■■■ကန် နဲ့ တရုတ် ပြဿနာဖြစ်သွားနိုင်တဲ့ တောင်တရုတ်ပင်လယ်ထဲက ရေငုပ်သင်္ဘော မတော်တဆမှု

■■■ကန် နဲ့ တရုတ် ပြဿနာဖြစ်သွားနိုင်တဲ့ တောင်တရုတ်ပင်လယ်ထဲက ရေငုပ်သင်္ဘော မတော်တဆမှု

15-Oct-2021
မကြာသေးခင်က တောင်တရုတ်ပင်လယ်ပြင်မှာ
အမေရိကန် အနုမြူစွမ်းအင်သုံး ရေငုတ်သင်္ဘောဟာ
ရေအောက််မှာ အမျိုးအမည်မသိ အရာတခုကို တိုက််မိခဲ့တာနဲ့ ပတ်သက်လို့ အလားတူဖြစ်ရပ်တွေ ဆက်ပြီး ဖြစ်လာနိုင်မလားဆိုပြီး လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

အဲဒီလိုဖြစ်ရပ်တွေဟာ ဒေသတွင်းအင်အားကြီး တရုတ်နိုင်ငံက တဖက် အမေရိကန်နဲ့ သူရဲ့ မဟာမိတ်နိုင်ငံတွေကတဖက် မလိုလားအပ်တဲ့ စစ်ရေးတင်းမာမှုတွေဖြစ်လာစေမယ့် အကြောင်းအရာတွေ ဆိုပြီးလည်း သုံးသပ်နေကြပါတယ်။
ဒေသတွင်း အင်အားကြီး တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ပြင်နဲ့ အရှေ့ တရုတ်ပင်လယ်ရေပြင်တွေကို သူပိုင်တယ်လို့ ကြေညာထားသလို တဖက်ကလည်း အမေရိကန်နဲ့ သူရဲ့ မဟာမိတ်တွေက လွတ်လပ်စွာ ရေကြောင်းသွားလာမှုအတွက်ဆိုပြီး အဲဒီရေပြင်မှာ ရေတပ်အင်အားလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်လာနေတာတွေဟာ အန္တရာယ်ရှိတဲ့ အခင်းအကျင်း အဖြစ် တိုးမြှင့်လာနေပြီလို့ လေ့လာသူတွေက ကောက်ချက်ဆွဲနေကြပါတယ်။

အဲဒီလိုဖြစ်စဉ်တွေထဲမှာမှ ပြီးခဲ့တဲ့လက အမေရိကန် ၊ ဗြိတိန်နဲ့ သြစတေးလျနိုင်ငံတို့ပါဝင်ကြတဲ့ AUKUS ဆိုတဲ့ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလိုက်တာဟာလည်း တင်းမာမှု အခြေအနေတွေ ပိုမိုမြင့်တက် သွားစေပါတယ်။
AUKUS ဖွဲ့ပြီးနောက် သြစတေးလျနိုင်ငံဟာ အနုမြူ ရေငုတ်သင်္ဘောအသစ် ၁ဝ စီး ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။

လတ်တလော ဖြစ်စဉ်တခုအနေနဲ့ ဒီလ အောက်တိုဘာ ၂ ရက်နေ့က အမေရိကန် အနုမြူရေငုတ်သင်္ဘော USS Connecticut ဟာ ရေအောက်မှာ ခုတ်မောင်းနေစဉ် အမျိုးအမည်မသိ အရာတခုကို တိုက််မိခဲ့ပြီး သေဆုံးသူတဦးမှ မရှိခဲ့ပေမဲ့ သင်္ဘောသားတွေ ဒဏ်ရာရခဲ့ကြတယ်လို့ အမေရိကန် ပစိဖိတ်ရေတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး တရုတ်အစိုးရပိုင် CGTN News Website မှာ အမေရိကန် အနုမြူ ရေငုတ်သင်္ဘောဟာ မိမိတို့ တောင်တရုတ်ပင်လယ်ပြင် ရေပိုင်နက်အတွင်း လျှို့ဝှက်စွာ တရားမဝင် ဝင်ရောက်လာပြီး အင်အားကြီး နှစ်နိုင်ငံကြား စစ်ဖြစ်ပွားအောင်လို့ အတွက်အချက် လွဲမှားစွာနဲ့ လုပ်ဆောင်နေတယ်လို့ သုံးသပ်ထားပါတယ်။

အဲဒီဖြစ်စဉ်အပေါ်မှာ အဲဒီ CGTN တခုတည်းကသာ စိုးရိမ်နေတာမဟုတ်ပါဘူး။တရုတ်ကတဖက် အမေရိကန် နဲ့ မဟာမိတ်တွေက တဖက်အဲဒီလို အတိမ်းအပါးအခံတဲ့ အခြေအနေတွေဖြစ်လာမှာကို သူတို့လည်း စိုးရိမ်နေကြတယ်လို့ တခြားပညာရှင်တွေက ဗွီအိုအေကို ပြောပါတယ်။
ဒါနဲ့ ပတ်သက်လို့ ဝါရှင်တန်အခြေစိုက် Rand Corporation သုတေသနဌာနရဲ့ ဝါရင့်နိုင်ငံရေးသိပ္ပံပညာရှင် Scott Harold က အခုလိုပြောပါတယ်။
“အတားအဆီးတခုကို တိုက်မိသလား၊ ဒဏ်ရာရ သေဆုံးမှုတွေရှိသလား ဒါမှမဟုတ် နစ်မြုတ်သွားသလား၊ကျနော် အမြင်ကတော့ ဒါကိစ္စမှာ ရည်ရွယ်ချက်က ဘာလဲဆိုတာကို အမေရိကန်ရဲ့ မူဝါဒရေးရာ ဆုံးဖြတ်ချက် ချမှတ်သူတွေရဲ့ အခန်းကဏ္ဍနဲ့ အထူးသဖြင့် အမေရိကန် ကာကွယ်ရေးဌာနက အရာရှိတွေနဲ့ စစ်ဖက် အရာရှိတွေကနေ အမြန်ဆုံး သုံးသပ်ရပါလိမ့်မယ်။

ဒါ့အပြင် အဲဒီဒေသက ဖိလစ်ပိုင်နဲ့ ဂျပန်နိုင်ငံတို့ကကော အမေရိကန်မပါပဲ တုန့်ပြန်ဖို့ ဖြစ်နိုင်မလား ဆိုတာကိုလဲ တွက်ဆရမှာပါ။”
ဟာဝိုင်ယီကျွန်းမှာရှိတဲ့ အမေရိကန်ရဲ့ အင်ဒို ပစိဖိတ်စစ်ဌာနချုပ်ကတော့ အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တစုံတရာဖြေကြားတာ မှတ်ချက်ပြုတာ မရှိသေးပါဘူး။
တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ပြင်ရဲ့ ၉ဝ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကြောင်း ကြေညာထားရုံသာမက အရှေ့တရုတ်ပင်လယ်ပြင်မှာလည်း ဂျပန်နဲ့ ရေပိုင်နက်အငြင်းပွားမှုတွေ ရှိနေပါတယ်။

ဒါ့အပြင် အမေရိကန်က ထောက်ကူထားတဲ့ ထိုင်ဝမ်ကျွန်းကိုလည်း ပိုင်ဆိုင်ကြောင်းကြေညာထားပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စစ်လေယာဉ်အများအပြားနဲ့ ထိုင်ဝမ်လေပိုင်နက်ကို ဖြတ်သန်းဝင်ရောက်ခဲ့ ပါတယ်။ ဒါနဲ့ပတ်သက်လို့ သြစတေးလျှနိုင်ငံ New South Wales တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခ Carl Thayer ပြောတာက –
” ထိုင်ဝမ် စစ်လေယာဉ်တွေက အချက်ပေး ခလုတ်တွေကို ပိတ်ထားထား ဖွင့်ထားထား လေကြောင်းပိုင်နက်ထဲကို ဝင်လာတဲ့ တရုတ်လေယာဉ်တွေကို Missile ဒုံးကျဉ်တွေနဲ့ ပစ်လွှတ်နိုင်ပါတယ်။ “

တခါ တရုတ်နိုင်ငံဟာ ဖိလစ်ပိုင်နိုင်ငံအနီးက Scarborough Shoal ကျွန်းကို ပိုင်နက်အငြင်းပွားမှု ဖြစ်ပွားနေပါတယ်။
အဲဒီအတွက် လာမယ့် ၂ဝ၂၂ ခုနှစ် ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲမှာ အဓိက အကြောင်းအရာဖြစ်လာပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ စင်္ကာပူနိုင်ငံတကာရေးရာဌာနက အကြီးတန်းပညာရှင် Oh Ei Sun ကလည်း –
” ကျနော့်အမြင်ကတော့ ဖိလစ်ပိုင်လူမျိုးတွေဟာ ဖြစ်စဉ်တခုခုအပေါ်မှာ သူတို့ကိုယ်ပိုင် လွတ်လွတ်လပ်လပ် အမြင်တွေရှိကြပါတယ်။ အမေရိကန်အနေနဲ့လည်း ဖိလစ်ပိုင်ကို လာရောက်ပြီး ကယ်တင်ဖို့ရာမှာ သူတို့မှာ တာဝန်တွေရှိကောင်းရှိပါလိမ့်မယ်”

တကယ်တော့ အမေရိကန်ရော တရုတ်နိုင်ငံရောမှာ မှားယွင်း ပစ်ခတ်ခဲ့မှုတွေ၊ ရေယာဉ်ချင်း မတော်တဆ တိုက်မှုတွေအတွက် အန္တရာယ်ရှိတဲ့အခြေအနေတွေမရောက်အောင် တရားမဝင် ဖြေရှင်းတဲ့ နည်းလမ်းတွေရှိကြပါတယ်လို့ လေ့လာသူတွေက ကောက်ချက်ဆွဲကြပါတယ်။

ဥပမာ ၁၉၉၉ ခုနှစ်က အမေရိကန်က နေတိုးအနေနဲ့ ဆားဗီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့တော်ရှိ တရုတ်သံရုံးကို မှားယွင်း ဗုံးကြဲခဲ့တာ၊ တခါ၂ဝဝ၁ ခုနှစ်က တရုတ်နိုင်ငံ တောင်ပိုင်းကမ်းခြေအနီးမှာ အမေရိကန် ရေတပ်ထောက်လှမ်းရေး လေယာဉ်နောက်က ကပ်လိုက်လာတဲ့ တရုတ်လေတပ်က လေယာဉ် ၂ စင်းနဲ့ တိုက််မိကြခဲ့ကြပါတယ်။
အမေရိကန်လေယာဉ်လည်း အရေးပေါ် ဆင်းသက်ခဲ့ရသလို တရုတ်လေတပ်က လေယာဉ်တစင်းလည်း ပျက်ကျခဲ့ပါတယ်။

RalphJenningsရေးသားထားတဲ့ဆောင်းပါးကိုကိုခင်မောင်စိုးမင်းကပြောပြထားချက်အားဖော်ပြသည်။
crd

zawgyi

■■■ကန္ နဲ႔ တ႐ုတ္ ျပႆနာျဖစ္သြားနိုင္တဲ့ ေတာင္တ႐ုတ္ပင္လယ္ထဲက ေရငုပ္သေဘၤာ မေတာ္တဆမႈ

15-Oct-2021
မၾကာေသးခင္က ေတာင္တ႐ုတ္ပင္လယ္ျပင္မွာ
အေမရိကန္ အႏုျမဴစြမ္းအင္သုံး ေရငုတ္သေဘၤာဟာ
ေရေအာက္္မွာ အမ်ိဳးအမည္မသိ အရာတခုကို တိုက္္မိခဲ့တာနဲ႔ ပတ္သက္လို႔ အလားတူျဖစ္ရပ္ေတြ ဆက္ၿပီး ျဖစ္လာနိုင္မလားဆိုၿပီး ေလ့လာသူေတြက သုံးသပ္ေနၾကပါတယ္။

အဲဒီလိုျဖစ္ရပ္ေတြဟာ ေဒသတြင္းအင္အားႀကီး တ႐ုတ္နိုင္ငံက တဖက္ အေမရိကန္နဲ႔ သူရဲ့ မဟာမိတ္နိုင္ငံေတြကတဖက္ မလိုလားအပ္တဲ့ စစ္ေရးတင္းမာမႈေတြျဖစ္လာေစမယ့္ အေၾကာင္းအရာေတြ ဆိုၿပီးလည္း သုံးသပ္ေနၾကပါတယ္။
ေဒသတြင္း အင္အားႀကီး တ႐ုတ္နိုင္ငံက ေတာင္တ႐ုတ္ပင္လယ္ျပင္နဲ႔ အေရွ႕ တ႐ုတ္ပင္လယ္ေရျပင္ေတြကို သူပိုင္တယ္လို႔ ေၾကညာထားသလို တဖက္ကလည္း အေမရိကန္နဲ႔ သူရဲ့ မဟာမိတ္ေတြက လြတ္လပ္စြာ ေရေၾကာင္းသြားလာမႈအတြက္ဆိုၿပီး အဲဒီေရျပင္မွာ ေရတပ္အင္အားလႈပ္ရွားမႈေတြ တိုးျမႇင့္လုပ္ေဆာင္လာေနတာေတြဟာ အႏၲရာယ္ရွိတဲ့ အခင္းအက်င္း အျဖစ္ တိုးျမႇင့္လာေနၿပီလို႔ ေလ့လာသူေတြက ေကာက္ခ်က္ဆြဲေနၾကပါတယ္။

အဲဒီလိုျဖစ္စဥ္ေတြထဲမွာမွ ၿပီးခဲ့တဲ့လက အေမရိကန္ ၊ ၿဗိတိန္နဲ႔ ၾသစေတးလ်နိုင္ငံတို႔ပါဝင္ၾကတဲ့ AUKUS ဆိုတဲ့ မဟာမိတ္အဖြဲ႕ကို ဖြဲ႕စည္းလိုက္တာဟာလည္း တင္းမာမႈ အေျခအေနေတြ ပိုမိုျမင့္တက္ သြားေစပါတယ္။
AUKUS ဖြဲ႕ၿပီးေနာက္ ၾသစေတးလ်နိုင္ငံဟာ အႏုျမဴ ေရငုတ္သေဘၤာအသစ္ ၁ဝ စီး ပိုင္ဆိုင္လာမွာျဖစ္ပါတယ္။

လတ္တေလာ ျဖစ္စဥ္တခုအေနနဲ႔ ဒီလ ေအာက္တိုဘာ ၂ ရက္ေန႔က အေမရိကန္ အႏုျမဴေရငုတ္သေဘၤာ USS Connecticut ဟာ ေရေအာက္မွာ ခုတ္ေမာင္းေနစဥ္ အမ်ိဳးအမည္မသိ အရာတခုကို တိုက္္မိခဲ့ၿပီး ေသဆုံးသူတဦးမွ မရွိခဲ့ေပမဲ့ သေဘၤာသားေတြ ဒဏ္ရာရခဲ့ၾကတယ္လို႔ အေမရိကန္ ပစိဖိတ္ေရတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။
ဒါနဲ႔ပတ္သက္ၿပီး တ႐ုတ္အစိုးရပိုင္ CGTN News Website မွာ အေမရိကန္ အႏုျမဴ ေရငုတ္သေဘၤာဟာ မိမိတို႔ ေတာင္တ႐ုတ္ပင္လယ္ျပင္ ေရပိုင္နက္အတြင္း လၽွို႔ဝွက္စြာ တရားမဝင္ ဝင္ေရာက္လာၿပီး အင္အားႀကီး ႏွစ္နိုင္ငံၾကား စစ္ျဖစ္ပြားေအာင္လို႔ အတြက္အခ်က္ လြဲမွားစြာနဲ႔ လုပ္ေဆာင္ေနတယ္လို႔ သုံးသပ္ထားပါတယ္။

အဲဒီျဖစ္စဥ္အေပၚမွာ အဲဒီ CGTN တခုတည္းကသာ စိုးရိမ္ေနတာမဟုတ္ပါဘူး။တ႐ုတ္ကတဖက္ အေမရိကန္ နဲ႔ မဟာမိတ္ေတြက တဖက္အဲဒီလို အတိမ္းအပါးအခံတဲ့ အေျခအေနေတြျဖစ္လာမွာကို သူတို႔လည္း စိုးရိမ္ေနၾကတယ္လို႔ တျခားပညာရွင္ေတြက ဗြီအိုေအကို ေျပာပါတယ္။
ဒါနဲ႔ ပတ္သက္လို႔ ဝါရွင္တန္အေျခစိုက္ Rand Corporation သုေတသနဌာနရဲ့ ဝါရင့္နိုင္ငံေရးသိပၸံပညာရွင္ Scott Harold က အခုလိုေျပာပါတယ္။
“အတားအဆီးတခုကို တိုက္မိသလား၊ ဒဏ္ရာရ ေသဆုံးမႈေတြရွိသလား ဒါမွမဟုတ္ နစ္ျမဳတ္သြားသလား၊က်ေနာ္ အျမင္ကေတာ့ ဒါကိစၥမွာ ရည္ရြယ္ခ်က္က ဘာလဲဆိုတာကို အေမရိကန္ရဲ့ မူဝါဒေရးရာ ဆုံးျဖတ္ခ်က္ ခ်မွတ္သူေတြရဲ့ အခန္းက႑နဲ႔ အထူးသျဖင့္ အေမရိကန္ ကာကြယ္ေရးဌာနက အရာရွိေတြနဲ႔ စစ္ဖက္ အရာရွိေတြကေန အျမန္ဆုံး သုံးသပ္ရပါလိမ့္မယ္။

ဒါ့အျပင္ အဲဒီေဒသက ဖိလစ္ပိုင္နဲ႔ ဂ်ပန္နိုင္ငံတို႔ကေကာ အေမရိကန္မပါပဲ တုန႔္ျပန္ဖို႔ ျဖစ္နိုင္မလား ဆိုတာကိုလဲ တြက္ဆရမွာပါ။”
ဟာဝိုင္ယီကၽြန္းမွာရွိတဲ့ အေမရိကန္ရဲ့ အင္ဒို ပစိဖိတ္စစ္ဌာနခ်ဳပ္ကေတာ့ အဲဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ တစုံတရာေျဖၾကားတာ မွတ္ခ်က္ျပဳတာ မရွိေသးပါဘူး။
တ႐ုတ္နိုင္ငံဟာ ေတာင္တ႐ုတ္ပင္လယ္ျပင္ရဲ့ ၉ဝ ရာခိုင္ႏႈန္းကို ပိုင္ဆိုင္ေၾကာင္း ေၾကညာထား႐ုံသာမက အေရွ႕တ႐ုတ္ပင္လယ္ျပင္မွာလည္း ဂ်ပန္နဲ႔ ေရပိုင္နက္အျငင္းပြားမႈေတြ ရွိေနပါတယ္။

ဒါ့အျပင္ အေမရိကန္က ေထာက္ကူထားတဲ့ ထိုင္ဝမ္ကၽြန္းကိုလည္း ပိုင္ဆိုင္ေၾကာင္းေၾကညာထားၿပီး ၿပီးခဲ့တဲ့ ရက္ပိုင္းေတြက စစ္ေလယာဥ္အမ်ားအျပားနဲ႔ ထိုင္ဝမ္ေလပိုင္နက္ကို ျဖတ္သန္းဝင္ေရာက္ခဲ့ ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ၾသစေတးလၽွနိုင္ငံ New South Wales တကၠသိုလ္က နိုင္ငံေရးသိပၸံ ပါေမာကၡ Carl Thayer ေျပာတာက –
” ထိုင္ဝမ္ စစ္ေလယာဥ္ေတြက အခ်က္ေပး ခလုတ္ေတြကို ပိတ္ထားထား ဖြင့္ထားထား ေလေၾကာင္းပိုင္နက္ထဲကို ဝင္လာတဲ့ တ႐ုတ္ေလယာဥ္ေတြကို Missile ဒုံးက်ဥ္ေတြနဲ႔ ပစ္လႊတ္နိုင္ပါတယ္။ “

တခါ တ႐ုတ္နိုင္ငံဟာ ဖိလစ္ပိုင္နိုင္ငံအနီးက Scarborough Shoal ကၽြန္းကို ပိုင္နက္အျငင္းပြားမႈ ျဖစ္ပြားေနပါတယ္။
အဲဒီအတြက္ လာမယ့္ ၂ဝ၂၂ ခုႏွစ္ ဖိလစ္ပိုင္သမၼတ ေရြးေကာက္ပြဲမွာ အဓိက အေၾကာင္းအရာျဖစ္လာပါတယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ စကၤာပူနိုင္ငံတကာေရးရာဌာနက အႀကီးတန္းပညာရွင္ Oh Ei Sun ကလည္း –
” က်ေနာ့္အျမင္ကေတာ့ ဖိလစ္ပိုင္လူမ်ိဳးေတြဟာ ျဖစ္စဥ္တခုခုအေပၚမွာ သူတို႔ကိုယ္ပိုင္ လြတ္လြတ္လပ္လပ္ အျမင္ေတြရွိၾကပါတယ္။ အေမရိကန္အေနနဲ႔လည္း ဖိလစ္ပိုင္ကို လာေရာက္ၿပီး ကယ္တင္ဖို႔ရာမွာ သူတို႔မွာ တာဝန္ေတြရွိေကာင္းရွိပါလိမ့္မယ္”

တကယ္ေတာ့ အေမရိကန္ေရာ တ႐ုတ္နိုင္ငံေရာမွာ မွားယြင္း ပစ္ခတ္ခဲ့မႈေတြ၊ ေရယာဥ္ခ်င္း မေတာ္တဆ တိုက္မႈေတြအတြက္ အႏၲရာယ္ရွိတဲ့အေျခအေနေတြမေရာက္ေအာင္ တရားမဝင္ ေျဖရွင္းတဲ့ နည္းလမ္းေတြရွိၾကပါတယ္လို႔ ေလ့လာသူေတြက ေကာက္ခ်က္ဆြဲၾကပါတယ္။

ဥပမာ ၁၉၉၉ ခုႏွစ္က အေမရိကန္က ေနတိုးအေနနဲ႔ ဆားဗီးယားနိုင္ငံ ဘဲလ္ဂရိတ္ၿမိဳ႕ေတာ္ရွိ တ႐ုတ္သံ႐ုံးကို မွားယြင္း ဗုံးၾကဲခဲ့တာ၊ တခါ၂ဝဝ၁ ခုႏွစ္က တ႐ုတ္နိုင္ငံ ေတာင္ပိုင္းကမ္းေျခအနီးမွာ အေမရိကန္ ေရတပ္ေထာက္လွမ္းေရး ေလယာဥ္ေနာက္က ကပ္လိုက္လာတဲ့ တ႐ုတ္ေလတပ္က ေလယာဥ္ ၂ စင္းနဲ႔ တိုက္္မိၾကခဲ့ၾကပါတယ္။
အေမရိကန္ေလယာဥ္လည္း အေရးေပၚ ဆင္းသက္ခဲ့ရသလို တ႐ုတ္ေလတပ္က ေလယာဥ္တစင္းလည္း ပ်က္က်ခဲ့ပါတယ္။

RalphJenningsေရးသားထားတဲ့ေဆာင္းပါးကိုကိုခင္ေမာင္စိုးမင္းကေျပာျပထားခ်က္အားေဖာ္ျပသည္။
crd