■လူမြင်ကွင်းက တစ်နှစ်ကျော်ပျောက်ကွယ်နေတဲ့ ဂျက်မား ဟောင်ကောင်မှာ ပြန်လည်ထွက်ပေါ်လာ

■လူမြင်ကွင်းက တစ်နှစ်ကျော်ပျောက်ကွယ်နေတဲ့ ဂျက်မား ဟောင်ကောင်မှာ ပြန်လည်ထွက်ပေါ်လာ

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက ရှန်ဟိုင်းမှာ တရုတ်ဘဏ္ဍာရေးစည်းမျဉ်းတွေအပေါ် ဝေဖန်မှုတွေပြုလုပ်ခဲ့ပြီးနောက် လူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တဲ့ တရုတ်ဘီလျံနာဂျက်မားဟာ ဟောင်ကောင်မှာ ပြန်လည်ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။တရုတ်အာ ဏာပိုင်တွေနဲ့ ကတောက်ကဆဖြစ်ပွားပြီးနောက် ဂျက်မားဟာ low profile အဖြစ်နဲ့သာ နေထိုင်ခဲ့ပြီး အခုမှ ပြန်လည်ပေါ်ထွက်လာတာလည်းဖြစ်ပါတယ်။

အလီဘာဘာကို တည်ထောင်ခဲ့သူ စီးပွားရေးလုပ်ငန်းရှင်ဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းက ဟောင်ကောင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွှေ့ဆုံခဲ့တယ်လို့ Reuters ကို သတင်းရင်းမြစ်နှစ်ခုက ပြောဆိုခဲ့ပါတယ်။ ဂျက်မားပျောက်ကွယ်နေမှုဟာ တရုတ်အာဏာ ပိုင်တွေနဲ့ အဆင်မပြေဖြစ်မှုကြောင့်လို့ အားလုံးက ယူဆခဲ့ကြပြီး တရုတ်အစိုးရရဲ့ လုပ်ငန်းရှင်တွေအပေါ် ပစ်မှတ်ထားအရေးယူမှုတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

ဂျက်မားကို ဟောင်ကောင်မှာ ပြန်လည်မြင်တွေ့ခဲ့ရတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အလီဘာဘာဘက်ကတော့ တစ်စုံတစ်ရာမှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိခဲ့ပါဘူး။ပုံမှန်အားဖြင့် ဂျက်မားရဲ့ ပြောဆိုထင်မြင်ချက်တွေကို ကုမ္ပဏီကတဆင့် ထုတ်ဖော်ပြော ဆိုမှုတွေ ပြုလုပ်လေ့ရှိတာဖြစ်ပြီး သတင်းရင်းမြစ်တွေကလည်း လျှို့ဝှက်ကန့်သတ်ချက်တွေကြောင့် သူတို့ရဲ့ နာမည်ကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုထားပါတယ်။

တရုတ်ရဲ့ အကျော်ကြားဆုံးနဲ့ စွန့်ဦးတီထွင်တစ်ဦးအဖြစ်ထင်ရှားခဲ့တဲ့ ဂျက်မားဟာ လုပ်ဖော်ကိုင်ဖက်အနည်းငယ်နဲ့ တွေ့ဆုံကာ စားသောက်ခဲ့တယ်လို့ သိရပါတယ်။ ဂျက်မားဟာ အများအားဖြင့် အလီဘာဘာရုံးချုပ်ရှိရာ Hangzhou မြို့မှာသာ အနေများပြီး သူပိုင်ဆိုင်ရာ ဇိမ်ခံအိမ်တစ်လုံးလည်း အဆိုပါမြို့မှာရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ကလည်း အလီဘာဘာနဲ့ သူ့လက်အောက်လုပ်ငန်းစုတစ်ခုဖြစ်တဲ့ Ant ရှိရာ Zhejiang ပြည်နယ်က စိုက်ပျိုးရေးဖန်လုံအိမ်တွေကို ဂျက်မားသွားရောက်လည်ပတ်နေတဲ့ ဓာတ်ပုံတွေ တရုတ်လူမှုမီဒီယာမှာ ပျံ့နှံ့ခဲ့ပါသေးတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။