■အမေရိကန်တွေရဲ့ ပိတ်ဆို့ရေး ဗျူဟာက အလုပ်မဖြစ်တော့ ၊ တရုပ်ရဲ့ တိုးတက်မှုကို ဘယ်သူမ ဟန့်မတားနိုင်

■အမေရိကန်တွေရဲ့ ပိတ်ဆို့ရေး ဗျူဟာက အလုပ်မဖြစ်တော့ ၊ တရုပ်ရဲ့ တိုးတက်မှုကို ဘယ်သူမ ဟန့်မတားနိုင်

Mobile Chip စစ်ပွဲ

Mobile Chip ဆိုတာ ဖုန်းတလုံးရဲ့ CPU သို့ မ ဟုတ် ဖုန်းအတွက် အရေး အကြီးဆုံး အစိတ်အပိုင်း ၊တရုတ်ဟာအစဉ်အလာအရ စမတ်ဖုံးတွေအတွက် Mobile Ciip တွေကိုပြည်တွင်းမှာသိပ်မထုပ်လုပ်ပါဘူးတရုတ်ဖုံးအများစုဟာ Qualcomm က Snapdragon စီးရီးတွေဘဲအသုံးများကြပါတယ်ဖြစ်လာတာကတော့ဟွာဝေးရဲ့5G တိုးတက်လာမှုက ခြေတလှမ်းသာသွားတဲ့အပေါ် မခံနိုင်မရပ်နိုင်ဖြစ်နေတဲ့ အမေရိကန်ဟာ ဟွာဝေးကိုနည်းမျိုးစုံ ထိုးနှက်ပိတ်ဆို့ရာကနေ နောက်ဆုံး Mobile Ciip တွေမရောင်းတော့ဘူးဆိုတဲ့အခြေအထိဆိုက်လာပါတယ် ။ဒီမှာတင် ကမ္ဘာ့ ကုန်ပစ္စည်း ထောက်ပံရေး လုပ်ငန်းသဘောတရားအရ ဖုန်းတလုံးရဲ့ ပါဝင် ပစ္စည်းတွေကို တနိုင်ငံထဲက ထုပ်လုပ်တာ မဟုတ်ဘဲ ၊ နိုင်ငံစုံမှာ ထုပ်လုပ် ပြီးမှ ပေါင်းစည်း တပ်ဆင် ကြပါတယ် ။
နိုင်ငံအရပ်ရပ်မှ ာ ခွဲခြားထုပ်လုပ်စေပြီး မှပြန်လည်ပေါင်းစည်းတပ်ဆင်ကြတဲ့သဘာဝကနေ လုပ်ငန်းစိတ်အားလုံး ပြည်တွင်းမှာဘဲရအောင် ထုပ်လုပ်ရမယ့် အခြေအနေကိုပြန် လျှောကျရခဲ့ကြပြီဖြစ်ပါတယ် ။ဟွာဝေး အလီဘာဘာ အပါအဝင်တရုတ်အိုင်တီကုမဏ္ဏီကြီး တွေကကိုယ်တိုင်ပြန်ထုပ်လာကြရရာမှာတော့ လတ္တလော ရင်ဆိုင်ရတာကနည်းပညာပိုင်းဆိုင်ရာပါ အခက်အခဲပါ ။

ပါးပါးနဲ့မြန်မြန်

Chip တွေ ကိုထုပ်လုပ်ကြရာမှာ တနှစ်ထက်တနှစ်ပိုမို လျှင်မြန်အားကောင်းသလောက် ပါးလွှာလာအောင် ယှဉ်ပြိုင်ထုပ်လုပ်ကြပါတယ်ပိုပါးလေ ဖုံးကပိုမိုကျစ်လစ် လှပလေ ဘက်ထရီ ပိုကြာကြာခံလေပါဘဲအခု နောက်ဆုံးထုပ်တဲ့ Snapdragon 888 တို့ အိုင်ဖုံး ၁၃ ရဲ့ AR15 တို့ဆိုရင်
5 Nanno Meter NM အထိပါးလွှာနေပါပြီ စွမ်းအားကလဲ 3 Giga Hertz အထိမြန်ဆန်နေပါပြီတရုတ် Mobile Chip တွေဟာအပါးဆုံး 7 NM အထိဘဲထုပ်လုပ်နိုင်ပါသေးတယ်သို့သော် ဆိုခဲ့တဲ့ပါးလွှာအမြန်နှုံးမြင့် Mobile Chip တွေဟာထိပ်တန်းဈေးကြီး ဖုံးတွေအတွက်ဘဲ သုံးနိုင်ကြပြီး ချစ်ဈေးကွက်ရဲ့ ၇၀% က 14 NM နဲ့အထက် ဈေးသက်သာတဲ့ အတန်းအစားတွေဖြစ်နေတယ်တရုတ်က Chip ထုပ်လုပ်သူတွေဟာ7NM, 14 NM နဲ့ 28 NM အတန်းက ချစ်တွေကိုအချိန်တိုကာလထဲမှာဘဲ မြန်ဆန်စွာ ထုပ်လုပ်အသုံးပြုလာနိုင်တာကိုအနောက်တိုင်း အိုင်တီလောကက တအံ့တသြဖြစ်နေကြရပါတယ်

ဖါးခုံကျော်ပြမယ်

တရုတ်ဟာ လက်ရှိနည်းပညာမှ ာနောက်ကလိုက်ရတာဖြစ်ပေမယ့်လာမယ့်နှစ်တွေမှာ ရှေ့ကဦးဆောင်သူပြန်ဖြစ်ရအောင်၂၀၁၈လောက်ကထဲကကြုံးရုံးဆောင်ရွက်နေပါပြီ

Carbon Chip

အခု လက်ရှိ သုံးနေကြတဲ့ Chip တွေဟာ ဆီလီကွန် ဆီမီးကွန်ဒတ်တာတွေကို သုံးစွဲထုပ်လုပ်ကြတာပါတရုတ် စမ်းသပ်အောင်မြင်နေပြီဖြစ်တဲ့ Chip အသစ်တွေဟာ ဆီလီကွန် အစား ကာဘွန် (ဂရပ်ဖိုဒ်) ကိုအခြေခံထုပ်လုပ်တာဖြစ်ပြီးလက်ရှိဆီလီကွန် ချစ်တွေထက်ဈေးလဲ သက်သာ ပါဝါလဲပိုအားကောင်းပြီးဘက်ထရီစားလဲသက်သာတယ် လို့ဆိုပါတယ်နှစ်အနည်းငယ်အတွင်းမှာကို ကာဘွန် Chip တွေကဆီလီကွန် Chip နေရာကို အစားထိုးလာပါတော့မယ်

ဖိုတွန်နစ် ချစ်

တရုတ်ဟာ လက်ရှိသုံးနေတဲ့ အီလက်ထရွန်အခြေပြု အီလက်ထရွန်းနစ် Chip တွေထက် အစစသာလွန်တဲ့Photon (အလင်း) ကိုသုံးတဲ့ချစ်တွေကို စမ်းသပ်အောင်မြင်နေပြီဖြစ်လို့ မကြာခင်စီးပွားဖြစ် အမြောက်အများ ထုပ်လုပ်ပါတော့မယ်ဖိုတွန်နစ် ချစ်တွေဟာ အမြန်နှုံး 100 Giga Hertz နဲ့တာထွက်လာမှာဖြစ်ပြီးနောင်မှာတော့ အဆတစ်ထောင်လောက် အထိ ပိုမြန်တဲ့ Tera Hertz အတန်းစားတွေကို ဆက်တိုက်ထုပ်လုပ်ပါလိမ့်မယ်ဘက္ထရီစားပါ အထူးသက်သာလို့ စမတ်ဖုံးတွေကို နောက်အဆင့်တစ်ခုဆီ မြှင့်တင်ပေးသွားတော့မယ် လို့ဆိုပါတယ်ဖုံးကောင်းကောင်း ကင်မရာကောင်းကောင်းတွေကိုေ ဈးသက်သက်သာသာနဲ့ ဝယ်နိုင်ကြမယ့်ခေတ်က မဝေးတော့ပါဘူး

ငယ်ထိပ်ပုတ်ခံရရင် တိမ်ပေါ်ထိလိုက်

ဒီလိုဖြစ်ပေါ်တိုးတက်မှုတွေဟာ ဟွာဝေးအပေါ်အမေရိကန်ရဲ့ အညိုးကြီးကြီးနဲ့ ထိုးနှက်တိုက်ခိုက် ပိတ်ဆို့မှုတွေရဲ့ရောင်ပြန်တွေပါဟွာဝေးဟာ ဒီလိုအကျပ်ကိုင် ထိုးနှက်မှုတွေကိုဒူးမထောက် လက်မမြှောက် ရင်ဆိုင်သွားဘို့ ပိုင်းဖြတ်ထားတယ် လို့ဆိုပါတယ်လက်ရှိဆီလီကွန် Chip တွေဖက်အတွက်ရော
ကာဘွန်နဲ့ ဖိုတွန်နစ် Chip တွေ အတွက်ပ ါဒေါ်ဘီလျံဆယ်ဂဏန်းသုံးပြီး သုတေသနပြု စမ်းသပ်ထုပ်လုပ်နေပါတယ်၂၀၂၂ မှာဟွာဝေး Chip တွေစတင်ဖြန့်ချီ ရောင်းချတော့မယ်လို့ သိရပါတယ်

အလီ ဘာဘာ ကလဲနောက်ကျမခံချစ်လုပ်ငန်းမှာ အပြိုင်အဆိုင် ပါဝင်ထုပ်လုပ်လာပြီဆိုတော့ အနောက်နိုင်ငံတွေနဲ့ ထိုင်ဝမ်ကစိုးမိုးထားတဲ့ ကွန်ပြူတာ
Chip လောကမှာအုပ်အုပ်ကျဲကျဲ ရုတ်ရုတ်သဲသဲ ယှဉ်ပြိုင်မှုတွေအားကောင်း လာပါတော့မယ်ဒီယှဉ်ပြိုင်မှုတွေကနေ အကျိုးများမယ့်သူတွေကတော့ ကျနော်တို့လိုသုံးစွဲသူတွေပါဘဲ

crd
Khin Maung Zaw