■အာဏာရှင် ကင်မ်ဂျုံအန်းရဲ့ရှေ့မှောက်မှာ သူ့ရဲ့အထူးတပ်ဖွဲ့က ရက်စက်ကြမ်းကြုတ်တဲ့ ကိုယ်ခံပညာစွမ်းရည်ကို ထုတ်ဖော်ပြသခဲ့တဲ့ ရုပ်သံဖိုင်

■အာဏာရှင် ကင်မ်ဂျုံအန်းရဲ့ရှေ့မှောက်မှာ သူ့ရဲ့အထူးတပ်ဖွဲ့က ရက်စက်ကြမ်းကြုတ်တဲ့ ကိုယ်ခံပညာစွမ်းရည်ကို ထုတ်ဖော်ပြသခဲ့တဲ့ ရုပ်သံဖိုင်

အောက်တိုဘာ (၁၃) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယား စစ်ရေးပြသမှုနှင့် လက်နက်ပြပွဲကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက တက်ရောက်ကြည့်ရှုခဲ့ကြောင့် နိုင်ငံတကာ သတင်းများကဖော်ပြလာခဲ့ပါတယ်။

အဆိုပါအခမ်းအနားမှာ ဖျော်ဖြေရေးတစ်ရပ်အနေနဲ့ အထူးတပ်ဖွဲ့က ရက်စက်ကြမ်းကြုတ်တဲ့ ကိုယ်ခံပညာစွမ်းရည်ကို ထုတ်ဖော်ပြသခဲ့တယ်လို့ ဆိုပါတယ်။ ခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့အတူ အဆိုပါအခမ်းအနားမှာ အရာရှိများ၊ သူ့ရဲ့အစ်မနှင့်အနီးကပ်အကြံပေး

Kim Yo Jong တို့လည်း ရှိနေခဲ့တာဖြစ်ပါတယ်။ အထူးစစ်တပ်ရဲ့ ကိုယ်ခံပညာစွမ်းရည်ကို ထုတ်ဖော်ပြသမှုတွေကိုလည်း ကင်မ်ဂျုံအန်းက သဘောကျခဲ့ပြီး ချီးမွမ်းခဲ့ကြောင်းလည်း ထည့်သွင်းဖော်ပြပေးခဲ့ပါတယ်။ ယခုအခမ်းအနားဟာ အာဏာရအလုပ်သမားပါတီတည်ထောင်ခြင်းနှစ်ပတ်လည်အထိမ်းအမှတ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ နိုင်ငံသတင်းများရဲ့ ဖော်ပြလာခဲ့တဲ့

ရုပ်သံဖိုင်တွေအရ အင်္ကျီမပါတဲ့ အထူးစစ်သည်တော်များဟာ ဖန်ပုလင်းများအား ထုခွဲပြသခြင်း ၊ ရင်ဘတ်ပေါ်တွင် ထူတဲ့ကွန်ကရစ်တုံးတစ်ခုကိုတင်ပြီး အခြားစစ်သားက ထုခွဲပြသခြင်း ၊ ဦးခေါင်းတွေကို တုတ်ဖြင့် ရိုက်ချိုးပြသခြင်း၊

လည်ပင်းနှင့် သံချောင်းကို ကွေးအောင်းလုပ်ပြကြတဲ့အပြင် ခန္ဓာကိုယ်ပေါ်က သံကြိုးတွေကို ဖြတ်တောက်ပြခြင်းများဖြင့် ဖျော်ဖြေခဲ့တာ တွေ့ရပါတယ်။

သတင်းအရင်းမြစ်: Source – The National

crd-mmload

crd

■အာဏာရွင္ ကင္မ္ဂ်ဳံအန္းရဲ့ေရွ႕ေမွာက္မွာ သူ႔ရဲ့အထူးတပ္ဖြဲ႕က ရက္စက္ၾကမ္းၾကဳတ္တဲ့ ကိုယ္ခံပညာစြမ္းရည္ကို ထုတ္ေဖာ္ျပသခဲ့တဲ့ ႐ုပ္သံဖိုင္

ေအာက္တိုဘာ (၁၃) ရက္ေန႔က က်င္းပျပဳလုပ္ခဲ့တဲ့ ေျမာက္ကိုရီးယား စစ္ေရးျပသမႈႏွင့္ လက္နက္ျပပြဲကို ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ဳံအန္းက တက္ေရာက္ၾကည့္ရႈခဲ့ေၾကာင့္ နိုင္ငံတကာ သတင္းမ်ားကေဖာ္ျပလာခဲ့ပါတယ္။

အဆိုပါအခမ္းအနားမွာ ေဖ်ာ္ေျဖေရးတစ္ရပ္အေနနဲ႔ အထူးတပ္ဖြဲ႕က ရက္စက္ၾကမ္းၾကဳတ္တဲ့ ကိုယ္ခံပညာစြမ္းရည္ကို ထုတ္ေဖာ္ျပသခဲ့တယ္လို႔ ဆိုပါတယ္။ ေခါင္းေဆာင္ ကင္မ္ဂ်ဳံအန္းနဲ႔အတူ အဆိုပါအခမ္းအနားမွာ အရာရွိမ်ား၊ သူ႔ရဲ့အစ္မႏွင့္အနီးကပ္အႀကံေပး

Kim Yo Jong တို႔လည္း ရွိေနခဲ့တာျဖစ္ပါတယ္။ အထူးစစ္တပ္ရဲ့ ကိုယ္ခံပညာစြမ္းရည္ကို ထုတ္ေဖာ္ျပသမႈေတြကိုလည္း ကင္မ္ဂ်ဳံအန္းက သေဘာက်ခဲ့ၿပီး ခ်ီးမြမ္းခဲ့ေၾကာင္းလည္း ထည့္သြင္းေဖာ္ျပေပးခဲ့ပါတယ္။ ယခုအခမ္းအနားဟာ အာဏာရအလုပ္သမားပါတီတည္ေထာင္ျခင္းႏွစ္ပတ္လည္အထိမ္းအမွတ္ရဲ့ တစ္စိတ္တစ္ပိုင္းလည္း ျဖစ္ပါတယ္။ နိုင္ငံသတင္းမ်ားရဲ့ ေဖာ္ျပလာခဲ့တဲ့

႐ုပ္သံဖိုင္ေတြအရ အကၤ်ီမပါတဲ့ အထူးစစ္သည္ေတာ္မ်ားဟာ ဖန္ပုလင္းမ်ားအား ထုခြဲျပသျခင္း ၊ ရင္ဘတ္ေပၚတြင္ ထူတဲ့ကြန္ကရစ္တုံးတစ္ခုကိုတင္ၿပီး အျခားစစ္သားက ထုခြဲျပသျခင္း ၊ ဦးေခါင္းေတြကို တုတ္ျဖင့္ ရိုက္ခ်ိဳးျပသျခင္း၊

လည္ပင္းႏွင့္ သံေခ်ာင္းကို ေကြးေအာင္းလုပ္ျပၾကတဲ့အျပင္ ခႏၶာကိုယ္ေပၚက သံႀကိဳးေတြကို ျဖတ္ေတာက္ျပျခင္းမ်ားျဖင့္ ေဖ်ာ္ေျဖခဲ့တာ ေတြ႕ရပါတယ္။

သတင္းအရင္းျမစ္: Source – The National

crd-mmload