■သုံးစွဲသူတွေကိုဘာ‌တွေကြံနေလဲမသိဘူး မာ့ခ်ဇူကာဘတ်ပြောင်းလဲခဲ့တဲ့ Meta ဆိုတာက ဟီဘရူးဘာသာအရ သေခြင်းတရားလို့ အဓိပ္ပာယ်ရတဲ့စကားလုံးဖြစ်နေ

■မာ့ခ်ဇူကာဘတ်ပြောင်းလဲခဲ့တဲ့ Meta ဆိုတာက ဟီဘရူးဘာသာအရ သေခြင်းတရားလို့ အဓိပ္ပာယ်ရတဲ့စကားလုံးဖြစ်နေ

ပြီးခဲ့တဲ့ကြာသပတေးနေ့က Facebook ဟာ သူတို့ရဲ့ကုမ္ပဏီနာမည်ကို Meta လို့ ပြောင်းလဲခဲ့ပြီးဖြစ်ပါတယ်။ မာ့ခ်ဇူကာဘတ်ရဲ့ အခုလိုမျိုး နာမည်ပြောင်းလဲမှုအပေါ်မှာ လူအများအပြားက စိတ်ဝင်စားနေခဲ့ကြပြီး အနာဂတ်မှာဖြစ်တည်လာမယ့် ပုံရိပ်ယောင်ကမ္ဘာအတွက် Facebook ဘက်က ကြီးမားတဲ့ခြေလှမ်းတစ်ခုကို ပြင်ဆင်လိုက်တာလည်းဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။…

ဒါပေမယ့်လည်း Facebook ၊ Instagram ၊ Whatapp တို့ကတော့ ကုမ္ပဏီအောက်မှာ မူလအတိုင်း ရှိနေမှာဖြစ်ပါတယ်။ VR နားကြပ်တွေအသုံးပြုကာ ဂိမ်းကစားခြင်း၊ အလုပ်နဲ့ဆက်သွယ်နိုင်တဲ့ အွန်လိုင်းလောက၊ နေရာဒေသတစ်ခုကို အမှန်တကယ်ရောက်ရှိသွားသလို ခံစားစေရမယ့် ပုံရိပ်ယောင်ကမ္ဘာကြီးကို ဖန်တီးဖို့အတွက်လည်း ဖြစ်တယ်လို့ ကုမ္ပဏီဘက်က ပြောဆိုခဲ့ပါတယ်။….

အခုအခါမှာတော့ Meta ဆိုတဲ့ နာမည်နဲ့ပတ်သက်ပြီး ထူးဆန်းတဲ့အကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ ဟီဘရူးဘာသာစကားအရ Meta ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ဟာ သေခြင်းတရားလို့ ခေါ်ဆိုတာဖြစ်ကြောင်း နည်းပညာကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Nirit Weiss-Blatt က ပြောဆိုလိုက်ပါတယ်။ ဂျူးအသိုင်းအဝိုင်းမှာတော့ ဒီနာမည်ကို နောင်နှစ်ပေါင်းများစွာ လှောင်ပြောင်ကြလိမ့်မယ်လို့ သူမက ဆက်ရေးခဲ့တယ်လို့ Time of Israle သတင်းဌာနက ဖော်ပြခဲ့ပါတယ်။…

မတော်တဆမှု ဒါမှမဟုတ် တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လိုက်လံစု ဆောင်းကာ သဂြိုလ်ပေးတဲ့ဝန်ဆောင်မှုကို ပြုလုပ်ပေးတဲ့ ZAKA အရေးပေါ်ဝန်ဆောင်မှုကုမ္ပဏီကလည်း တွစ်တာမှာ “စိတ်မပူပါနဲ့၊ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်” လို့ ရေးသားကာ လှောင်ပြောင်ခဲ့ပါတယ်။…

လူမှုကွန်ရက်ပေါ်မှာတော့ ဟီဘရူးဘာသာစကားနဲ့ရေးသားထားတဲ့ פייסבוק_מתה# hashtag ကို ပြုလုပ်ကာရေးသားနေပြီး အဓိပ္ပာယ်အားဖြင့် Facebook Dead လို့ ဆိုပါတယ်။ ဒါဟာ မာ့ခ်ဇူကာဘတ်အတွက်တော့ စိတ်ရှုပ်ထွေးစရာအဖြစ်တစ်ခုအနေနဲ့ ရှိလာနိုင်ပြီး သူ ပြောင်းလဲခဲ့တဲ့ ကုမ္ပဏီနာမည်က လူသားအားလုံးထိတ်လန့်ကြောက်ရွံ့ကြတဲ့ သေခြင်းတရားနဲ့ ဆက်စပ်နေခဲ့တာဖြစ်ပါတယ်။…

crd

■မာ့ခ္ဇူကာဘတ္ေျပာင္းလဲခဲ့တဲ့ Meta ဆိုတာက ဟီဘ႐ူးဘာသာအရ ေသျခင္းတရားလို႔ အဓိပၸာယ္ရတဲ့စကားလုံးျဖစ္ေန

ၿပီးခဲ့တဲ့ၾကာသပေတးေန႔က Facebook ဟာ သူတို႔ရဲ့ကုမၸဏီနာမည္ကို Meta လို႔ ေျပာင္းလဲခဲ့ၿပီးျဖစ္ပါတယ္။ မာ့ခ္ဇူကာဘတ္ရဲ့ အခုလိုမ်ိဳး နာမည္ေျပာင္းလဲမႈအေပၚမွာ လူအမ်ားအျပားက စိတ္ဝင္စားေနခဲ့ၾကၿပီး အနာဂတ္မွာျဖစ္တည္လာမယ့္ ပုံရိပ္ေယာင္ကမၻာအတြက္ Facebook ဘက္က ႀကီးမားတဲ့ေျခလွမ္းတစ္ခုကို ျပင္ဆင္လိုက္တာလည္းျဖစ္တယ္လို႔ ယူဆခဲ့ၾကပါတယ္။…

ဒါေပမယ့္လည္း Facebook ၊ Instagram ၊ Whatapp တို႔ကေတာ့ ကုမၸဏီေအာက္မွာ မူလအတိုင္း ရွိေနမွာျဖစ္ပါတယ္။ VR နားၾကပ္ေတြအသုံးျပဳကာ ဂိမ္းကစားျခင္း၊ အလုပ္နဲ႔ဆက္သြယ္နိုင္တဲ့ အြန္လိုင္းေလာက၊ ေနရာေဒသတစ္ခုကို အမွန္တကယ္ေရာက္ရွိသြားသလို ခံစားေစရမယ့္ ပုံရိပ္ေယာင္ကမၻာႀကီးကို ဖန္တီးဖို႔အတြက္လည္း ျဖစ္တယ္လို႔ ကုမၸဏီဘက္က ေျပာဆိုခဲ့ပါတယ္။….

အခုအခါမွာေတာ့ Meta ဆိုတဲ့ နာမည္နဲ႔ပတ္သက္ၿပီး ထူးဆန္းတဲ့အေၾကာင္းအရာတစ္ခုျဖစ္လာခဲ့ပါတယ္။ အဲဒါကေတာ့ ဟီဘ႐ူးဘာသာစကားအရ Meta ဆိုတဲ့ စကားလုံးရဲ့ အဓိပၸာယ္ဟာ ေသျခင္းတရားလို႔ ေခၚဆိုတာျဖစ္ေၾကာင္း နည္းပညာကၽြမ္းက်င္သူတစ္ဦးျဖစ္တဲ့ Nirit Weiss-Blatt က ေျပာဆိုလိုက္ပါတယ္။ ဂ်ဴးအသိုင္းအဝိုင္းမွာေတာ့ ဒီနာမည္ကို ေနာင္ႏွစ္ေပါင္းမ်ားစြာ ေလွာင္ေျပာင္ၾကလိမ့္မယ္လို႔ သူမက ဆက္ေရးခဲ့တယ္လို႔ Time of Israle သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။…

မေတာ္တဆမႈ ဒါမွမဟုတ္ တိုက္ခိုက္မႈေတြျဖစ္ပြားၿပီးေနာက္ ခႏၶာကိုယ္အစိတ္အပိုင္းေတြကို လိုက္လံစု ေဆာင္းကာ သၿဂိဳလ္ေပးတဲ့ဝန္ေဆာင္မႈကို ျပဳလုပ္ေပးတဲ့ ZAKA အေရးေပၚဝန္ေဆာင္မႈကုမၸဏီကလည္း တြစ္တာမွာ “စိတ္မပူပါနဲ႔၊ ကၽြန္ေတာ္တို႔ လုပ္ေဆာင္ေနပါတယ္” လို႔ ေရးသားကာ ေလွာင္ေျပာင္ခဲ့ပါတယ္။…

လူမႈကြန္ရက္ေပၚမွာေတာ့ ဟီဘ႐ူးဘာသာစကားနဲ႔ေရးသားထားတဲ့ פייסבוק_מתה# hashtag ကို ျပဳလုပ္ကာေရးသားေနၿပီး အဓိပၸာယ္အားျဖင့္ Facebook Dead လို႔ ဆိုပါတယ္။ ဒါဟာ မာ့ခ္ဇူကာဘတ္အတြက္ေတာ့ စိတ္ရႈပ္ေထြးစရာအျဖစ္တစ္ခုအေနနဲ႔ ရွိလာနိုင္ၿပီး သူ ေျပာင္းလဲခဲ့တဲ့ ကုမၸဏီနာမည္က လူသားအားလုံးထိတ္လန႔္ေၾကာက္ရြံ့ၾကတဲ့ ေသျခင္းတရားနဲ႔ ဆက္စပ္ေနခဲ့တာျဖစ္ပါတယ္။…

crd