■ဟက်ကာတွေက FBI အီးမေး စနစ်ကို ဟက်ပြီး အီးမေး အတုတွေ ပေးပို့ခဲ့

■ဟက်ကာတွေက FBI အီးမေး စနစ်ကို ဟက်ပြီး အီးမေး အတုတွေ ပေးပို့ခဲ့

ဟက်ကာတွေဟာ FBI ရဲ့ External အီးမေး စနစ်ကို ပြီးခဲ့တဲ့ စနေနေ့က ဟက်ခဲ့ပြီး လူထောင်ပေါင်းများစွာနဲ့ ကုမ္ပဏီတွေထံ သင်ဟာ ဆိုက်တာ တိုက်ခိုက်ခံလိုက်ရပြီလို့ရေးသားထားတဲ့ အီးမေးတွေကို ပေးပို့ခဲ့ပါတယ်။ ပြည်ထောင်စုနဲ့ ဒေသတွင်း အာဏာပိုင်တွေနဲ့ ဆက်သွယ်ဖို့ သုံးတဲ့ Law Enforcement Enterprise Portal စနစ်ကနေ အီးမေး အတုတွေကို ပေးပို့ခဲ့တာ ဖြစ်တယ်လို့ FBI က ပြောပါတယ်။

“ FBI ကွန်ရက်က ဒေတာတွေ ခိုးယူခံရတာ မရှိပါဘူး။ ဒီဖြစ်ရပ်ကို သိသိချင်းပဲ ဆော့ဖ်ဝဲ ဟာကွက်ကို ဖာထေးခဲ့ပြီး အီးမေး အတုတွေဖြစ်ကြောင်း ပါတနာတွေဆီ သတင်းပေးခဲ့ပါတယ်။ “ လို့ FBI က ကြေညာပါတယ်။

ဆိုက်ဘာလုံခြုံရေး ပညာရှင်တွေက အီးမေးတွေမှာ Malicious Attachment တွေ မပါတဲ့အတွက် ဟက်ကာတွေဟာ FBI Portal ရဲ့ လုံခြုံရေး ဟာကွက်ကို မထင်မှတ်ဘဲ တွေ့လိုက်တဲ့အတွက် လက်တည့်စမ်းလိုက်တာ ဖြစ်နိုင်ပြီး ကြီးကြီးမားမား တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ သုံးသပ်ပါတယ်။ အခု တိုက်ခိုက်မှုဟာ နိုင်ငံရပ်ခြားက ဟက်ကာတွေရဲ့ လက်ချက် မဖြစ်နိုင်ဘူးလို့လည်း ပြောကြပါတယ်။

ရုရှား အစိုးရ ဟက်ကာတွေဟာ Treasure and Commerce ဌာနနဲ့ တခြား အမေရိကန် အေဂျင်စီတွေကို ပြီးခဲ့တဲ့နှစ်က ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်ခဲ့သလို တရုတ် အစိုးရ ဟက်ကာတွေဟာလည်း အမေရိကန် အစိုးရ အေဂျင်စီများစွာကို ဖောက်ထွင်းထားကြတယ်လို့ ယုံကြည်ထားကြပါတယ်။

အခုလို FBI ရဲ့ အီးမေး စနစ် ဖောက်ထွင်းခံရတာ ဂုဏ်သိက္ခာ ကျဆင်းစေသလို တော်တော်ဆိုးရွားတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်သွားနိုင်တယ်လို့ ဆိုက်ဘာ လုံခြုံရေး ပညာရှင်တွေက သုံးသပ်ကြပါတယ်။

Ref : Washingtonpost
crd

zawgyi

■ဟက္ကာေတြက FBI အီးေမး စနစ္ကို ဟက္ၿပီး အီးေမး အတုေတြ ေပးပို႔ခဲ့

ဟက္ကာေတြဟာ FBI ရဲ့ External အီးေမး စနစ္ကို ၿပီးခဲ့တဲ့ စေနေန႔က ဟက္ခဲ့ၿပီး လူေထာင္ေပါင္းမ်ားစြာနဲ႔ ကုမၸဏီေတြထံ သင္ဟာ ဆိုက္တာ တိုက္ခိုက္ခံလိုက္ရၿပီလို႔ေရးသားထားတဲ့ အီးေမးေတြကို ေပးပို႔ခဲ့ပါတယ္။ ျပည္ေထာင္စုနဲ႔ ေဒသတြင္း အာဏာပိုင္ေတြနဲ႔ ဆက္သြယ္ဖို႔ သုံးတဲ့ Law Enforcement Enterprise Portal စနစ္ကေန အီးေမး အတုေတြကို ေပးပို႔ခဲ့တာ ျဖစ္တယ္လို႔ FBI က ေျပာပါတယ္။

“ FBI ကြန္ရက္က ေဒတာေတြ ခိုးယူခံရတာ မရွိပါဘူး။ ဒီျဖစ္ရပ္ကို သိသိခ်င္းပဲ ေဆာ့ဖ္ဝဲ ဟာကြက္ကို ဖာေထးခဲ့ၿပီး အီးေမး အတုေတြျဖစ္ေၾကာင္း ပါတနာေတြဆီ သတင္းေပးခဲ့ပါတယ္။ “ လို႔ FBI က ေၾကညာပါတယ္။

ဆိုက္ဘာလုံျခဳံေရး ပညာရွင္ေတြက အီးေမးေတြမွာ Malicious Attachment ေတြ မပါတဲ့အတြက္ ဟက္ကာေတြဟာ FBI Portal ရဲ့ လုံျခဳံေရး ဟာကြက္ကို မထင္မွတ္ဘဲ ေတြ႕လိုက္တဲ့အတြက္ လက္တည့္စမ္းလိုက္တာ ျဖစ္နိုင္ၿပီး ႀကီးႀကီးမားမား တိုက္ခိုက္ဖို႔ ရည္ရြယ္ခ်က္ မရွိဘူးလို႔ သုံးသပ္ပါတယ္။ အခု တိုက္ခိုက္မႈဟာ နိုင္ငံရပ္ျခားက ဟက္ကာေတြရဲ့ လက္ခ်က္ မျဖစ္နိုင္ဘူးလို႔လည္း ေျပာၾကပါတယ္။

႐ုရွား အစိုးရ ဟက္ကာေတြဟာ Treasure and Commerce ဌာနနဲ႔ တျခား အေမရိကန္ ေအဂ်င္စီေတြကို ၿပီးခဲ့တဲ့ႏွစ္က ဆိုက္ဘာ တိုက္ခိုက္မႈ ျပဳလုပ္ခဲ့သလို တ႐ုတ္ အစိုးရ ဟက္ကာေတြဟာလည္း အေမရိကန္ အစိုးရ ေအဂ်င္စီမ်ားစြာကို ေဖာက္ထြင္းထားၾကတယ္လို႔ ယုံၾကည္ထားၾကပါတယ္။

အခုလို FBI ရဲ့ အီးေမး စနစ္ ေဖာက္ထြင္းခံရတာ ဂုဏ္သိကၡာ က်ဆင္းေစသလို ေတာ္ေတာ္ဆိုးရြားတဲ့ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြ ျဖစ္သြားနိုင္တယ္လို႔ ဆိုက္ဘာ လုံျခဳံေရး ပညာရွင္ေတြက သုံးသပ္ၾကပါတယ္။

Ref : Washingtonpost
crd