■လူကဲ့သို့ စဉ်းစားနိုင်တဲ့ စက်ရုပ်ကို ဂျပန်သိပ္ပံပညာရှင်များတီထွင်

■လူကဲ့သို့ စဉ်းစားနိုင်တဲ့ စက်ရုပ်ကို ဂျပန်သိပ္ပံပညာရှင်များတီထွင်

လူများကဲ့သို့ စဉ်းစားတတ်ရေးအတွက် ဓာတ်ခွဲခန်းအတွင်းဖန်တီးထားသည့် ဦးနှောက်နာ့ဗ်ဆဲလ်များနှင့် ချိတ်ဆက်ပေးထားသော စက်ရုပ်တစ်ရုပ်ကို ဂျပန်သိပ္ပံပညာရှင်များက တည်ဆောက်ထားတယ်လို့ဒေးလီးမေးလ်သတင်းစာက အောက်တိုဘာ ၂၆ရက်ကရေးသားတင်ပြထားပါတယ်။

လူ့လက်တစ်ဝါးစာအရွယ်အစားရှိ အဆိုပါစက်ရုပ်ယာဉ်ငယ်ကို လမ်းကြောင်းမှားပေါ်သို့တင်ပေးခဲ့သော်လည်း ဦးနှောက်နာ့ဗ်ဆဲလ်အကူအညီဖြင့် ၎င်းစက်ရုပ်ယာဉ်ငယ်ဟာ လမ်းကြောင်းမှန်ကို ရွေးချယ်နိုင်ခဲ့တယ်လို့ တိုကျိုတက္ကသိုလ်၌ ပြုလုပ်ခဲ့သည့် စမ်းသပ်မှုအတွင်း ဂျပန်သိပ္ပံပညာရှင်များက‌ ပြောကြားခဲ့တာပါ။

စက်ရုပ်နှင့် ချိတ်ဆက်ပေးထားသော ဦးနှောက်အာရုံနာ့ဗ်ဆဲလ်စနစ်အတုကို လျှပ်စစ်ဓာတ်အားဖြင့် အသက် သွင်းပေးလိုက်ချိန်တွင် စက်ရုပ်ယာဉ်ငယ်ဟာ ၎င်းသွားရောက်ရမည့်နေရာကို အောင်မြင်စွာသွား ရောက်နိုင်ခဲ့တာပါ။

စက်ရုပ်ယာဉ်ငယ်ကို လမ်းကြောင်းမှားပေါ်သို့ တင်ပေးလိုက်တိုင်း ဦးနှောက်အာရုံနာ့ဗ်ဆဲလ်စနစ်အတုသည် လမ်းကြောင်းမှန်ပေါ်သို့ပြန်တင်ပေးခဲ့ကြောင်း ဂျပန်သိပ္ပံပညာရှင်များ၏ အဆိုအရ သိရပါတယ်။

ဂျပန်သိပ္ပံပညာရှင်များဟာ သက်ရှိဆဲလ်များဖြင့် ဓာတ်ခွဲခန်း အတွင်း ဖန်တီးထားသော ဦးနှောက်အာရုံနာ့ဗ်ဆဲလ်စနစ်အတုကို အသုံးပြု၍ စက်ရုပ်တစ်ရုပ်၌ ပထမဆုံးအကြိမ်အဖြစ် အသိဉာဏ်ကို ထည့်သွင်းပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

crd

zawgyi

■လူကဲ့သို႔ စဥ္းစားနိုင္တဲ့ စက္႐ုပ္ကို ဂ်ပန္သိပၸံပညာရွင္မ်ားတီထြင္

လူမ်ားကဲ့သို႔ စဥ္းစားတတ္ေရးအတြက္ ဓာတ္ခြဲခန္းအတြင္းဖန္တီးထားသည့္ ဦးေႏွာက္နာ့ဗ္ဆဲလ္မ်ားႏွင့္ ခ်ိတ္ဆက္ေပးထားေသာ စက္႐ုပ္တစ္႐ုပ္ကို ဂ်ပန္သိပၸံပညာရွင္မ်ားက တည္ေဆာက္ထားတယ္လို႔ေဒးလီးေမးလ္သတင္းစာက ေအာက္တိုဘာ ၂၆ရက္ကေရးသားတင္ျပထားပါတယ္။

လူ႔လက္တစ္ဝါးစာအရြယ္အစားရွိ အဆိုပါစက္႐ုပ္ယာဥ္ငယ္ကို လမ္းေၾကာင္းမွားေပၚသို႔တင္ေပးခဲ့ေသာ္လည္း ဦးေႏွာက္နာ့ဗ္ဆဲလ္အကူအညီျဖင့္ ၎စက္႐ုပ္ယာဥ္ငယ္ဟာ လမ္းေၾကာင္းမွန္ကို ေရြးခ်ယ္နိုင္ခဲ့တယ္လို႔ တိုက်ိဳတကၠသိုလ္၌ ျပဳလုပ္ခဲ့သည့္ စမ္းသပ္မႈအတြင္း ဂ်ပန္သိပၸံပညာရွင္မ်ားက‌ ေျပာၾကားခဲ့တာပါ။

စက္႐ုပ္ႏွင့္ ခ်ိတ္ဆက္ေပးထားေသာ ဦးေႏွာက္အာ႐ုံနာ့ဗ္ဆဲလ္စနစ္အတုကို လၽွပ္စစ္ဓာတ္အားျဖင့္ အသက္ သြင္းေပးလိုက္ခ်ိန္တြင္ စက္႐ုပ္ယာဥ္ငယ္ဟာ ၎သြားေရာက္ရမည့္ေနရာကို ေအာင္ျမင္စြာသြား ေရာက္နိုင္ခဲ့တာပါ။

စက္႐ုပ္ယာဥ္ငယ္ကို လမ္းေၾကာင္းမွားေပၚသို႔ တင္ေပးလိုက္တိုင္း ဦးေႏွာက္အာ႐ုံနာ့ဗ္ဆဲလ္စနစ္အတုသည္ လမ္းေၾကာင္းမွန္ေပၚသို႔ျပန္တင္ေပးခဲ့ေၾကာင္း ဂ်ပန္သိပၸံပညာရွင္မ်ား၏ အဆိုအရ သိရပါတယ္။

ဂ်ပန္သိပၸံပညာရွင္မ်ားဟာ သက္ရွိဆဲလ္မ်ားျဖင့္ ဓာတ္ခြဲခန္း အတြင္း ဖန္တီးထားေသာ ဦးေႏွာက္အာ႐ုံနာ့ဗ္ဆဲလ္စနစ္အတုကို အသုံးျပဳ၍ စက္႐ုပ္တစ္႐ုပ္၌ ပထမဆုံးအႀကိမ္အျဖစ္ အသိဉာဏ္ကို ထည့္သြင္းေပးနိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

crd