■ဘက်စုံသုံး အကြီးစားရဟတ်ယာဉ်တစ်စင်းကို ပူးတွဲထုတ်လုပ်ရန် တရုတ်နဲ့ ရုရှား ပူးတွဲစာချုပ်ချုပ်ဆို

■ဘက်စုံသုံး အကြီးစားရဟတ်ယာဉ်တစ်စင်းကို ပူးတွဲထုတ်လုပ်ရန် တရုတ်နဲ့ ရုရှား ပူးတွဲစာချုပ်ချုပ်ဆို

ရုရှားနိုင်ငံသည် မော်စကိုနှင့် ကမ္ဘာ့နိုင်ငံတို့ကြား နည်းပညာပူးပေါင်းဆောင်ရွက်မှု ပိုမိုနီးကပ်လာတဲ့လက္ခဏာတစ်ရပ်အဖြစ် ဘက်စုံသုံး ရဟတ်ယာဉ်တစ်စင်းကို ပူးတွဲထုတ်လုပ်ရန် တရုတ်နဲ့ စာချုပ်ချုပ်ဆိုခဲ့ကြောင်း ရုရှားနိုင်ငံက ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ ၎င်းရဲ့ ဂီယာ၊ စတီယာရင်ဝက်အူနှင့် အအေးခံစနစ် အပါအဝင် လေယာဉ်အတွက် အစိတ် အပိုင်းများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် မှ သမ္မတ ဗလာဒီမာပူတင်သို့ ပြောကြားခဲ့ကြောင်း ကရယ်မလင် ၏ ဝက်ဘ်ဆိုဒ်တွင် ၎င်းတို့၏ တွေ့ဆုံမှုမှတ်တမ်းအရ သိရပါတယ်။

ရုရှားနဲ့ တရုတ်နိုင်ငံဟာ ရဟတ်ယာဉ်တည်ဆောက်ရေးစီမံကိန်းပတ်သတ်ပြီး ၂၀၁၈ခုနှစ်ကတည်း စီမံကိန်းနဲ့ပတ်သတ်ပြီး ဆွေးနွေးခဲ့ပေမယ့် ဇွန်လ ၂၅ ရက်နေ့တွင် စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။အဆိုပါ စာချုပ်သည် ၁၃ နှစ်ခန့် ကြာမြင့်မည်ဖြစ်သော်လည်း အခြားအသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်းတော့ မရှိပါဘူး။

တရုတ်နိုင်ငံသည် ရုရှား၏ အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံလုံးဟာ အနောက်နိုင်ငံများနဲ့ တင်းမာမှုများရှိနေတာကြောင့် နှစ်နိုင်ငံအစိုးရကြား ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုကို စောင့်ကြည့်သူများလည်းရှိနေပါတယ်။

crd

zawgyi






crd