■အမေရီကန် ကိုယ်ပျောက်တိုက်လေယာဉ် F-117 ကိုပစ်ချအနိုင်ယူခဲ့သည့် Pechora-2M လေကြောင်းရန်ကာကွယ်ရေးမစ်ဇိုင်းစနစ်များ
■အမေရီကန် ကိုယ်ပျောက်တိုက်လေယာဉ် F-117 ကိုပစ်ချအနိုင်ယူခဲ့သည့် Pechora-2M လေကြောင်းရန်ကာကွယ်ရေးမစ်ဇိုင်းစနစ်များ
Pechoraတွေဟာဆိုရင် ဆိုဗီယက်ပြည်ထောင်စုက ၁၉၆၄ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တဲ့ လေကြောင်းရန်ကာကွယ်ရေး ဒုံးလက်နက်တွေဘဲဖြစ်ပါတယ်။
S-125လို့လည်း လူသိများတဲ့ ဒီလက်နက်တွေဟာ ကိုဆိုဗိုစစ်ပွဲကာလမှာတုန်းက အမေရီကန်ရဲ့ ကိုယ်ပျောက်တိုက်လေယာဉ် F-117ကိုယ်တောင် ပစ်ချနိုင်ခဲ့တာ တွေ့ရပါတယ်။
F-117တွေဟာ အမေရီကန်လေတပ်ရဲ့ ပထမဆုံးကိုယ်ပျောက်တိုက်လေယာဉ်အမျိုးအစားတွေလည်းဖြစ်ပါတယ်။ အခုတော့ အမေရီကန်ကလည်း F-117တွေကို မသုံးတော့သလို
ရုရှားလေကြောင်းရန်ကာကွယ်ရေးမှာလည်း S-125တွေက အစိပ်အပိုင်း သေးသေးလောက်ဘဲ ရှိပါတော့တယ်။ ဒါ့အပြင် Pechora-2တွေဟာ ကိုဆိုဗိုစစ်ပွဲကာလတွေမှာ F-16တွေကိုလည်း ပစ်ချနိုင်ခဲ့တဲ့ သမိုင်းမှတ်တမ်းတွေ ရှိပါတယ်။
၂၀၀၀ပြည့်နှစ်နောက်ပိုင်းမှာတော့ ရုရှားဟာ Pechora-2(S-125)တွေကို ပိုမိုခေတ်မီအောင် လုပ်ဆောင်ခဲ့ပြီး နိုင်ငံအများအပြားကို ရောင်းချခဲ့ပါတယ်။
သိသာထင်ရှားတဲ့နိုင်ငံတွေကတော့ ဗီယက်နမ်၊ မြန်မာ၊ အီဂျစ်နဲ့ တူရကီ
နိုင်ငံတွေဘဲဖြစ်ပါတယ်။ Pechora-2M ဒုံးတွေမှာ လမ်းညွှန်စနစ်(GPS)တွေ တပ်ဆင်ထားပြီး Electro- Opticalတွေကလည်း နေ့ညမရွေး ပစ်မှတ်ကို ရှာဖွေထောက်လှမ်းနိုင်ပါတယ်။
Pechora-2Mတွေရဲ့ Electro-Optical System တွေဟာ ရန်သူ့ပစ်မှတ်လေယာဉ်တွေကို ကီလိုမီတာ ၃၀ကနေ ၄၀အထိ ရှာဖွေထောက်လှမ်းနိုင်ပါတယ်။
ဒုံးကျည်ရဲ့ အမြင့်ဆုံးပစ်မှတ်ထိမှန်နိုင်မှုကတော့ ၃၂ကီလိုမီတာရှိပါတယ်။ Pechora-2တွေမှာ ဒုံးပစ်လောင်ချာယာဉ်၄စီး၊ ရေဒါယာဉ်တစ်စီး၊ ကွပ်ကဲယာဉ်တစ်စီးတို့ပါဝင်ပါတယ်။
မြန်မာ့တပ်မတော်ဟာ Pechora-2M ၃၆ခုခန့် ဝယ်ယူထားတယ်လို့ သိရပါတယ်။
Crd..Lamin mg
zawgyi
Crd..Lamin mg