■မော်ဒယ်အောက်ပြီဖြစ်တဲ့အိမ်စီးကားကို လူတိုင်းစီးချင်တဲ့ တန်ဖိုးကြီး Lamborghini ဇိမ်ခံကားအဖြစ်ပြန်လည်ဖန်တီးခဲ့တဲ့ အမျိုးသား

■မော်ဒယ်အောက်ပြီဖြစ်တဲ့အိမ်စီးကားကို လူတိုင်းစီးချင်တဲ့ တန်ဖိုးကြီး Lamborghini ဇိမ်ခံကားအဖြစ်ပြန်လည်ဖန်တီးခဲ့တဲ့ အမျိုးသား

လူတွေ ဘာကြောင့် Lamborghini ဇိမ်ခံကားကို ပြန်ဖန်တီးချင်ကြတာလဲဆိုတာသိဖို့လွယ်ကူပါတယ်။ ၎င်းဟာ ကမ္ဘာပေါ်ရှိအလှဆုံးကားများထဲမှတစ်ခုဖြစ်နိုင်သလို စျေးနှုန်းကလည်း ကမ္ဘာ့နိုင်ငံအများစုနှင့်လက်လှမ်းမမီတဲ့အနေအထားအထိရှိခြင်းကြောင့်ဖြစ်ပါတယ်။

ခုလည်း ယူကရိန်းမှ အသက် ၃၀ အရွယ် Alexander Stupkin အမည်ရှိအမျိုးသားဟာ သူ့ရဲ့၂၀၀၃ Mitsubishi Eclipse ကကားကောင်းတစ်စီးဖြစ်ပေမဲ့လည်း

၎င်းကို Lamborghini Reventon ကားကဲ့သို့တစ်ခုခုဖြစ်လာရန် ပိုမိုမြင့်မားတဲ့ဆန္ဒများရှိနေခဲ့ပါတယ်။ တကယ်တမ်း သူဟာကျောက်မျက်ရတနာသမားတစ်ဦးဖြစ်ပြီး ဤကဲ့သို့သောပရောဂျက်ကို တစ်ခါမျှမကြိုးစားခဲ့ဖူးပါဘူး။

သူဟာ အစမှာ စိတ်လှုပ်ရှားနေခဲ့ပေမဲ့ အချိန်သာပေးရင် နောက်ဆုံးရလဒ်က တန်ဖိုးရှိမယ်ဆိုတာကိုသိနေခဲ့တာကြောင့် ဒေါ်လာ ၆ ထောင်တန်ကားကို ဒေါ်လာ ၂ သန်းတန်ကားအဖြစ်သို့ပြောင်းလဲခြင်းတွင် နှစ်နှစ်နီးပါးအချိန်ယူခဲ့ရပါတယ်။

သူဟာ ကိုယ်ထည်ပိုင်းများကို တစ်ကိုယ်တည်းလက်တည့်စမ်းခဲ့ပြီး Lamborghini Reventon ဟာ ဒေါ်လာ ၂ သန်းတန်ကားတစ်စီးဖြစ်တာကြောင့် အမှားအယွင်းမရှိစေအောင်ကြိုးစားကာ ၎င်းတွင်အထင်ကရ Lamborghini ပုံစံတံခါးများကိုပါပြောင်းလဲဖန်တီးခဲ့ပါတယ်။

ဤကဲ့သို့သောတည်ဆောက်မှုတွင် သူ့ရဲ့ပထမဆုံးကြိုးစားမှုဖြစ်ပေမဲ့ သူဟာ ကားကိုယ်ထည်ကိုလည်း ကိုယ်တိုင်ဆေးမှုတ်ခဲ့ပါသေးတယ်။ ဆေးမှုတ်ပြီးနောက်မှာ မှုတ်ဆေးက မျှော်လင့်ထားသည်ထက်ပိုကောင်းနေပြီး

ကားကိုယ်ထည်၏အသေးစိတ်အချက်အလတ်များကိုပါ ပုံဖော်ပေါ်လွင်သွားစေခဲ့ပါတယ်။ဒါဟာ သူ့ရဲ့ပထမဆုံးကြိုးစားမှုလို့ယူဆရတဲ့ ထူးခြားတဲ့အလုပ်တစ်ခုကိုလုပ်နိုင်ခဲ့တယ်လို့ဆိုရမှာပါ။

ထို့နောက် သူဟာ အားလုံးသောဘီးအသစ်တွေနှင့်ပြီးစီးသွားခဲ့တဲ့ ဤ“ Lamborghini Reventon” ကို ကားပြပွဲအချို့သို့ သွားရောက်ပြသခဲ့ပါတယ်။

ဒီကားပေါ်က အရာအားလုံးကို သူ့ကိုယ်ပိုင်လက်ဖြင့်ဖန်တီးထားသလို ယခင် Mitsubishi Eclipse ကားရဲ့ကိုယ်ထည်အား တစ်ခုစီအသေးစိတ်ပြောင်းလဲ့ခဲ့တာကြောင့် အခြားသူအနေနဲ့ ၎င်းကားဟာ မူလဘာကားလဲဆိုတာကိုတောင် ခန့်မှန်းရန်ခဲယဉ်းပါတယ်။

အသက် 30 အရွယ်မှာ Alexander Stupkin ဟာ ဒေါ်လာ 2 သန်းတန်ကားနဲ့တူတဲ့ကားတစ်စီးဖြင့် နေရာအနှံ့လှည့်ပတ်သွားလာနိုက်ခဲ့ပြီး

၎င်းကားရဲ့အလန်းဆုံးအစိတ်အပိုင်းဖြစ်သည့်အရာအားလုံးကို သူကိုယ်တိုင်ပြန်လည်ဖန်တီးတည်ဆောက်ခဲ့တာကြောင့် သူ့ကိုယ်ကို ဂုဏ်ယူပိတီဖြစ်နေမိမှာအမှန်ပါဘဲဗျာ။

Crd..Mia (Mckzone daily)

zawgyi

■ေမာ္ဒယ္ေအာက္ၿပီျဖစ္တဲ့အိမ္စီးကားကို လူတိုင္းစီးခ်င္တဲ့ တန္ဖိုးႀကီး Lamborghini ဇိမ္ခံကားအျဖစ္ျပန္လည္ဖန္တီးခဲ့တဲ့ အမ်ိဳးသား

လူေတြ ဘာေၾကာင့္ Lamborghini ဇိမ္ခံကားကို ျပန္ဖန္တီးခ်င္ၾကတာလဲဆိုတာသိဖို႔လြယ္ကူပါတယ္။ ၎ဟာ ကမၻာေပၚရွိအလွဆုံးကားမ်ားထဲမွတစ္ခုျဖစ္နိုင္သလို ေစ်းႏႈန္းကလည္း ကမၻာ့နိုင္ငံအမ်ားစုႏွင့္လက္လွမ္းမမီတဲ့အေနအထားအထိရွိျခင္းေၾကာင့္ျဖစ္ပါတယ္။

ခုလည္း ယူကရိန္းမွ အသက္ ၃၀ အရြယ္ Alexander Stupkin အမည္ရွိအမ်ိဳးသားဟာ သူ႔ရဲ့၂၀၀၃ Mitsubishi Eclipse ကကားေကာင္းတစ္စီးျဖစ္ေပမဲ့လည္း

၎ကို Lamborghini Reventon ကားကဲ့သို႔တစ္ခုခုျဖစ္လာရန္ ပိုမိုျမင့္မားတဲ့ဆႏၵမ်ားရွိေနခဲ့ပါတယ္။ တကယ္တမ္း သူဟာေက်ာက္မ်က္ရတနာသမားတစ္ဦးျဖစ္ၿပီး ဤကဲ့သို႔ေသာပေရာဂ်က္ကို တစ္ခါမၽွမႀကိဳးစားခဲ့ဖူးပါဘူး။

သူဟာ အစမွာ စိတ္လႈပ္ရွားေနခဲ့ေပမဲ့ အခ်ိန္သာေပးရင္ ေနာက္ဆုံးရလဒ္က တန္ဖိုးရွိမယ္ဆိုတာကိုသိေနခဲ့တာေၾကာင့္ ေဒၚလာ ၆ ေထာင္တန္ကားကို ေဒၚလာ ၂ သန္းတန္ကားအျဖစ္သို႔ေျပာင္းလဲျခင္းတြင္ ႏွစ္ႏွစ္နီးပါးအခ်ိန္ယူခဲ့ရပါတယ္။

သူဟာ ကိုယ္ထည္ပိုင္းမ်ားကို တစ္ကိုယ္တည္းလက္တည့္စမ္းခဲ့ၿပီး Lamborghini Reventon ဟာ ေဒၚလာ ၂ သန္းတန္ကားတစ္စီးျဖစ္တာေၾကာင့္ အမွားအယြင္းမရွိေစေအာင္ႀကိဳးစားကာ ၎တြင္အထင္ကရ Lamborghini ပုံစံတံခါးမ်ားကိုပါေျပာင္းလဲဖန္တီးခဲ့ပါတယ္။

ဤကဲ့သို႔ေသာတည္ေဆာက္မႈတြင္ သူ႔ရဲ့ပထမဆုံးႀကိဳးစားမႈျဖစ္ေပမဲ့ သူဟာ ကားကိုယ္ထည္ကိုလည္း ကိုယ္တိုင္ေဆးမႈတ္ခဲ့ပါေသးတယ္။ ေဆးမႈတ္ၿပီးေနာက္မွာ မႈတ္ေဆးက ေမၽွာ္လင့္ထားသည္ထက္ပိုေကာင္းေနၿပီး

ကားကိုယ္ထည္၏အေသးစိတ္အခ်က္အလတ္မ်ားကိုပါ ပုံေဖာ္ေပၚလြင္သြားေစခဲ့ပါတယ္။ဒါဟာ သူ႔ရဲ့ပထမဆုံးႀကိဳးစားမႈလို႔ယူဆရတဲ့ ထူးျခားတဲ့အလုပ္တစ္ခုကိုလုပ္နိုင္ခဲ့တယ္လို႔ဆိုရမွာပါ။

ထို႔ေနာက္ သူဟာ အားလုံးေသာဘီးအသစ္ေတြႏွင့္ၿပီးစီးသြားခဲ့တဲ့ ဤ“ Lamborghini Reventon” ကို ကားျပပြဲအခ်ိဳ႕သို႔ သြားေရာက္ျပသခဲ့ပါတယ္။

ဒီကားေပၚက အရာအားလုံးကို သူ႔ကိုယ္ပိုင္လက္ျဖင့္ဖန္တီးထားသလို ယခင္ Mitsubishi Eclipse ကားရဲ့ကိုယ္ထည္အား တစ္ခုစီအေသးစိတ္ေျပာင္းလဲ့ခဲ့တာေၾကာင့္ အျခားသူအေနနဲ႔ ၎ကားဟာ မူလဘာကားလဲဆိုတာကိုေတာင္ ခန႔္မွန္းရန္ခဲယဥ္းပါတယ္။

အသက္ 30 အရြယ္မွာ Alexander Stupkin ဟာ ေဒၚလာ 2 သန္းတန္ကားနဲ႔တူတဲ့ကားတစ္စီးျဖင့္ ေနရာအႏွံ့လွည့္ပတ္သြားလာနိုက္ခဲ့ၿပီး

၎ကားရဲ့အလန္းဆုံးအစိတ္အပိုင္းျဖစ္သည့္အရာအားလုံးကို သူကိုယ္တိုင္ျပန္လည္ဖန္တီးတည္ေဆာက္ခဲ့တာေၾကာင့္ သူ႔ကိုယ္ကို ဂုဏ္ယူပိတီျဖစ္ေနမိမွာအမွန္ပါဘဲဗ်ာ။

Crd..Mia (Mckzone daily)