■သူမရဲ့ဝန်ထမ်း ၅၀၀ကျော်ကို ဒေါ်လာတစ်သောင်းနဲ့ ဘယ်နေရာကိုမဆို သွားရောက်နိုင်တဲ့ ပထမတန်းစား လေယာဉ်လက်မှတ်နှစ်စောင်ကို ပေးခဲ့တဲ့ CEO

■သူမရဲ့ဝန်ထမ်း ၅၀၀ကျော်ကို ဒေါ်လာတစ်သောင်းနဲ့ ဘယ်နေရာကိုမဆို သွားရောက်နိုင်တဲ့ ပထမတန်းစား လေယာဉ်လက်မှတ်နှစ်စောင်ကို ပေးခဲ့တဲ့ CEO

အမျိုးသမီး CEO တစ်ယောက်ဟာ သူမရဲ့ဝန်ထမ်းအားလုံးကို လက်ဆောင်တစ်ခုပေးပြီးနောက်မှာ သူမဟာ ကမ္ဘာ့အကောင်းဆုံးသူဌေးအဖြစ် ခေါ်ဝေါ်ခြင်းခံခဲ့ရပါတယ်။…

ပြီးခဲ့တဲ့အပတ်က CNN တွင် ရင်းနှီးမြုပ်နှံမှုစီမံခန့်ခွဲမှုကုမ္ပဏီ Blackstone က Spanx တွင် အစုရှယ်ယာအများစုကို ဝယ်ယူခဲ့ပြီး shapewear အမှတ်တံဆိပ်ကို ဒေါ်လာ 1.2 billion နဲ့ တန်ဖိုးဖြတ်ခဲ့ပါတယ်။ Spanx ရဲ့ တည်ထောင်သူနဲ့ CEO ဖြစ်သူ Sara Blakely က သဘောတူညီချက်ကို ဂုဏ်ပြုတဲ့ပါတီတွင်…

ဝန်ထမ်းတွေကို ကမ္ဘာတစ်ဝှမ်းလုံးရှိ မည်သည့်နေရာကိုမဆို သွားရောက်နိုင်တဲ့ ပထမတန်းစားလက်မှတ်နှစ်စောင်ပေးကာ သူမရဲ့ဝန်ထမ်းတွေကို အံ့သြသင့်အောင်လုပ်ပေးခဲ့တာပါ။ နောက်ပြီး သူမဟာ ခရီးစရိတ်အတွက် တစ်ဦးလျှင် ဒေါ်လာတစ်သောင်း ထပ်ပေးခဲ့တာ ဖြစ်ပါတယ်။…

Blakely ဟာ လက်ဆောင်တွေကိုကြေညာတဲ့အချိန်မှာ ရိုက်ကူးထားခဲ့တဲ့ ပျော်စရာဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့တာဖြစ်ပြီး ဝန်ထမ်းတွေဟာ ဒီကြေညာချက်ကြောင့် အလွန်အမင်းအံ့သြကာ တစ်ချို့က ငိုကြပြီး တစ်ချို့က ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြပါတယ်။…

“ဒီအချိန်ဟာ အမျိုးသမီးစွန့်ဦးတီထွင်ရှင်တွေအတွက် တကယ့်ကိုအရေးကြီးတဲ့ အခိုက်အတန့်ပါပဲ” ဟု စီးပွါးရေးလုပ်ငန်းတွင် အရေးပါတဲ့ရှယ်ယာတွေကို ထိန်းထားကာ ကုမ္ပဏီရဲ့အမှုဆောင်ဥက္ကဌဖြစ်လာမယ့် Sara Blakely က ပြောကြားခဲ့ပြီး 2000 ခုနှစ်တွင် Spanx ကို တည်ထောင်ခဲ့စဉ်က $5000 ဖြင့် စတင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။…

“ကျွန်မ ဒီကုမ္ပဏီကို လုပ်ငန်းအတွေ့အကြုံမရှိပဲ ပိုက်ဆံနည်းနည်းနဲ့ စတင်ခဲ့တယ် ဒါပေမယ့် ဖောက် သည်တွေကို ကျွန်မအများဆုံး ဂရုစိုက်ပေးခဲ့ပါတယ် ဒါက ကုမ္ပဏီကိုစတင်ဖို့ သတ္တိတွေရှိလာစေခဲ့ပါတယ်” ဟာ သူမရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။…

2012 ခုနှစ်တွင် Spanx ကိုတည်ထောင်သူ Sara Blakely ဟာ Forbes မှ အသက်အငယ်ဆုံး အမျိုး သမီးဘီလီယံနာအဖြစ် ဖော်ပြခြင်းခံခဲ့ရပါတယ်။ “ကျွန်မရဲ့အိပ်မက်က နောက်ထပ်အမျိုးသမီး တီထွင်သူအများအပြား ရှိဖို့ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ ဒီကမ္ဘာကြီးအတွက် အမျိုးသမီးတွေရဲ့ ပံ့ပိုးကူညီမှုဟာ တစ်ထောင့်တစ်နေရာက လိုကိုလိုအပ်တာ ဖြစ်ပါတယ်။…

crd

zawgyi

■သူမရဲ့ဝန္ထမ္း ၅၀၀ေက်ာ္ကို ေဒၚလာတစ္ေသာင္းနဲ႔ ဘယ္ေနရာကိုမဆို သြားေရာက္နိုင္တဲ့ ပထမတန္းစား ေလယာဥ္လက္မွတ္ႏွစ္ေစာင္ကို ေပးခဲ့တဲ့ CEO

အမ်ိဳးသမီး CEO တစ္ေယာက္ဟာ သူမရဲ့ဝန္ထမ္းအားလုံးကို လက္ေဆာင္တစ္ခုေပးၿပီးေနာက္မွာ သူမဟာ ကမၻာ့အေကာင္းဆုံးသူေဌးအျဖစ္ ေခၚေဝၚျခင္းခံခဲ့ရပါတယ္။…

ၿပီးခဲ့တဲ့အပတ္က CNN တြင္ ရင္းႏွီးျမဳပ္ႏွံမႈစီမံခန႔္ခြဲမႈကုမၸဏီ Blackstone က Spanx တြင္ အစုရွယ္ယာအမ်ားစုကို ဝယ္ယူခဲ့ၿပီး shapewear အမွတ္တံဆိပ္ကို ေဒၚလာ 1.2 billion နဲ႔ တန္ဖိုးျဖတ္ခဲ့ပါတယ္။ Spanx ရဲ့ တည္ေထာင္သူနဲ႔ CEO ျဖစ္သူ Sara Blakely က သေဘာတူညီခ်က္ကို ဂုဏ္ျပဳတဲ့ပါတီတြင္…

ဝန္ထမ္းေတြကို ကမၻာတစ္ဝွမ္းလုံးရွိ မည္သည့္ေနရာကိုမဆို သြားေရာက္နိုင္တဲ့ ပထမတန္းစားလက္မွတ္ႏွစ္ေစာင္ေပးကာ သူမရဲ့ဝန္ထမ္းေတြကို အံ့ၾသသင့္ေအာင္လုပ္ေပးခဲ့တာပါ။ ေနာက္ၿပီး သူမဟာ ခရီးစရိတ္အတြက္ တစ္ဦးလၽွင္ ေဒၚလာတစ္ေသာင္း ထပ္ေပးခဲ့တာ ျဖစ္ပါတယ္။…

Blakely ဟာ လက္ေဆာင္ေတြကိုေၾကညာတဲ့အခ်ိန္မွာ ရိုက္ကူးထားခဲ့တဲ့ ေပ်ာ္စရာဗီဒီယိုဖိုင္ေလးကို လူမႈကြန္ယက္ေပၚမွာ တင္ခဲ့တာျဖစ္ၿပီး ဝန္ထမ္းေတြဟာ ဒီေၾကညာခ်က္ေၾကာင့္ အလြန္အမင္းအံ့ၾသကာ တစ္ခ်ိဳ႕က ငိုၾကၿပီး တစ္ခ်ိဳ႕က ပါးစပ္အေဟာင္းသား ျဖစ္သြားခဲ့ၾကပါတယ္။…

“ဒီအခ်ိန္ဟာ အမ်ိဳးသမီးစြန႔္ဦးတီထြင္ရွင္ေတြအတြက္ တကယ့္ကိုအေရးႀကီးတဲ့ အခိုက္အတန႔္ပါပဲ” ဟု စီးပြါးေရးလုပ္ငန္းတြင္ အေရးပါတဲ့ရွယ္ယာေတြကို ထိန္းထားကာ ကုမၸဏီရဲ့အမႈေဆာင္ဥကၠဌျဖစ္လာမယ့္ Sara Blakely က ေျပာၾကားခဲ့ၿပီး 2000 ခုႏွစ္တြင္ Spanx ကို တည္ေထာင္ခဲ့စဥ္က $5000 ျဖင့္ စတင္ခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။…

“ကၽြန္မ ဒီကုမၸဏီကို လုပ္ငန္းအေတြ႕အၾကဳံမရွိပဲ ပိုက္ဆံနည္းနည္းနဲ႔ စတင္ခဲ့တယ္ ဒါေပမယ့္ ေဖာက္ သည္ေတြကို ကၽြန္မအမ်ားဆုံး ဂ႐ုစိုက္ေပးခဲ့ပါတယ္ ဒါက ကုမၸဏီကိုစတင္ဖို႔ သတၱိေတြရွိလာေစခဲ့ပါတယ္” ဟာ သူမရဲ့ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။…

2012 ခုႏွစ္တြင္ Spanx ကိုတည္ေထာင္သူ Sara Blakely ဟာ Forbes မွ အသက္အငယ္ဆုံး အမ်ိဳး သမီးဘီလီယံနာအျဖစ္ ေဖာ္ျပျခင္းခံခဲ့ရပါတယ္။ “ကၽြန္မရဲ့အိပ္မက္က ေနာက္ထပ္အမ်ိဳးသမီး တီထြင္သူအမ်ားအျပား ရွိဖို႔ပါပဲ” လို႔ ေျပာၾကားခဲ့ပါတယ္။ ဒီကမၻာႀကီးအတြက္ အမ်ိဳးသမီးေတြရဲ့ ပံ့ပိုးကူညီမႈဟာ တစ္ေထာင့္တစ္ေနရာက လိုကိုလိုအပ္တာ ျဖစ္ပါတယ္။…

crd