■ရုရှားရဲ့ S-500 လေကာစနစ်ကို တရုတ်နဲ့ အိန္ဒိယတို့ အဦးဆုံးဝယ်ယူသွားမည်ဟုဆို

■ရုရှားရဲ့ S-500 လေကာစနစ်ကို တရုတ်နဲ့ အိန္ဒိယတို့ အဦးဆုံးဝယ်ယူသွားမည်ဟုဆို

မကြာသေးမီက ရုရှတပ်ရင်းတပ်ဖွဲ့များထံ ပေးပို့ဖြန့်ကျက်ခဲ့တဲ့ နောက်ဆုံးပေါ် S-500 မြေပြင်မှဝေဟင်ပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်သစ်ကို

တရုတ်၊ အိန္ဒိယနဲ့ တခြားသောရုရှရဲ့ ပါတနာမိတ်ဖက်နိုင်ငံများအနေဖြင့် ပထမဆုံးဝယ်သူသူများဖြစ်လာလိမ့်မယ်လို့ ရုရှစစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး Dmitry Shugayev က

အင်္ဂါနေ့က RBC သတင်းမီဒီယာနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ အိန္ဒိယဟာ ရုရှရဲ့ ကာလရှည်ကြာမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်ပြီး ယခင် S-400 များဝယ်ယူဖို့စာချုပ် ချုပ်ဆိုပြီးဖြစ်ကာ ယခုနှစ်ကုန်ပိုင်းမှာ ယူနစ်အသီးသီးကို စတင်လက်ခံရရှိမှာဖြစ်ပါတယ်။

တရုတ်ကလည်း S-400 လေကာများကို ပထမဆုံးအနေနဲ့ ၂၀၁၄ ခုနှစ်ကဝယ်ယူခဲ့တာပါ။ သို့သော် ယခု S-500 လေကာစနစ်တွေကို ရုရှမြေပြင်တပ်ရင်း တပ်ဖွဲ့များထံ လုံလောက်သောပမာဏ ပေးပို့ပြီးမှသာ စတင်ရောင်းချပေးမည်ဖြစ်ကြောင်း သိရပါတယ်။

ရုရှ Almaz-Antey ကုမ္ပဏီလုပ်ငန်းစုမှ ထုတ်လုပ်တဲ့ S-500 လေကာစနစ်ဟာ တိုက်ချင်းပစ်ဒုံးကျည် ICBM များ၊ အသံလွန်ဟိုက်ပါဆောနစ် ခရုဇ်မစ်ဇိုင်းများနှင့် မျိုးဆက်သစ်တိုက်လေယာဉ်များသာမက ဖြစ်နိုင်သမျှသော လေကြောင်းနဲ့

အာကာသမှတိုက်ခိုက်မှုများအတွက်ပါ ရည်ရွယ်ထုတ်လုပ်ထားတယ်လို့ဆိုပါတယ်။ ရွေ့လျားနိုင်တဲ့ S-500 စနစ်သစ်ဟာ ကမ႓ာပတ်လမ်းကြောင်းက

အနိမ့်ပျံဂြိုဟ်တုများကိုပါ ခြိမ်းခြောက်နိုင်ပြီး ယူနစ်တစ်ခုဟာ မြေပြင်အထက် အမြင့်ကီလိုမီတာ ၂၀၀ (၁၂၅ မိုင်)ကျော်၊ အကွာအဝေး အချင်းဝက် ကီလိုမီတာ ၆၀၀ (370 မိုင်) အထိလွှမ်းခြုံကာကွယ်နိုင်စွမ်းရှိကာ ပစ်မှတ် ၁၀ ခုကိုတစ်ပြိုင်နက်ပစ်ခတ်နိုင်တယ်လို့ သိရပါတယ်။

Crd..Globaltomyanmar-GTM

zawgyi

■႐ုရွားရဲ့ S-500 ေလကာစနစ္ကို တ႐ုတ္နဲ႔ အိႏၵိယတို႔ အဦးဆုံးဝယ္ယူသြားမည္ဟုဆို

မၾကာေသးမီက ႐ုရွတပ္ရင္းတပ္ဖြဲ႕မ်ားထံ ေပးပို႔ျဖန႔္က်က္ခဲ့တဲ့ ေနာက္ဆုံးေပၚ S-500 ေျမျပင္မွေဝဟင္ပစ္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္သစ္ကို

တ႐ုတ္၊ အိႏၵိယနဲ႔ တျခားေသာ႐ုရွရဲ့ ပါတနာမိတ္ဖက္နိုင္ငံမ်ားအေနျဖင့္ ပထမဆုံးဝယ္သူသူမ်ားျဖစ္လာလိမ့္မယ္လို႔ ႐ုရွစစ္ဘက္နည္းပညာပူးေပါင္းေဆာင္ရြက္ေရးဌာန ညႊန္ၾကားေရးမႉး Dmitry Shugayev က

အဂၤါေန႔က RBC သတင္းမီဒီယာနဲ႔ အင္တာဗ်ဴးမွာ ေျပာခဲ့ပါတယ္။ အိႏၵိယဟာ ႐ုရွရဲ့ ကာလရွည္ၾကာမဟာဗ်ဴဟာေျမာက္ မိတ္ဖက္နိုင္ငံျဖစ္ၿပီး ယခင္ S-400 မ်ားဝယ္ယူဖို႔စာခ်ဳပ္ ခ်ဳပ္ဆိုၿပီးျဖစ္ကာ ယခုႏွစ္ကုန္ပိုင္းမွာ ယူနစ္အသီးသီးကို စတင္လက္ခံရရွိမွာျဖစ္ပါတယ္။

တ႐ုတ္ကလည္း S-400 ေလကာမ်ားကို ပထမဆုံးအေနနဲ႔ ၂၀၁၄ ခုႏွစ္ကဝယ္ယူခဲ့တာပါ။ သို႔ေသာ္ ယခု S-500 ေလကာစနစ္ေတြကို ႐ုရွေျမျပင္တပ္ရင္း တပ္ဖြဲ႕မ်ားထံ လုံေလာက္ေသာပမာဏ ေပးပို႔ၿပီးမွသာ စတင္ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း သိရပါတယ္။

႐ုရွ Almaz-Antey ကုမၸဏီလုပ္ငန္းစုမွ ထုတ္လုပ္တဲ့ S-500 ေလကာစနစ္ဟာ တိုက္ခ်င္းပစ္ဒုံးက်ည္ ICBM မ်ား၊ အသံလြန္ဟိုက္ပါေဆာနစ္ ခ႐ုဇ္မစ္ဇိုင္းမ်ားႏွင့္ မ်ိဳးဆက္သစ္တိုက္ေလယာဥ္မ်ားသာမက ျဖစ္နိုင္သမၽွေသာ ေလေၾကာင္းနဲ႔

အာကာသမွတိုက္ခိုက္မႈမ်ားအတြက္ပါ ရည္ရြယ္ထုတ္လုပ္ထားတယ္လို႔ဆိုပါတယ္။ ေရြ႕လ်ားနိုင္တဲ့ S-500 စနစ္သစ္ဟာ ကမ႓ာပတ္လမ္းေၾကာင္းက

အနိမ့္ပ်ံၿဂိဳဟ္တုမ်ားကိုပါ ၿခိမ္းေျခာက္နိုင္ၿပီး ယူနစ္တစ္ခုဟာ ေျမျပင္အထက္ အျမင့္ကီလိုမီတာ ၂၀၀ (၁၂၅ မိုင္)ေက်ာ္၊ အကြာအေဝး အခ်င္းဝက္ ကီလိုမီတာ ၆၀၀ (370 မိုင္) အထိလႊမ္းျခဳံကာကြယ္နိုင္စြမ္းရွိကာ ပစ္မွတ္ ၁၀ ခုကိုတစ္ၿပိဳင္နက္ပစ္ခတ္နိုင္တယ္လို႔ သိရပါတယ္။

Crd..Globaltomyanmar-GTM