■ဘော့စတွန်မှ အမျိုးသမီးတစ်ဦး Airpod ကို အကိုက်အခဲပျောက်ဆေးနှင့် မှားပြီးမျိုချ

အမေရိကန်ပြည်ထောင်စု မက်ဆာချုုးဆက်ပြည်နယ် ဘော့စတွန်မြို့မှ အသက် ၂၇ နှစ်အရွယ် ကာလီ ဘယ်လ်မာ(Carli Bellmer) ဆိုသည့် အမျိုးသမီးတစ်ဦးသည် Apple Airpod တစ်ခုကို Ibuprofen ဆေးနှင့်မှားပြီး မျိုချလိုက်ကြောင်းသိရသည်။

ထို့နောက် သူ၏ဖြစ်အင်ကို တစ်တော့အကောင့်တွင်တင်သဖြင့် လူအများသိကုန်ကြခြင်းဖြစ်ကာ ကြည့်ရှုသူ ၂ ဒသမ ၄ သန်းကျော်ရှိသွားသည်။
“ကျွန်မဟာ အိပ်ရာပေါ်မှာ ရှိနေတုန်း၊ လက်ထဲမှာ Airpod ဘူးလေးကိုကိုင်ထားတာပါ။ ဘူးထဲက ညာဖက်ခွက်ထဲမှာ Airpod နားကြပ်လေးရှိပြီး၊ ဘယ်ဖက်ခွက်ထဲမှာ Ibuprofen 800 ဆေးရှိနေတာပါ။ အဲဒီမှာ အမှုမဲ့အမှတ်မဲ့နဲ့ ညာဖက်ခွက်ထဲက Airpod ကို ဆေးမှတ်ပြီး ရေနဲ့သောက်ချလိုက်မိတာ Airpod ဟာ လည်ချောင်းထဲအထိရောက်သွားပါတယ်”ဟု သူက တစ်တော့တွင် ရှင်းပြထားသည်။

“လည်ချောင်းထဲရောက်တယ်ဆိုရင်ပဲ ဒါဟာ ဆေးမဟုတ်ဘူးလို့ သိလိုက်တာကြောင့် ချက်ခြင်းပဲပြန်အန်ထုတ်ပေမယ့် မရတော့ပါဘူး”ဟုလည်း ဘယ်လ်မာက ဆက်ပြောသည်။
ထို့နောက် ဆေးခန်းတစ်ခုတွင် ဓာတ်မှန်ရိုက်ကြည့်ရာတွင် Airpod သည် အတွင်းကလီစာများကို ထိခိုက်မှုမရှိပဲ အစာအိမ်တွင်းတွင်မဟုတ်ပဲ အူမကြီးထဲတွင်ရောက်နေပြီဖြစ်ကြောင်းသိရသည်။ အစာအိမ်က ယင်းပစ္စည်းကို လက်မခံသောကြောင့် ဝမ်းသွားလျှင်ပြန်ထွက်လာမည်ဟု သိရသည်။
သို့ရာတွင် ‘Find My AirPod’ ဖြင့် စမ်းသပ်ကြည့်သောအခါ ဗိုက်ထဲရှိ Airpod မှာ အလုပ်လုပ်နေဆဲဖြစ်ပြီး အသံမြည်နေသေးကြောင်းသိရသဖြင့် ယင်းအသံကိုပါ သူက တစ်တော့တွင် တင်ပေးထားသေးသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်းကလည်း မက်ဆာချူးဆက်ပြည်နယ် ဝေါ်စက်စတာ(Worcester)မြို့ရှိ ဘရက်ဖို့ဒ်ဂေါသီယာဆိုသည့် အမျိုးသားတစ်ဦးသည် အိပ်ပျော်နေရင်း မတော်တဆဖြစ်ကာ Airpod တစ်ခုအား မျိုချမိခဲ့သေးကြောင်းသိရသည်။
သို့ရာတွင် ဂေါ်သီယာမှာမူ ဗိုက်ထဲမှ Airpod ကိုခွဲစိပ်ကာထုတ်ယူခဲ့ရသည်။
crd
zawgyi
■ေဘာ့စတြန္မွ အမ်ိဳးသမီးတစ္ဦး Airpod ကို အကိုက္အခဲေပ်ာက္ေဆးႏွင့္ မွားၿပီးမ်ိဳခ်

အေမရိကန္ျပည္ေထာင္စု မက္ဆာခ်ဳုးဆက္ျပည္နယ္ ေဘာ့စတြန္ၿမိဳ႕မွ အသက္ ၂၇ ႏွစ္အရြယ္ ကာလီ ဘယ္လ္မာ(Carli Bellmer) ဆိုသည့္ အမ်ိဳးသမီးတစ္ဦးသည္ Apple Airpod တစ္ခုကို Ibuprofen ေဆးႏွင့္မွားၿပီး မ်ိဳခ်လိုက္ေၾကာင္းသိရသည္။

ထို႔ေနာက္ သူ၏ျဖစ္အင္ကို တစ္ေတာ့အေကာင့္တြင္တင္သျဖင့္ လူအမ်ားသိကုန္ၾကျခင္းျဖစ္ကာ ၾကည့္ရႈသူ ၂ ဒသမ ၄ သန္းေက်ာ္ရွိသြားသည္။
“ကၽြန္မဟာ အိပ္ရာေပၚမွာ ရွိေနတုန္း၊ လက္ထဲမွာ Airpod ဘူးေလးကိုကိုင္ထားတာပါ။ ဘူးထဲက ညာဖက္ခြက္ထဲမွာ Airpod နားၾကပ္ေလးရွိၿပီး၊ ဘယ္ဖက္ခြက္ထဲမွာ Ibuprofen 800 ေဆးရွိေနတာပါ။ အဲဒီမွာ အမႈမဲ့အမွတ္မဲ့နဲ႔ ညာဖက္ခြက္ထဲက Airpod ကို ေဆးမွတ္ၿပီး ေရနဲ႔ေသာက္ခ်လိုက္မိတာ Airpod ဟာ လည္ေခ်ာင္းထဲအထိေရာက္သြားပါတယ္”ဟု သူက တစ္ေတာ့တြင္ ရွင္းျပထားသည္။

“လည္ေခ်ာင္းထဲေရာက္တယ္ဆိုရင္ပဲ ဒါဟာ ေဆးမဟုတ္ဘူးလို႔ သိလိုက္တာေၾကာင့္ ခ်က္ျခင္းပဲျပန္အန္ထုတ္ေပမယ့္ မရေတာ့ပါဘူး”ဟုလည္း ဘယ္လ္မာက ဆက္ေျပာသည္။
ထို႔ေနာက္ ေဆးခန္းတစ္ခုတြင္ ဓာတ္မွန္ရိုက္ၾကည့္ရာတြင္ Airpod သည္ အတြင္းကလီစာမ်ားကို ထိခိုက္မႈမရွိပဲ အစာအိမ္တြင္းတြင္မဟုတ္ပဲ အူမႀကီးထဲတြင္ေရာက္ေနၿပီျဖစ္ေၾကာင္းသိရသည္။ အစာအိမ္က ယင္းပစၥည္းကို လက္မခံေသာေၾကာင့္ ဝမ္းသြားလၽွင္ျပန္ထြက္လာမည္ဟု သိရသည္။
သို႔ရာတြင္ ‘Find My AirPod’ ျဖင့္ စမ္းသပ္ၾကည့္ေသာအခါ ဗိုက္ထဲရွိ Airpod မွာ အလုပ္လုပ္ေနဆဲျဖစ္ၿပီး အသံျမည္ေနေသးေၾကာင္းသိရသျဖင့္ ယင္းအသံကိုပါ သူက တစ္ေတာ့တြင္ တင္ေပးထားေသးသည္။
ၿပီးခဲ့သည့္ ေဖေဖၚဝါရီလအတြင္းကလည္း မက္ဆာခ်ဴးဆက္ျပည္နယ္ ေဝၚစက္စတာ(Worcester)ၿမိဳ႕ရွိ ဘရက္ဖို႔ဒ္ေဂါသီယာဆိုသည့္ အမ်ိဳးသားတစ္ဦးသည္ အိပ္ေပ်ာ္ေနရင္း မေတာ္တဆျဖစ္ကာ Airpod တစ္ခုအား မ်ိဳခ်မိခဲ့ေသးေၾကာင္းသိရသည္။
သို႔ရာတြင္ ေဂၚသီယာမွာမူ ဗိုက္ထဲမွ Airpod ကိုခြဲစိပ္ကာထုတ္ယူခဲ့ရသည္။
crd