■အဖေများနေ့မှာ အရင်ဆုံးဆုတောင်းပေးတဲ့သူက Meadow လို့ Vin Diesel ပြော

■အဖေများနေ့မှာ အရင်ဆုံးဆုတောင်းပေးတဲ့သူက Meadow လို့ Vin Diesel ပြော

မင်းသား Paul Walker ရဲ့သမီး Meadow Walker က အဖေများနေ့ရောက်တိုင်း သူ့ကိုပထမဆုံး wish လုပ်တဲ့သူဖြစ်တယ်လို့ Vin Diesel ကပြောဆိုလိုက်ပါတယ်။

မကြာသေးမီက Meadow ရဲ့မင်္ဂလာဆောင်မှာ ဖခင်ကိုယ်စားသတို့သမီးနဲ့အတူ တွဲလျှောက်လာရုံသာမက နှစ်စဉ် အဖေများနေ့တိုင်းမှာ ပျော်ရွှင်စရာအဖေများနေ့ဖြစ်ပါစေလို့ ပထမဆုံးဆုမွန်ကောင်းတောင်းပေးသူက Meadow လို့ Vin Diesel က ပြောပါတယ်။

သူမရဲ့ဖခင်နဲ့ မိတ်ဆွေရင်းချာများဖြစ်ကြပြီး Meadow လေးရဲ့ ခေါင်းကိုင်ဖခင်လည်းဖြစ်ပါတယ်။ မကြာသေးမီက Meadow က မင်းသား Louis Thornton-Allan နဲ့လက်ထပ်လိုက်တာဖြစ်ပါတယ်။

ဖခင် Paul မရှိတော့ပေမဲ့ ဖခင်နေရာမှာ Vin Diesel က ကိုယ်စားရှိနေပေးတာ ချီးကျူးစရာပါ။ ဖခင်မရှိတော့ပေမယ့် သူတို့ရဲ့ဆက်ဆံရေးက ခိုင်မာနေတုန်းပါပဲ။

crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။