■အမေရိကန်ဗုံးကြဲလေယာဉ်အား လိုက်ပါစောင့်ရှောက်ရန် ရုရှားတိုက်လေယာဉ် အရေးပေါ်ပျံတက်ခဲ့ရ

■အမေရိကန်ဗုံးကြဲလေယာဉ်အား လိုက်ပါစောင့်ရှောက်ရန် ရုရှားတိုက်လေယာဉ် အရေးပေါ်ပျံတက်ခဲ့ရ

18-Oct-2021
ဂျပန်ပင်လယ်ပြင်ကိုဖြတ်သန်းလာသော အမေရိကန် B-1B Lancer ဗုံးကြဲလေယာဉ်အား လိုက်လံစောင့်ရှောက် ပို့ဆောင်ရန် ရုရှားတိုက်လေယာဉ်တစ်စင်းကို အမိန့်ပေးခဲ့ကြောင်း ရုရှားအမျိုးသားကာကွယ်ရေးစီမံခန့်ခွဲမှုဌာန ချုပ်က အောက်တိုဘာလ ၁၇ ရက်နေ့က ပြောကြားလိုက်သည်။
ရုရှားနယ်နိမိတ်ကိုချိုးဖောက်ဝင်ရောက်ခြင်းမပြုနိုင်ရန် တိကျသေချာအောင်ဆောင်ရွက်နိုင်ရေးအတွက် အမေရိ ကန်ဗုံးကြဲလေယာဉ်ကို လိုက်ပါစောင့်ရှောက်ပို့ဆောင်ပေးရန် ရုရှား မီခိုယမ် MiG-31 တိုက်လေယာဉ်တစ်စင်း အရေးပေါ် ပျံတက်ခဲ့ရကြောင်း ရုရှားအမျိုးသားကာကွယ်ရေးစီမံခန့်ခွဲမှုဌာနချုပ်ပြောကြားချက်ကို ကိုးကား၍ ရုရှားအစိုးရပိုင် TASS သတင်းဌာနက တနင်္ဂနွေနေ့ကဖော်ပြခဲ့သည်။

အမေရိကန်ဗုံးကြဲလေယာဉ်သည် ရုရှားနယ်စပ်ကို ကျော်ဖြတ်ခြင်းမပြုလုပ်ခဲ့ကြောင်း ရုရှားအမျိုးသားကာကွယ် ရေးစီမံခန့်ခွဲမှုဌာနချုပ်ကပြောသည်။
အောက်တိုဘာလ ၁၅ ရက်နေ့က ဂျပန်ပင်လယ်ပြင်တွင် ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ရေတပ်စစ်ရေးလေ့ကျင့် မှုဆောင်ရွက်နေစဉ်အတွင်း ရုရှားရေပိုက်နက်ကို ကျုးကျော်ဝင်ရောက်ရန် ကြိုပမ်းလာသည့် အမေရိကန် ဖျက် သင်္ဘောတစ်စင်းကို ရုရှားစစ်သင်္ဘောတစ်စင်းက မောင်းထုတ်ခဲ့သည်။
အမေရိကန်ဖျက်သင်္ဘော USS Chafee သည် ရုရှားရေပိုင်နက်အနီးသို့ ချဉ်းကပ်ဝင်ရောက်လာကြောင်း၊ ရုရှား ဖျက်သင်္ဘောတစ်စီးကအမေရိကန်ဖျက်သင်္ဘောနားသို့ချဉ်းကပ်သွားပြီး မောင်းထုတ်ခဲ့ရကြောင်း ရုရှားကာကွယ် ရေးဝန်ကြီးဌာနက သောကြာနေ့ကထုတ်ပြန်ကြေညာချက်တွင်ထည့်သွင်းပြောဆိုခဲ့သည်။

သို့သော် အမေရိကန်ရေတပ်သင်္ဘော ကျူးကျော်ဝင်ရောက်သဖြင့် ရုရှားသင်္ဘောကမောင်းထုတ်ခဲ့သည့် အဖြစ် အပျက်နှင့်ပတ်သက်၍ ယင်းဖြစ်စဉ်ဖြစ်ပွားမှုမရှိခဲ့ကြောင်း အမေရိကန်ဘက်ကပြောကြားခဲ့သည်။
ရုရှားလက်နက်ကိုင်တပ်ဖွဲ့များသည် ရုရှားနိုင်ငံနယ်စပ်အနီး ရေပြင်/ ဝေဟင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေ စဉ်အတွင်း အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်များနှင့် မကြာခဏ ကြုံတွေ့ခဲ့ရသည်။

ဇွန်လအတွင်းက ပင်လယ်နက်အတွင်း ခရိုင်းမီးယားကမ်းရိုးတန်း၌ ကျူးကျော်ဝင်ရောက်လာသည့် ဗြိတိန်စစ် သင်္ဘောတစ်စီး၏လမ်းကြောင်းကို သတိပေးပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ဗုံးများကြဲချခဲ့ရကြောင်း ရုရှားအစိုးရက ပြောသည်။ ၁၉၈၀ ပြည့်နှစ်များနှင့် ၁၉၉၀ ပြည့်နှစ်များကာလ စစ်အေးတိုက်ပွဲပြီးဆုံးပြီးကတည်းက ရုရှားနိုင်ငံ က နေတိုးအဖွဲ့ဝင်စစ်သင်္ဘောကို ကျည်စစ်ကျည်မှန်များဖြင့် ပစ်ခတ်ခဲ့သည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။
လွန်ခဲ့သည့်နှစ်များအတွင်း အထူးသဖြင့် ခရိုင်းမီးယားက ရုရှားနိုင်ငံနှင့် ပြန်လည်ပေါင်းစည်းလာပြီးနောက်တွင် ရုရှားနှင့် အနောက်နိုင်ငံများကြား ဆက်ဆံရေးမှာ ပိုမိုတင်းမာလာခဲ့သည်။

Ref: Russia scrambles fighter jet to escort US military plane
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။