■အမေရိကန် သမ္မတ ရဲ့ ကျည်ကာဘတ်စ်ကား

■အမေရိကန် သမ္မတ ရဲ့ ကျည်ကာဘတ်စ်ကား

အမေရိကန် သမ္မတတွေအတွက် သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲ မရှိအောင် ပြင်ဆင်ထားကြပါတယ်။

Air Force One လို့ခေါ်တဲ့ လေယာဉ်၊ Marine One လို့ခေါ်တဲ့ ရဟတ်ယာဉ်နဲ့ The Beast လို့ခေါ်တဲ့ ကားတွေဟာ နောက်ဆုံးပေါ် နည်းပညာကို အသုံးပြုထားတာတွေ ဖြစ်ကြပါတယ်။

Ground Force One ဟာ ၄၅ ပေရှည်ပြီး ဒီကားရဲ့ လုံခြုံရေးဆိုင်ရာ ဒီဇိုင်းကိုတော့ သမ္မတရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ (Secret Service) က သေချာပြင်ဆင်ပါတယ်။ The Beast လို့ခေါ်တဲ့ ကားလိုပဲ ဒီဘတ်စ်ကား တစ်စီးလုံးကို အနက်ရောင် ဆေးခြယ်ထားပါတယ်။

Ground Force One နဲ့ သူနဲ့ ဆင်တူ ကားတစ်စီးကို တဲနဲဆီပြည်နယ်အခြေစိုက် ဟန်းဖီးလ်ညီအစ်ကိုများ ကုမ္ပဏီကနေ မှာယူထားတာ ဖြစ်ပါတယ်။ ကားတစ်စီးကို ဒေါ်လာ ၁.၁ သန်း တန်ကြေးရှိပါတယ်။ ဒါပေမယ့် ကုန်ထားတာနဲ့ တန်တယ်လို့ ဆိုရမှာပါ။

ဒီကား မဝယ်ခင် အမေရိကန်သမ္မတ ရက်ရှည်ခရီးထွက်ဖို့ ကားအသစ် တစ်စီးငှားရပြီး လုံခြုံရေးအတွက် ပြင်ဆင်ရတာမို့ အသစ်ဝယ်လိုက်တာလို့ သိရပါတယ်။

ဒီဘတ်စ်ကားဟာ ကားတာယာပေါက်သွားရင်တောင် ဆက်သွားလို့ရနိုင်အောင် ပြင်ဆင်ထားပြီး ကျည်ကာ သံပြားတွေနဲ့ အထူးပြုလုပ်ထားတဲ့ မှန်တွေနဲ့ ကာထားပါတယ်။

ဓာတုဗေဒလက်နက်နဲ့ တိုက်ခိုက်လာရင် ကာကွယ်နိုင်ဖို့ အောက်စီဂျင်ဗူးကိုလည်း ထည့်သွင်းထားတဲ့အပြင် သမ္မတရဲ့ သွေးအမျိုးအစား သွေးတွေကိုလည်း ထည့်သွင်းထားပါသေးတယ်။

ဒါ့အပြင် တယ်လီဖုန်း၊ ရုပ်မြင်သံကြား၊ ရေဒီယို အပြင် အင်တာနက်ကိုလည်း ရုံးတစ်ရုံးလို အလုပ်လုပ်နိုင်ဖို့ တပ်ဆင်ထားပါတယ်။

The Beast ကားလိုပဲ သေချာ လေ့ကျင့်ပြင်ဆင်ထားတဲ့ ယာဉ်မောင်းအနည်းငယ်ကသာ ဒီကားကို မောင်းနှင်ခွင့်ရှိပြီး ရွေးချယ်ခံရတဲ့ လူအနည်းငယ်သာ ကားပေါ်တက်စီးခွင့် ရှိပါတယ်။

Ground Force One ဟာ လူအရောက်အပေါက်နည်းတဲ့ ဒေသတွေမှာ သမ္မတကို သက်တောင့်သက်သာနဲ့ လုံလုံခြုံခြုံပို့ပေးနိုင်အောင် ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

ပြတင်းပေါက်တွေ အားလုံးကို အနက်ရောင်ပြောင်းထားတဲ့အတွက် လူထုကို လက်ပြနှုတ်ဆက်ဖို့ဆိုရင် သမ္မတက ယာဉ်မောင်းရဲ့ ဘေးမှာ ရပ်ရပါတယ်။

Ground Force One ကားထဲမှာ ဘယ်လို ဒီဇိုင်းရှိသလဲ ဆိုတာ မသိရပေမယ့် အိမ်ဖြူတော်ဝန်ထမ်းတစ်ဦးက ထိုင်ခုံတွေအပြင် ခုံတန်းရှည်တစ်လုံးလည်း ပါဝင်တယ်လို့ ပြောခဲ့ဖူးပါတယ်။

သမ္မတဟာ Air Force One ကနေ Ground Force One ကို ချက်ချင်းသွားနိုင်တာမို့ သယ်ယူပို့ဆောင်ရေးကို ပိုမိုလွယ်ကူစေပါတယ်။

Crd..စစ်မာန်ဟုန်

zawgyi

■အေမရိကန္ သမၼတ ရဲ့ က်ည္ကာဘတ္စ္ကား

အေမရိကန္ သမၼတေတြအတြက္ သယ္ယူပို႔ေဆာင္ေရးမွာ အခက္အခဲ မရွိေအာင္ ျပင္ဆင္ထားၾကပါတယ္။

Air Force One လို႔ေခၚတဲ့ ေလယာဥ္၊ Marine One လို႔ေခၚတဲ့ ရဟတ္ယာဥ္နဲ႔ The Beast လို႔ေခၚတဲ့ ကားေတြဟာ ေနာက္ဆုံးေပၚ နည္းပညာကို အသုံးျပဳထားတာေတြ ျဖစ္ၾကပါတယ္။

Ground Force One ဟာ ၄၅ ေပရွည္ၿပီး ဒီကားရဲ့ လုံျခဳံေရးဆိုင္ရာ ဒီဇိုင္းကိုေတာ့ သမၼတရဲ့ ကိုယ္ရံေတာ္တပ္ဖြဲ႕ (Secret Service) က ေသခ်ာျပင္ဆင္ပါတယ္။ The Beast လို႔ေခၚတဲ့ ကားလိုပဲ ဒီဘတ္စ္ကား တစ္စီးလုံးကို အနက္ေရာင္ ေဆးျခယ္ထားပါတယ္။

Ground Force One နဲ႔ သူနဲ႔ ဆင္တူ ကားတစ္စီးကို တဲနဲဆီျပည္နယ္အေျခစိုက္ ဟန္းဖီးလ္ညီအစ္ကိုမ်ား ကုမၸဏီကေန မွာယူထားတာ ျဖစ္ပါတယ္။ ကားတစ္စီးကို ေဒၚလာ ၁.၁ သန္း တန္ေၾကးရွိပါတယ္။ ဒါေပမယ့္ ကုန္ထားတာနဲ႔ တန္တယ္လို႔ ဆိုရမွာပါ။

ဒီကား မဝယ္ခင္ အေမရိကန္သမၼတ ရက္ရွည္ခရီးထြက္ဖို႔ ကားအသစ္ တစ္စီးငွားရၿပီး လုံျခဳံေရးအတြက္ ျပင္ဆင္ရတာမို႔ အသစ္ဝယ္လိုက္တာလို႔ သိရပါတယ္။

ဒီဘတ္စ္ကားဟာ ကားတာယာေပါက္သြားရင္ေတာင္ ဆက္သြားလို႔ရနိုင္ေအာင္ ျပင္ဆင္ထားၿပီး က်ည္ကာ သံျပားေတြနဲ႔ အထူးျပဳလုပ္ထားတဲ့ မွန္ေတြနဲ႔ ကာထားပါတယ္။

ဓာတုေဗဒလက္နက္နဲ႔ တိုက္ခိုက္လာရင္ ကာကြယ္နိုင္ဖို႔ ေအာက္စီဂ်င္ဗူးကိုလည္း ထည့္သြင္းထားတဲ့အျပင္ သမၼတရဲ့ ေသြးအမ်ိဳးအစား ေသြးေတြကိုလည္း ထည့္သြင္းထားပါေသးတယ္။

ဒါ့အျပင္ တယ္လီဖုန္း၊ ႐ုပ္ျမင္သံၾကား၊ ေရဒီယို အျပင္ အင္တာနက္ကိုလည္း ႐ုံးတစ္႐ုံးလို အလုပ္လုပ္နိုင္ဖို႔ တပ္ဆင္ထားပါတယ္။

The Beast ကားလိုပဲ ေသခ်ာ ေလ့က်င့္ျပင္ဆင္ထားတဲ့ ယာဥ္ေမာင္းအနည္းငယ္ကသာ ဒီကားကို ေမာင္းႏွင္ခြင့္ရွိၿပီး ေရြးခ်ယ္ခံရတဲ့ လူအနည္းငယ္သာ ကားေပၚတက္စီးခြင့္ ရွိပါတယ္။

Ground Force One ဟာ လူအေရာက္အေပါက္နည္းတဲ့ ေဒသေတြမွာ သမၼတကို သက္ေတာင့္သက္သာနဲ႔ လုံလုံျခဳံျခဳံပို႔ေပးနိုင္ေအာင္ ျပင္ဆင္ထားတာ ျဖစ္ပါတယ္။

ျပတင္းေပါက္ေတြ အားလုံးကို အနက္ေရာင္ေျပာင္းထားတဲ့အတြက္ လူထုကို လက္ျပႏႈတ္ဆက္ဖို႔ဆိုရင္ သမၼတက ယာဥ္ေမာင္းရဲ့ ေဘးမွာ ရပ္ရပါတယ္။

Ground Force One ကားထဲမွာ ဘယ္လို ဒီဇိုင္းရွိသလဲ ဆိုတာ မသိရေပမယ့္ အိမ္ျဖဴေတာ္ဝန္ထမ္းတစ္ဦးက ထိုင္ခုံေတြအျပင္ ခုံတန္းရွည္တစ္လုံးလည္း ပါဝင္တယ္လို႔ ေျပာခဲ့ဖူးပါတယ္။

သမၼတဟာ Air Force One ကေန Ground Force One ကို ခ်က္ခ်င္းသြားနိုင္တာမို႔ သယ္ယူပို႔ေဆာင္ေရးကို ပိုမိုလြယ္ကူေစပါတယ္။

Crd..စစ္မာန္ဟုန္