■အမေရိကန် လေကြောင်းတွေဆီက လျှို့ဝှက်ချက် ခိုးယူမှုနဲ့ တရုတ်ထောက်လှမ်းရေးတစ်ဦး ပြစ်ဒဏ်ကျ

■အမေရိကန် လေကြောင်းတွေဆီက လျှို့ဝှက်ချက် ခိုးယူမှုနဲ့ တရုတ်ထောက်လှမ်းရေးတစ်ဦး ပြစ်ဒဏ်ကျ

တရုတ်ထောက်လှမ်းရေး အရာရှိတဦးဟာ အမေရိကန်နိုင်ငံမှာ လေကြောင်းကုမ္ပဏီတွေဆီက လျှို့ ဝှက်ချက်တွေ ခိုးယူဖို့ ကြံစည်တယ်ဆိုပြီး စီရင်ချက်ချ ခံလိုက်ရကြောင်း အမေရိကန်တရားရေးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။အခုလို စီရင်ချက် အချခံရသူ ရှုယန်ကျုံးဟာ စီးပွားရေး သူသျှိုမှု၊

ကုန်သွယ်ရေး လျှို့ ဝှက်ချက် ခိုးယူမှုတို့ နဲ့ ဆက်စပ်တဲ့ အမှု ငါးခုမှာ ပြစ်မှု ကျူးလွန်တာ ထင်ရှားတယ်ဆိုပြီး ဂျူရီအဖွဲ့ရဲ့ စီရင်ချက် အချခံရတာ ဖြစ်ပါတယ်။အခုလို စီရင်ချက် ချရခံရမှုကြောင့် သူဟာ ထောင် အနှစ် ၆၀ အထိ ကျခံရနိုင်ပြီး ဒဏ်ငွေလည်း အမေရိကန် ဒေါ်လာ ၅ သန်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။

မစ္စတာ ရှု ကို ၂၀၁၈ ခုနှစ်ကတည်းက ဘယ်လ်ဂျီယန်နိုင်ငံမှာ ဖမ်းမိထားတာဖြစ်ပြီး အခုလို အမေရိကန်အထိ အရောက် ရာဇဝတ်သား အဖြစ် ပြောင်းရွှေ့ စီရင်ခံရတဲ့ ပထမဆုံး တရုတ်နိုင်ငံသား ဖြစ်လာနိုင်ပါတယ်။နိုဝင်ဘာလ ၅ ရက်နေ့ မှာ ပြုလုပ်ခဲ့တဲ့ အခုလို ပြစ်ဒဏ်ချမှုနဲ့ ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေကတော့ လူသိထင်ရှား မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

အခုလို စီရင်ချက် မချခင် ကာလမှာတော့ မစ္စတာ ရှု စွဲချက်တင်ခံရတာတွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲ ချက်တွေ ဖြစ်တယ်ဆိုပြီး တရုတ် အာဏာပိုင်တွေက ပြောဆိုထားခဲ့ဖူးပါတယ်။အမေရိကန် တရားရေးဌာနရဲ့ ထုတ်ပြန်ချက်အရဆိုရင် မစ္စတာ ရှုဟာ တရုတ်နိုင်ငံတော် လုံခြုံရေးဝန်ကြီးဌာန ကျန်းစုပြည်နယ် ဌာနခွဲက အကြီးတန်း အရာရှိ တဦး ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံတော် လုံခြုံရေးဝန်ကြီးဌာနကတော့ တန် ပြန်ထောက်လှမ်းရေး လုပ်ငန်းစဉ်တွေ၊ နိုင်ငံတကာ ထောက်လှမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပြည်တွင်း လုံခြုံ ရေး အပိုင်းတွေအတွက် တာဝန်ယူထားတဲ့ ဝန်ကြီးဌာန ဖြစ်ပါတယ်။မစ္စတာ ရှုဟာ ၂၀၁၃ ခုနှစ်ကတည်းက အမေရိကန် အခြေစိုက်အပါအဝင် နိုင်ငံအများအပြားမှာ အခြေစိုက်တဲ့ ကုမ္ပဏီ အများအပြားက ဝန်ထမ်းတွေကို ပစ်မှတ်ထားထောက်လှမ်း နေခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

သူအခုလို လုပ်ခဲ့တာတွေထဲက တခုကတော့ ၂၀၁၇ ခုနှစ်မှာ အမေရိကန်အခြေစိုက် GE ကုမ္ပဏီရဲ့ လေ ကြောင်းရေးရာ ကျွမ်းကျင်ဝန်ထမ်းတဦးကို တရုတ်နိုင်ငံက တက္ကသိုလ်တခုမှာ လာရောက် ဟောပြောဖို့အတွက် ခရီးစရိတ်နဲ့ အသုံးစရိတ်တွေပါ အကုန်အကျ ခံပေးခဲ့တယ်လို့ ဆိုပါတယ်။နောက်ထပ်တနှစ်အကြာ ၂၀၁၈ ခုနှစ်မှာတော့ မစ္စတာ ရှုဟာ အဲဒီ ဝန်ထမ်းဆီကနေ စက်ပစ္စည်း

“တည်ဆောက်ဖွဲ့စည်းမှု အချက်အလက်” နဲ့ “ပုံစံထုတ်ပုံ အဆင့်ဆင့် ဆိုင်ရာ အချက်အလက်” တွေကို တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။အဲဒီအချိန်မှာ အမေရိကန် GE ကုမ္ပဏီ အနေနဲ့ အမေရိကန် ထောက်လှမ်းရေး ဗျူရို FBI နဲ့လည်း ပူးပေါင်း ဆောင်ရွက်မှု ရှိနေခဲ့ပြီး အဲဒီဝန်ထမ်းဟာ မစ္စတာ ရှုကို စာမျက်နှာ နှစ်မျက်နှာ ပါရှိတဲ့ စာရွက်စာတမ်းတခုကို လျှို့ဝှက်အချက်အ လက်များလို့ ခေါင်းစဉ်တပ်ပြီး အီးမေးပို့ ခဲ့ပါတယ်။

မစ္စတာ ရှုဟာ နောက်ပိုင်းမှာ အဲဒီဝန်ထမ်းကို ကုမ္ပဏီက ပေးထားတဲ့ ကွန်ပြူတာထဲက အချက်အလက် ဆိုင်ရာ ဖိုင်လင့်ကိုပါ ကူးယူ ပေးပို့ဖို့ တောင်းခံခဲ့ပြန်ပါတယ်။အဲဒီနောက်မှာတော့ မစ္စတာ ရှုဟာ အဲဒီ ဝန်ထမ်းနဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာ တွေ့ဆုံဖို့ အထိပါ စီစဉ်ခဲ့ချိန်မှာတော့ အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက တကယ်တမ်း ဘာတွေ ဘယ်လို ကြံစည်နေသလဲဆိုတာကို မရေမရာ ဖြစ်နေသေးသူတွေအတွက် အခုလို လက်ရ ဖမ်းမိလိုက်ခြင်းက လှုပ်နှိုး သတိပေးလိုက်သလို ဖြစ်သွားမယ်လို့ မျှော်လင့်ရကြောင်း FBI ရဲ့ လက်ထောက် ဒါရိုက်တာ အလန် ခိုလာက ပြောပါတယ်။

တရုတ်နိုင်ငံဟာ အမေရိကန် နည်းပညာတွေကို ခိုးယူပြီး သူတို့ရဲ့ စီးပွားရေးနဲ့ စစ်ရေးအပိုင်းအကျိုးဖြစ်ထွန်းအောင် လုပ်နေတယ်လို့လည်း သူက ပြောပါတယ်။အခုလို တရုတ်ထောက်လှမ်းရေးတဦး အမေရိကန်မှာ သူသျှိုမှုတွေနဲ့ စီရင်ချက် အချခံရတဲ့အချိန်ဟာ အမေရိကန်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

တရုတ်နိုင်ငံဟာ လတ်တလော ကာလအတွင်းမှာပဲ အသံရဲ့ ထက်မြန်တဲ့ ဒုံးကျည် အသစ်တမျိုးကို စမ်း သပ်ထားပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဆိုရင်လည်း ထိုင်ဝမ်အပေါ် တရုတ်ပြည်နယ်ကြီးရဲ့ စစ်ရေးနှောင့်ယှက်မှု မှန်သမျှကို အမေရိကန်ဘက်က ကာကွယ်ပေးသွားမယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

အမေရိကန် သတင်းဌာန CNN ရဲ့ အဆိုအရ ဆိုရင်လည်း အမေရိကန် ဗဟို ထောက်လှမ်းရေး ဌာန CIA ဒါရိုက်တာ ဘီးလ် ဘန်းစ်က တရုတ်နိုင်ငံကို အမေရိကန်အပေါ် အကြီးဆုံး နည်းပညာဆိုင်ရာ ခြိမ်းခြောက်နေတဲ့ နိုင်ငံ တနိုင်ငံအဖြစ် ဖော်ညွှန်းပြောဆိုခဲ့ပြီး CIA ရဲ့ တရုတ်နိုင်ငံဆိုင်ရာ လုပ်ဆောင်မှုတွေကိုလည်း တိုးမြှင့်မယ်ဆိုပြီး ပြီးခဲ့တဲ့ လကမှ ပြောဆိုထားပါတယ်။

crd

zawgyi

■အေမရိကန္ ေလေၾကာင္းေတြဆီက လၽွို႔ဝွက္ခ်က္ ခိုးယူမႈနဲ႔ တ႐ုတ္ေထာက္လွမ္းေရးတစ္ဦး ျပစ္ဒဏ္က်

တ႐ုတ္ေထာက္လွမ္းေရး အရာရွိတဦးဟာ အေမရိကန္နိုင္ငံမွာ ေလေၾကာင္းကုမၸဏီေတြဆီက လၽွို႔ ဝွက္ခ်က္ေတြ ခိုးယူဖို႔ ႀကံစည္တယ္ဆိုၿပီး စီရင္ခ်က္ခ် ခံလိုက္ရေၾကာင္း အေမရိကန္တရားေရးဌာနက သတင္းထုတ္ျပန္လိုက္ပါတယ္။အခုလို စီရင္ခ်က္ အခ်ခံရသူ ရႈယန္က်ဳံးဟာ စီးပြားေရး သူသၽွိုမႈ၊

ကုန္သြယ္ေရး လၽွို႔ ဝွက္ခ်က္ ခိုးယူမႈတို႔ နဲ႔ ဆက္စပ္တဲ့ အမႈ ငါးခုမွာ ျပစ္မႈ က်ဴးလြန္တာ ထင္ရွားတယ္ဆိုၿပီး ဂ်ဴရီအဖြဲ႕ရဲ့ စီရင္ခ်က္ အခ်ခံရတာ ျဖစ္ပါတယ္။အခုလို စီရင္ခ်က္ ခ်ရခံရမႈေၾကာင့္ သူဟာ ေထာင္ အႏွစ္ ၆၀ အထိ က်ခံရနိုင္ၿပီး ဒဏ္ေငြလည္း အေမရိကန္ ေဒၚလာ ၅ သန္း ေပးေဆာင္ရမွာ ျဖစ္ပါတယ္။

မစၥတာ ရႈ ကို ၂၀၁၈ ခုႏွစ္ကတည္းက ဘယ္လ္ဂ်ီယန္နိုင္ငံမွာ ဖမ္းမိထားတာျဖစ္ၿပီး အခုလို အေမရိကန္အထိ အေရာက္ ရာဇဝတ္သား အျဖစ္ ေျပာင္းေရႊ႕ စီရင္ခံရတဲ့ ပထမဆုံး တ႐ုတ္နိုင္ငံသား ျဖစ္လာနိုင္ပါတယ္။နိုဝင္ဘာလ ၅ ရက္ေန႔ မွာ ျပဳလုပ္ခဲ့တဲ့ အခုလို ျပစ္ဒဏ္ခ်မႈနဲ႔ ပတ္သက္ၿပီး တ႐ုတ္အာဏာပိုင္ေတြကေတာ့ လူသိထင္ရွား မွတ္ခ်က္ေပးတာမ်ိဳး မရွိေသးပါဘူး။

အခုလို စီရင္ခ်က္ မခ်ခင္ ကာလမွာေတာ့ မစၥတာ ရႈ စြဲခ်က္တင္ခံရတာေတြဟာ အေျခအျမစ္မရွိတဲ့ စြပ္စြဲ ခ်က္ေတြ ျဖစ္တယ္ဆိုၿပီး တ႐ုတ္ အာဏာပိုင္ေတြက ေျပာဆိုထားခဲ့ဖူးပါတယ္။အေမရိကန္ တရားေရးဌာနရဲ့ ထုတ္ျပန္ခ်က္အရဆိုရင္ မစၥတာ ရႈဟာ တ႐ုတ္နိုင္ငံေတာ္ လုံျခဳံေရးဝန္ႀကီးဌာန က်န္းစုျပည္နယ္ ဌာနခြဲက အႀကီးတန္း အရာရွိ တဦး ျဖစ္တယ္လို႔ ဆိုပါတယ္။

တ႐ုတ္နိုင္ငံေတာ္ လုံျခဳံေရးဝန္ႀကီးဌာနကေတာ့ တန္ ျပန္ေထာက္လွမ္းေရး လုပ္ငန္းစဥ္ေတြ၊ နိုင္ငံတကာ ေထာက္လွမ္းေရး လုပ္ငန္းစဥ္ေတြနဲ႔ ျပည္တြင္း လုံျခဳံ ေရး အပိုင္းေတြအတြက္ တာဝန္ယူထားတဲ့ ဝန္ႀကီးဌာန ျဖစ္ပါတယ္။မစၥတာ ရႈဟာ ၂၀၁၃ ခုႏွစ္ကတည္းက အေမရိကန္ အေျခစိုက္အပါအဝင္ နိုင္ငံအမ်ားအျပားမွာ အေျခစိုက္တဲ့ ကုမၸဏီ အမ်ားအျပားက ဝန္ထမ္းေတြကို ပစ္မွတ္ထားေထာက္လွမ္း ေနခဲ့တယ္လို႔ စြပ္စြဲခံထားရတာ ျဖစ္ပါတယ္။

သူအခုလို လုပ္ခဲ့တာေတြထဲက တခုကေတာ့ ၂၀၁၇ ခုႏွစ္မွာ အေမရိကန္အေျခစိုက္ GE ကုမၸဏီရဲ့ ေလ ေၾကာင္းေရးရာ ကၽြမ္းက်င္ဝန္ထမ္းတဦးကို တ႐ုတ္နိုင္ငံက တကၠသိုလ္တခုမွာ လာေရာက္ ေဟာေျပာဖို႔အတြက္ ခရီးစရိတ္နဲ႔ အသုံးစရိတ္ေတြပါ အကုန္အက် ခံေပးခဲ့တယ္လို႔ ဆိုပါတယ္။ေနာက္ထပ္တႏွစ္အၾကာ ၂၀၁၈ ခုႏွစ္မွာေတာ့ မစၥတာ ရႈဟာ အဲဒီ ဝန္ထမ္းဆီကေန စက္ပစၥည္း

“တည္ေဆာက္ဖြဲ႕စည္းမႈ အခ်က္အလက္” နဲ႔ “ပုံစံထုတ္ပုံ အဆင့္ဆင့္ ဆိုင္ရာ အခ်က္အလက္” ေတြကို ေတာင္းခံခဲ့တယ္လို႔ ဆိုပါတယ္။အဲဒီအခ်ိန္မွာ အေမရိကန္ GE ကုမၸဏီ အေနနဲ႔ အေမရိကန္ ေထာက္လွမ္းေရး ဗ်ဴရို FBI နဲ႔လည္း ပူးေပါင္း ေဆာင္ရြက္မႈ ရွိေနခဲ့ၿပီး အဲဒီဝန္ထမ္းဟာ မစၥတာ ရႈကို စာမ်က္ႏွာ ႏွစ္မ်က္ႏွာ ပါရွိတဲ့ စာရြက္စာတမ္းတခုကို လၽွို႔ဝွက္အခ်က္အ လက္မ်ားလို႔ ေခါင္းစဥ္တပ္ၿပီး အီးေမးပို႔ ခဲ့ပါတယ္။

မစၥတာ ရႈဟာ ေနာက္ပိုင္းမွာ အဲဒီဝန္ထမ္းကို ကုမၸဏီက ေပးထားတဲ့ ကြန္ျပဴတာထဲက အခ်က္အလက္ ဆိုင္ရာ ဖိုင္လင့္ကိုပါ ကူးယူ ေပးပို႔ဖို႔ ေတာင္းခံခဲ့ျပန္ပါတယ္။အဲဒီေနာက္မွာေတာ့ မစၥတာ ရႈဟာ အဲဒီ ဝန္ထမ္းနဲ႔ ဘယ္လ္ဂ်ီယံနိုင္ငံမွာ ေတြ႕ဆုံဖို႔ အထိပါ စီစဥ္ခဲ့ခ်ိန္မွာေတာ့ အဖမ္းခံလိုက္ရတာ ျဖစ္ပါတယ္။

တ႐ုတ္နိုင္ငံက တကယ္တမ္း ဘာေတြ ဘယ္လို ႀကံစည္ေနသလဲဆိုတာကို မေရမရာ ျဖစ္ေနေသးသူေတြအတြက္ အခုလို လက္ရ ဖမ္းမိလိုက္ျခင္းက လႈပ္ႏွိုး သတိေပးလိုက္သလို ျဖစ္သြားမယ္လို႔ ေမၽွာ္လင့္ရေၾကာင္း FBI ရဲ့ လက္ေထာက္ ဒါရိုက္တာ အလန္ ခိုလာက ေျပာပါတယ္။

တ႐ုတ္နိုင္ငံဟာ အေမရိကန္ နည္းပညာေတြကို ခိုးယူၿပီး သူတို႔ရဲ့ စီးပြားေရးနဲ႔ စစ္ေရးအပိုင္းအက်ိဳးျဖစ္ထြန္းေအာင္ လုပ္ေနတယ္လို႔လည္း သူက ေျပာပါတယ္။အခုလို တ႐ုတ္ေထာက္လွမ္းေရးတဦး အေမရိကန္မွာ သူသၽွိုမႈေတြနဲ႔ စီရင္ခ်က္ အခ်ခံရတဲ့အခ်ိန္ဟာ အေမရိကန္-တ႐ုတ္ ႏွစ္နိုင္ငံ ဆက္ဆံေရး တင္းမာေနတဲ့ အခ်ိန္နဲ႔လည္း တိုက္ဆိုင္ေနပါတယ္။

တ႐ုတ္နိုင္ငံဟာ လတ္တေလာ ကာလအတြင္းမွာပဲ အသံရဲ့ ထက္ျမန္တဲ့ ဒုံးက်ည္ အသစ္တမ်ိဳးကို စမ္း သပ္ထားၿပီး အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ဆိုရင္လည္း ထိုင္ဝမ္အေပၚ တ႐ုတ္ျပည္နယ္ႀကီးရဲ့ စစ္ေရးေႏွာင့္ယွက္မႈ မွန္သမၽွကို အေမရိကန္ဘက္က ကာကြယ္ေပးသြားမယ္လို႔ ေျပာဆိုထားတာ ျဖစ္ပါတယ္။

အေမရိကန္ သတင္းဌာန CNN ရဲ့ အဆိုအရ ဆိုရင္လည္း အေမရိကန္ ဗဟို ေထာက္လွမ္းေရး ဌာန CIA ဒါရိုက္တာ ဘီးလ္ ဘန္းစ္က တ႐ုတ္နိုင္ငံကို အေမရိကန္အေပၚ အႀကီးဆုံး နည္းပညာဆိုင္ရာ ၿခိမ္းေျခာက္ေနတဲ့ နိုင္ငံ တနိုင္ငံအျဖစ္ ေဖာ္ညႊန္းေျပာဆိုခဲ့ၿပီး CIA ရဲ့ တ႐ုတ္နိုင္ငံဆိုင္ရာ လုပ္ေဆာင္မႈေတြကိုလည္း တိုးျမႇင့္မယ္ဆိုၿပီး ၿပီးခဲ့တဲ့ လကမွ ေျပာဆိုထားပါတယ္။

crd