ်ံပစ္ခတ္နိုင္မည့္ VLS မ်ား ပါရွိေရးျဖစ္သည္။

အိႏၵိယသည္ လက္ရွိ ျပင္သစ္၏ Scorpene type Kalvari အတန္းစား ေရငုပ္သေဘၤာတြင္ တင္ဆင္အသုံးျပဳရန္ AIP fuel cell အတြက္ ကိုယ္ပိုင္ထုတ္လုပ္နိုင္ရန္ႀကိဳးပမ္းခ်က္ရွိသည္။

ထိုေၾကာင့္လည္း AIP စနစ္၏ ပိုမိုေကာင္းမြန္ေသာ ဒီဇိုင္းႏွင့္ နည္းပညာရရွိနိုင္ရန္ P-57I စီမံကိန္းအရ AIP စနစ္ပါသည့္ ေရငုပ္သေဘၤာအား နိုင္ငံျခားနည္းပညာျဖင့္ ျပည္တြင္းတြင္ တည္ေဆာက္နိုင္ရန္စီစဥ္ေနျခင္းျဖစ္သည္။ VLS တပ္ဆင္အသုံးျပဳနိုင္ေရးအတြက္သည္ ယခုအဆိုျပဳထားသည့္ ေရငုပ္သေဘၤာဒီဇိုင္းမ်ားသည္ ေသးငယ္ေသာေၾကာင့္ အခက္အခဲရွိေနနိုင္သည္။

ျပင္သစ္၏ Barracuda Class Submarine

ျပင္သစ္၏ France’s Naval Group သေဘၤာတည္ေဆာက္ေရးကုမၸဏီမွ အဆိုျပဳတင္သြင္းထားသည့္ ဒီဇယ္-လၽွပ္စစ္သမာရိုးက် တိုက္ခိုက္ေရး‌ေရငုပ္သေဘၤာ ဒီဇိုင္းျဖစ္ၿပီး Kalvari အတန္းစားႏွင့္ ကြာျခားခ်က္သိပ္မရွိေပ။ Barracuda အတန္းစား န်ဴကလီးယား စြမ္းအင္သုံးေရငုပ္သေဘၤာအား ျပင္သစ္ေရတပ္တြင္အသုံးျပဳလ်က္ရွိသည္။

Sail-mounted hydroplanes တပ္ဆင္ထားၿပီး Fuel-cells အသုံးျပဳ AIP စနစ္ပါရွိသည္။ Fuel-cell အသုံးျပဳျခင္းေၾကာင့္ ေရငုပ္သေဘၤာေပၚတြင္ Hydrogen သိုေလွာင္ထားရမႈ လိုအပ္ခ်က္အားဖယ္ရွားနိုင္သည္။ အျခားအဆိုျပဳေရငုပ္သေဘၤာဒီဇိုင္းမ်ားထက္အားသာခ်က္သည္ ေရငုပ္သေဘၤာ၏ အခ်င္းသည္ ၈.၅ မီတာ ရွိၿပီး VLS တပ္ဆင္ရန္ ပိုမိုအဆင္ေျပျခင္းျဖစ္သည္။

Barracuda အတန္းစား ေရငုပ္သေဘၤာမ်ားသည္ ျပင္သစ္ျပည္တြင္းထုတ္ MdCN Cruise ဒုံးပ်ံပစ္ခတ္နိုင္သည္။ ေနာက္ထပ္ထူးျခားခ်က္တစ္ခုသည္ Rudder သည္ X ပုံသ႑ာန္ျဖစ္နိုင္ေျခရွိၿပီး Pump jet တပ္ဆင္လာဖြယ္ရွိသည္။

ေတာင္ကိုရီးယား၏ DSME-3000 Missile Submarine

ေတာင္ကိုရီးယားသည္ ေရငုပ္သေဘၤာေရာင္းခ်ေရးေဈးကြက္သို႔ဝင္လာခဲ့သည္။ အင္ဒိုနီးရွားသို႔လည္း ေရာင္းခ်ေပးထားျခင္းရွိသည္။ ယခု အိႏၵိေရတပ္အတြက္လည္း ၎တို႔၏ ျပည္တြင္းျဖစ္ KSS-III design အားေရာင္းခ်ေပးရန္ ကမ္းလွမ္းလာခဲ့သည္။ အဆိုပါေရငုပ္သေဘၤာသည္ AIP စနစ္တပ္ဆင္ရန္ ေနရာရွိၿပီး ဂ်မနီ၏ Fuel-cell တပ္ဆင္ေပးလာဖြယ္ရွိသည္။

ထိုေၾကာင့္ အိႏၵိယေရတပ္၏ လိုအပ္ခ်က္အတြက္ ေထြ‌ေထြထူးထူးေျပာင္းလဲမႈလုပ္ေဆာင္ရန္မလိုအပ္ေပ။ ေတာင္ကိုရီးယားသည္ ေရငုပ္သေဘၤာတြင္ Lithium battery နည္းပညာအသုံးျပဳနိုင္ရန္ ႀကိဳးပမ္းမႈတြင္ ေရွ႕ဆုံးေရာက္ေနေသာနိုင္ငံျဖစ္ၿပီး ဤအခ်က္သည္ အိႏၵိယေရတပ္ကို ပိုမိုအႀကိဳက္ေတြ႕ေစနိုင္မည္ျဖစ္သည္။

ေနာက္ထပ္အားသာခ်က္တစ္ခုသည္ အဆိုပါေရငုပ္သေဘၤာတြင္ ေတာင္ကိုရီးယား၏ Hyunmoo 4-4 missile ပစ္ခတ္နိုင္သည့္ ေဒါင္လိုက္ပစ္ဒုံးပစ္ႁပြန္ ၆ ခု သို႔မဟုတ္ ၁၀ ခုတပ္ဆင္ထားျခင္းျဖစ္သည္။

Hyunmoo 4-4 missile သည္ အၾကမ္းအားျဖင့္ အိႏၵိယ၏ သာမာန္ ထိပ္ဖူးတပ္ K-15 Sagarika ႏွင့္ တူညီမႈရွိသည္။ အရြယ္အစားႏွင့္ အေလးခ်ိန္ေတာ့ အတိအက်တူညီသည္မဟုတ္ေပ။ သို႔ေသာ္ BrahMos ဒုံးပ်ံတပ္ဆင္နိုင္ရန္အတြက္ ပိုမိုလြယ္ကူေစနိုင္သည္။

စပိန္၏ အဆင့္ျမႇင့္တင္ထားသည့္ S-80 Plus Submarine

စပိန္ကုမၸဏီ Navantia အဆိုျပဳသည့္ S-80 Plus ေရငုပ္သေဘၤာသည္ ျပင္သစ္၏ Scorpene design (အိႏၵိယ၏ Kalvari Class) ထက္ႀကီးၿပီး ေတာင္ကိုရီးယား၏ KSS-III ထက္ ေသးငယ္သည္။ AIP စနစ္အသုံးျပဳထားၿပီး ျပင္သစ္ေရငုပ္သေဘၤာကဲ့သို႔ပင္ Hydrogen သိုေလွာင္ထားရန္မလိုအပ္ေပ။

လက္ရွိ စပိန္ေရတပ္တြင္အသုံးျပဳေနသည့္ S-80 Plus ေရငုပ္သေဘၤာတြင္ AIP စနစ္တပ္ဆင္မထားေသာ္လည္း စမ္းသပ္တပ္ဆင္ေနၿပီျဖစ္ၿပီး လာမည့္ႏွစ္တြင္ ပင္လယ္ျပင္ထြက္ၿပီး စမ္းသပ္သြားမည္ျဖစ္သည္။ အဆိုပါေရငုပ္သေဘၤာတြင္ VLS တပ္ဆင္ေပးျခင္း ရွိ/မရွိသည္ တိတိက်က်မေဖာ္ျပထားေပ မူလဒီဇိုင္းသည္ ေတာ္ပီဒိုႁပြန္မွ land-attack cruise missiles ပစ္ခတ္နိုင္ရန္ ရည္ရြယ္တည္ေဆာက္ထားသည္။

႐ုရွား၏ Amur အတန္းစား ေရငုပ္သေဘၤာ

Amur အတန္းစားသည္ Lada အတန္းစားေရငုပ္သေဘၤာ၏ နိုင္ငံျခားသို႔ေရာင္းခ်သည့္ မ်ိဳးကြဲျဖစ္ၿပီး ႏွစ္ေပါင္းအေတာ္ၾကာ တင္ပို႔ေရာင္းခ်ခဲ့ၿပီးျဖစ္သည္။ ႐ုရွားသည္ အိႏၵိယႏွင့္ ခိုင္မာသည့္ ဆက္ဆံမႈရွိၿပီး လက္ရွိတြင္ Kilo အတန္းစားေရငုပ္သေဘၤာမ်ား အိႏၵိယေရတပ္တြင္ တာဝန္ထမ္းေဆာင္လ်က္ရွိသည္။

Amur သည္ Kilo အတန္းစားႏွင့္ ကြာျခားမႈမ်ားစြာမရွိေပ သို႔ေသာ္ ကိုယ္ထည္ တစ္ထပ္တည္းျဖင့္ ဒီဇိုင္းေရးဆြဲထားသည္။ ေရငုပ္သေဘၤာကိုယ္ထည္ အခ်င္းသည္ ျပင္သစ္၏ Barracuda အတန္းစားထက္ ၁.၅ မီတာက်ဥ္းၿပီး အဆိုျပဳဒီဇိုင္းမ်ားတြင္ အေသးဆုံးျဖစ္သည္။ သို႔ေသာ္ VLS တပ္ဆင္သည့္ဒီဇိုင္းပုံစံအား ျပသထားျခင္းရွိသည္။

အဆိုပါေရငုပ္သေဘၤာတြင္ BrahMos ထက္ Kalibr ၏ အရြယ္အစားေသးေသာ ဒုံးပ်ံမ်ိဳးကြဲပစ္ခတ္နိုင္ေျခရွိသည္။ အဓိကစိန္ေခၚမႈတစ္ခုသည္ ႐ုရွားသည္ ၎၏ Lada အတန္းစား ေရငုပ္သေဘၤာတြင္ AIP တပ္ဆင္ရန္ စမ္းသပ္ တီထြင္ဆဲျဖစ္သည္။

သို႔ေသာ္ ႐ုရွားအတြက္ အားသာခ်က္တစ္ခုသည္ သမိုင္းေၾကာင္းအရခိုင္မာေသာ ဆက္ဆံေရးျဖစ္သည္။ ႐ုရွားအေနျဖင့္ ယခုကဲ့သို႔ အိႏၵိယ‌ေရတပ္အတြက္ ေရငုပ္သေဘၤာ အဆိုျပဳမႈသည္ န်ဴကလီးယားစြမ္းအင္မသုံးသည့္ ေနာက္မ်ိဳးဆက္သစ္ေရငုပ္သေဘၤာစီမံကိန္းအတြက္ ပူးေပါင္းေဆာင္ရြက္မႈ လုပ္ငန္းသေဘာတစ္ခုအျဖစ္ သေဘာထားသည္။
Crd..Blue Ocean Diary
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။