■မနက်ရောက်မှ ပိုက်ဆံတစ်ရွက်နဲ့အတူအိမ်ပြန်လာတတ်တဲ့အကျင့်ကြောင့် သခင်ဖြစ်သူကိုအမြဲမေးခွန်းထုတ်နေစေခဲ့တဲ့ ကြောင်လေး

■မနက်ရောက်မှ ပိုက်ဆံတစ်ရွက်နဲ့အတူအိမ်ပြန်လာတတ်တဲ့အကျင့်ကြောင့် သခင်ဖြစ်သူကိုအမြဲမေးခွန်းထုတ်နေစေခဲ့တဲ့ ကြောင်လေး

လူတွေမှာ အိမ်မွေးတိရိစ္ဆာန်ကိုမွေးစားပြီး ပြုစုထိန်းသိမ်းရတာကိုကြိက်နှစ်သက်ရတဲ့ အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ အများစုမှာ တိရိစ္ဆာန်ချစ်သူများဖြစ်ကြပြီး ၎င်းတို့ရဲ့အိမ်မွေးတိရိစ္ဆာန်များနှင့်အတူတူ ဖြတ်သန်းနေရတာကိုဘဲကျေနပ်နေတတ်ကြပါတယ်။ တကယ်လည်း အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ချစ်စရာကောင်းမှုနဲ့ သစ္စာရှိမှုက ကျွန်တော်တို့ရဲ့မျက်နှာပေါ်ကအပြုံးကို ဘယ်တော့မှမပျက်ပြယ်စေပါဘူး။

အင်တာနက်အသုံးပြုသူတစ်ဦးက သူမရဲ့အိမ်မွေးတိရိစ္ဆာန် ကြောင်တစ်ကောင် ဟာ ညဘက်အချိန်တွေမှာ အိမ်မှပျောက်ကွယ်သွားလေ့ရှိပြီး တစ်ညလုံး ဘယ်မှာမှသူမရှာမတွေ့ခဲ့ဘူးလို့ ပြောပြခဲ့ပါတယ်။

တစ်နေ့မှာတော့ သူမရဲ့အချစ်တော်ကြောင်လေးက မနက်ရောက်မှအိမ်ပြန်ရောက်လာခဲ့ပြီး ပင်ပန်းကာ အိပ်မောကျနေခဲ့ပေမဲ့ သူမကို အံ့အားအသင့်ဆုံးဖြစ်သွားစေခဲ့တဲ့အရာက သူမကြောင်လေးရဲ့လည်ပင်းမှာ တရုတ်ယွမ် ၁၀ တန် ငွေစက္ကူတစ်ရွက်ကပ်ပါလာခြင်းဖြစ်ကြောင်း သူမက ဆိုခဲ့ပါတယ်။

၎င်းအဖြစ်ကို သခင်ဖြစ်သူက နောက်ပိုင်းမှာ ပိုမိုသတိထားမိလာခဲ့ပြီး သူမကြောင်လေးက နောက်​တစ်​​နေ့မနက်ရောက်တိုင်း အိမ်ပြန်ရောက်တာနဲ့ ပင်ပန်းနွမ်းနယ်​ပုံရပြီး အိပ်​​ပျော်​သွားခဲ့တဲ့အပြင် အိမ်​သို့ငွေ​စက္ကူများယူဆောင်လာခဲ့ခြင်းဟာ ကြောင်လေးက ” ညဆိုင်း ” အလုပ်လုပ်နေတာကြောင့် ညဘက်ရောက်တိုင်းပျောက်ပျောက်သွားတာလားလို့ သူမ မကြာခဏတွေးခဲ့မိကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

ထို့ကြောင့် သခင်ဖြစ်သူကလည်း သူမကြောင်က အိမ်သို့ယူဆောင်လာတဲ့ သူ့ ‘လစာ’ ငွေအားလုံးကိုစုဆောင်းပေးလိုက်ပြီး သူ့စိတ်ကြိုက်အစာကို နေ့တိုင်းဝယ်ကျွေးပေးလိုက်ကြောင်းလည်း ထပ်မံပြောကြားခဲ့ပါတယ်။

သူမမျှဝေပေးလိုက်တဲ့ တွေးတောစရာအဖြစ်အပျက်ကြောင့် အင်တာနက်သုံးစွဲသူများစွာက “ ဒီကြောင်က ဘယ်လိုအလုပ်မျိုးလုပ်ခဲ့တာလဲ ” ၊ “ ကြွက်ဖမ်းပေးတာလား ၊ ဒါမှမဟုတ် တစ်ခြားသူတွေရဲ့အိမ်တွေကိုစောင့်ပေးတာလား။” ၊ “ ဒီကြောင်လေးကသာ သူ ဘာလုပ်ခဲ့လဲဆိုတာသိပုံရတယ် ” စတဲ့မှတ်ချက်များဖြင့်တုံ့ပြန်ခဲ့ကြသလို မနက်ရောက်မှ အိမ်ပြန်ပြီး ပြန်အိပ်တတ်တဲ့ကြောင်တစ်ကောင်ရဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့အလုပ်ကြောင့် အင်တာနက်အသုံးပြုသူများအကြား ညဘက်မှာ ဒီကြောင်တစ်ကောင်ဘယ်တွေများဘာလုပ်နေလဲဆိုတဲ့မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့ပါတယ်။

Mia (KB Chimmy One)

Reference : goodtimes

crd

zawgyi

■မနက္ေရာက္မွ ပိုက္ဆံတစ္ရြက္နဲ႔အတူအိမ္ျပန္လာတတ္တဲ့အက်င့္ေၾကာင့္ သခင္ျဖစ္သူကိုအျမဲေမးခြန္းထုတ္ေနေစခဲ့တဲ့ ေၾကာင္ေလး

လူေတြမွာ အိမ္ေမြးတိရိစၧာန္ကိုေမြးစားၿပီး ျပဳစုထိန္းသိမ္းရတာကိုႀကိက္ႏွစ္သက္ရတဲ့ အေၾကာင္းရင္းအမ်ိဳးမ်ိဳးရွိပါတယ္။ အမ်ားစုမွာ တိရိစၧာန္ခ်စ္သူမ်ားျဖစ္ၾကၿပီး ၎တို႔ရဲ့အိမ္ေမြးတိရိစၧာန္မ်ားႏွင့္အတူတူ ျဖတ္သန္းေနရတာကိုဘဲေက်နပ္ေနတတ္ၾကပါတယ္။ တကယ္လည္း အိမ္ေမြးတိရိစၧာန္ေလးေတြရဲ့ခ်စ္စရာေကာင္းမႈနဲ႔ သစၥာရွိမႈက ကၽြန္ေတာ္တို႔ရဲ့မ်က္ႏွာေပၚကအျပဳံးကို ဘယ္ေတာ့မွမပ်က္ျပယ္ေစပါဘူး။

အင္တာနက္အသုံးျပဳသူတစ္ဦးက သူမရဲ့အိမ္ေမြးတိရိစၧာန္ ေၾကာင္တစ္ေကာင္ ဟာ ညဘက္အခ်ိန္ေတြမွာ အိမ္မွေပ်ာက္ကြယ္သြားေလ့ရွိၿပီး တစ္ညလုံး ဘယ္မွာမွသူမရွာမေတြ႕ခဲ့ဘူးလို႔ ေျပာျပခဲ့ပါတယ္။

တစ္ေန႔မွာေတာ့ သူမရဲ့အခ်စ္ေတာ္ေၾကာင္ေလးက မနက္ေရာက္မွအိမ္ျပန္ေရာက္လာခဲ့ၿပီး ပင္ပန္းကာ အိပ္ေမာက်ေနခဲ့ေပမဲ့ သူမကို အံ့အားအသင့္ဆုံးျဖစ္သြားေစခဲ့တဲ့အရာက သူမေၾကာင္ေလးရဲ့လည္ပင္းမွာ တ႐ုတ္ယြမ္ ၁၀ တန္ ေငြစကၠဴတစ္ရြက္ကပ္ပါလာျခင္းျဖစ္ေၾကာင္း သူမက ဆိုခဲ့ပါတယ္။

၎အျဖစ္ကို သခင္ျဖစ္သူက ေနာက္ပိုင္းမွာ ပိုမိုသတိထားမိလာခဲ့ၿပီး သူမေၾကာင္ေလးက ေနာက္​တစ္​​ေန႔မနက္ေရာက္တိုင္း အိမ္ျပန္ေရာက္တာနဲ႔ ပင္ပန္းႏြမ္းနယ္​ပုံရၿပီး အိပ္​​ေပ်ာ္​သြားခဲ့တဲ့အျပင္ အိမ္​သို႔ေငြ​စကၠဴမ်ားယူေဆာင္လာခဲ့ျခင္းဟာ ေၾကာင္ေလးက ” ညဆိုင္း ” အလုပ္လုပ္ေနတာေၾကာင့္ ညဘက္ေရာက္တိုင္းေပ်ာက္ေပ်ာက္သြားတာလားလို႔ သူမ မၾကာခဏေတြးခဲ့မိေၾကာင္းကိုလည္း ေျပာျပခဲ့ပါတယ္။

ထို႔ေၾကာင့္ သခင္ျဖစ္သူကလည္း သူမေၾကာင္က အိမ္သို႔ယူေဆာင္လာတဲ့ သူ႔ ‘လစာ’ ေငြအားလုံးကိုစုေဆာင္းေပးလိုက္ၿပီး သူ႔စိတ္ႀကိဳက္အစာကို ေန႔တိုင္းဝယ္ေကၽြးေပးလိုက္ေၾကာင္းလည္း ထပ္မံေျပာၾကားခဲ့ပါတယ္။

သူမမၽွေဝေပးလိုက္တဲ့ ေတြးေတာစရာအျဖစ္အပ်က္ေၾကာင့္ အင္တာနက္သုံးစြဲသူမ်ားစြာက “ ဒီေၾကာင္က ဘယ္လိုအလုပ္မ်ိဳးလုပ္ခဲ့တာလဲ ” ၊ “ ႂကြက္ဖမ္းေပးတာလား ၊ ဒါမွမဟုတ္ တစ္ျခားသူေတြရဲ့အိမ္ေတြကိုေစာင့္ေပးတာလား။” ၊ “ ဒီေၾကာင္ေလးကသာ သူ ဘာလုပ္ခဲ့လဲဆိုတာသိပုံရတယ္ ” စတဲ့မွတ္ခ်က္မ်ားျဖင့္တုံ႔ျပန္ခဲ့ၾကသလို မနက္ေရာက္မွ အိမ္ျပန္ၿပီး ျပန္အိပ္တတ္တဲ့ေၾကာင္တစ္ေကာင္ရဲ့ဒီလၽွို႔ဝွက္ဆန္းၾကယ္တဲ့အလုပ္ေၾကာင့္ အင္တာနက္အသုံးျပဳသူမ်ားအၾကား ညဘက္မွာ ဒီေၾကာင္တစ္ေကာင္ဘယ္ေတြမ်ားဘာလုပ္ေနလဲဆိုတဲ့ေမးခြန္းထုတ္စရာမ်ား ျဖစ္လာခဲ့ပါတယ္။

Mia (KB Chimmy One)

Reference : goodtimes

crd