■မွေးနေ့ပွဲကျင်းပဖို့အတွက် မိခင်ပေးထားတဲ့ သိန်း 100 ကို ဆင်းရဲနွမ်းပါးတဲ့လူတွေအတွက် ဆိုင်ကယ်ဝယ်ပေးဖို့ လှူဒါန်းခဲ့လိုက်တဲ့ ကောင်မလေး

■မွေးနေ့ပွဲကျင်းပဖို့အတွက် မိခင်ပေးထားတဲ့ သိန်း 100 ကို ဆင်းရဲနွမ်းပါးတဲ့လူတွေအတွက် ဆိုင်ကယ်ဝယ်ပေးဖို့ လှူဒါန်းခဲ့လိုက်တဲ့ ကောင်မလေး

လူများစွာအတွက် ဒေါင် သန်း 100 က ကြီးမားတဲ့ ပမာဏဖြစ်သော်လည်း Tuong Vi ဆိုတဲ့ မိန်းကလေးအတွက် သူမက သူမရဲ့ မွေးနေ့ကို ပိုမိုအဓိပ္ပာယ်ရှိစေရန် ဆိုင်ကယ်တစ်စီးဝယ်ပေးခြင်းဖြင့် လိုအပ်နေသူများကို မျှဝေပေးစေလိုပါတယ် ။ အဆိုပါ Nguyen Tuong Vi က မွေးနေ့ပါတီကျင်းပရန် မိခင်ဖြစ်သူမှ VND သန်း 100 ကျော် ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ် ။ ဒါပေမဲ့ Tuong Vi က သူမရဲ့ မွေးနေ့ကို ကြီးကြီးကျယ်ကျယ် မကျင်းပချင်တဲ့အပြင် အထူးသဖြင့် ကပ်ရောဂါကာလအတွင်း အခက်အခဲများ ရှိနေသေးပါတယ် ။ ထို့ကြောင့် သူမက ဟိုချီမင်းမြို့မှ အခက်ကြုံနေသူများကို မော်တော်ဆိုင်ကယ် ၅ စီး
လှူဒါန်းရန်အတွက် စေတနာ့ဝန်ထမ်းအဖွဲ့နဲ့ ပူးပေါင်းကာ မိခင်ထံမှ ပိုက်ဆံကို အသုံးပြုခဲ့ပါတယ် ။

Tuong Vi ရဲ့ လက်ဆောင်များကို လက်ခံရရှိတဲ့ ကံကောင်းသူများက အလွန်ထိမိပြီး ပျော်ရွှင်ခဲ့ကြပါတယ် ။ Tuong Vi လှူဒါန်းခဲ့တဲ့ လူတွေထဲ မိန်းကလေးတစ်ယောက်ဟာ မိသားစုကို ထောက်ပံ့ဖို့အတွက် အရက်ဆိုင်မှာ စားပွဲထိုးလုပ်ဖို့အတွက် နေ့တိုင်း ၁၀ ကီလိုမီတာနီးပါး လမ်းလျှောက်ပါတယ် ။

သူမရဲ့လစာက မတည်မငြိမ်ဖြစ်နေပေမယ့် သူမရဲ့အဖေကို ထောက်ပံ့နေတုန်းပါပဲ ။ Tuong Vi လှူဒါန်းခဲ့တဲ့ မော်တော်ဆိုင်ကယ်ကို စီးရတာ သူမအရမ်းပျော်ပြီး ဒီလက်ဆောင်ကြောင့် ဘဝမှာ ယုံကြည်မှု ပိုရှိလာဖို့ တွန်းအားတွေ ပိုရလာတယ်လို့ ရင်ဖွင့်ခဲ့ပါတယ် ။

Tuong Vi သည် ဆင်းရဲနွမ်းပါးသူများကို ဆိုင်ကယ်များ လှူဒါန်းခြင်းသည် ပထမဆုံးအကြိမ် မဟုတ်သေးပါဘူး ။ Tuong Vi က အလှကုန်ကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင်ဖြစ်ပြီး အသက် 18 နှစ်အရွယ်ကတည်းက လုပ်ငန်းအတွေ့အကြုံရှိပြီး အောင်မြင်မှုများစွာရရှိထားသူဖြစ်ကြောင်း သိရှိရပါတယ် ။

သူ့မိဘတွေက အိမ်ခြံမြေလုပ်ငန်းရှင်တွေမို့ မိသားစုလည်း ချမ်းသာပါတယ် ။ ထို့ကြောင့် Vi က ဆင်းရဲနွမ်းပါးသူများကို ကူညီရန် မွေးနေ့ပါတီတွက် ပေါင်း သန်း 100 ကို အသုံးပြုပြီး သူမရဲ့ မိသားစုက အခိုင်အမာ ပံ့ပိုးထားပါတယ် ။

JRose (KB Chimmy One)

Reference : bestie

zawgyi

■ေမြးေန႔ပြဲက်င္းပဖို႔အတြက္ မိခင္ေပးထားတဲ့ သိန္း 100 ကို ဆင္းရဲႏြမ္းပါးတဲ့လူေတြအတြက္ ဆိုင္ကယ္ဝယ္ေပးဖို႔ လႉဒါန္းခဲ့လိုက္တဲ့ ေကာင္မေလး

လူမ်ားစြာအတြက္ ေဒါင္ သန္း 100 က ႀကီးမားတဲ့ ပမာဏျဖစ္ေသာ္လည္း Tuong Vi ဆိုတဲ့ မိန္းကေလးအတြက္ သူမက သူမရဲ့ ေမြးေန႔ကို ပိုမိုအဓိပၸာယ္ရွိေစရန္ ဆိုင္ကယ္တစ္စီးဝယ္ေပးျခင္းျဖင့္ လိုအပ္ေနသူမ်ားကို မၽွေဝေပးေစလိုပါတယ္ ။ အဆိုပါ Nguyen Tuong Vi က ေမြးေန႔ပါတီက်င္းပရန္ မိခင္ျဖစ္သူမွ VND သန္း 100 ေက်ာ္ ေပးအပ္ခဲ့ေၾကာင္း သိရွိရပါတယ္ ။ ဒါေပမဲ့ Tuong Vi က သူမရဲ့ ေမြးေန႔ကို ႀကီးႀကီးက်ယ္က်ယ္ မက်င္းပခ်င္တဲ့အျပင္ အထူးသျဖင့္ ကပ္ေရာဂါကာလအတြင္း အခက္အခဲမ်ား ရွိေနေသးပါတယ္ ။ ထို႔ေၾကာင့္ သူမက ဟိုခ်ီမင္းၿမိဳ႕မွ အခက္ၾကဳံေနသူမ်ားကို ေမာ္ေတာ္ဆိုင္ကယ္ ၅ စီး
လႉဒါန္းရန္အတြက္ ေစတနာ့ဝန္ထမ္းအဖြဲ႕နဲ႔ ပူးေပါင္းကာ မိခင္ထံမွ ပိုက္ဆံကို အသုံးျပဳခဲ့ပါတယ္ ။

Tuong Vi ရဲ့ လက္ေဆာင္မ်ားကို လက္ခံရရွိတဲ့ ကံေကာင္းသူမ်ားက အလြန္ထိမိၿပီး ေပ်ာ္ရႊင္ခဲ့ၾကပါတယ္ ။ Tuong Vi လႉဒါန္းခဲ့တဲ့ လူေတြထဲ မိန္းကေလးတစ္ေယာက္ဟာ မိသားစုကို ေထာက္ပံ့ဖို႔အတြက္ အရက္ဆိုင္မွာ စားပြဲထိုးလုပ္ဖို႔အတြက္ ေန႔တိုင္း ၁၀ ကီလိုမီတာနီးပါး လမ္းေလၽွာက္ပါတယ္ ။

သူမရဲ့လစာက မတည္မၿငိမ္ျဖစ္ေနေပမယ့္ သူမရဲ့အေဖကို ေထာက္ပံ့ေနတုန္းပါပဲ ။ Tuong Vi လႉဒါန္းခဲ့တဲ့ ေမာ္ေတာ္ဆိုင္ကယ္ကို စီးရတာ သူမအရမ္းေပ်ာ္ၿပီး ဒီလက္ေဆာင္ေၾကာင့္ ဘဝမွာ ယုံၾကည္မႈ ပိုရွိလာဖို႔ တြန္းအားေတြ ပိုရလာတယ္လို႔ ရင္ဖြင့္ခဲ့ပါတယ္ ။

Tuong Vi သည္ ဆင္းရဲႏြမ္းပါးသူမ်ားကို ဆိုင္ကယ္မ်ား လႉဒါန္းျခင္းသည္ ပထမဆုံးအႀကိမ္ မဟုတ္ေသးပါဘူး ။ Tuong Vi က အလွကုန္ကုမၸဏီတစ္ခုရဲ့ ပိုင္ရွင္ျဖစ္ၿပီး အသက္ 18 ႏွစ္အရြယ္ကတည္းက လုပ္ငန္းအေတြ႕အၾကဳံရွိၿပီး ေအာင္ျမင္မႈမ်ားစြာရရွိထားသူျဖစ္ေၾကာင္း သိရွိရပါတယ္ ။

သူ႔မိဘေတြက အိမ္ၿခံေျမလုပ္ငန္းရွင္ေတြမို႔ မိသားစုလည္း ခ်မ္းသာပါတယ္ ။ ထို႔ေၾကာင့္ Vi က ဆင္းရဲႏြမ္းပါးသူမ်ားကို ကူညီရန္ ေမြးေန႔ပါတီတြက္ ေပါင္း သန္း 100 ကို အသုံးျပဳၿပီး သူမရဲ့ မိသားစုက အခိုင္အမာ ပံ့ပိုးထားပါတယ္ ။

JRose (KB Chimmy One)

Reference : bestie