■ဖရီးဂိတ်စစ်ရေယာဉ်သစ် ၂ စီးအတွက် ရေပြင်မှ ဝေ ဟင်ပစ် ဒုံးပျံများရရှိခဲ့ပြီဖြစ်တဲ့ ဖိလစ်ပိုင်ရေတပ်

■ဖရီးဂိတ်စစ်ရေယာဉ်သစ် ၂ စီးအတွက် ရေပြင်မှ ဝေ ဟင်ပစ် ဒုံးပျံများရရှိခဲ့ပြီဖြစ်တဲ့ ဖိလစ်ပိုင်ရေတပ်

ဖိလစ်ပိုင်ရေတပ်အနေနဲ့ ၎င်းတို့ရဲ့ ပဲ့ထိန်းဒုံးပျံတင် ဖရီးဂိတ်စစ်ရေယာဉ်သစ် ၂ စီးအပေါ်မှာ တပ်ဆင် အသုံးပြုနိုင်စေဖို့ရာအတွက် Mistral3 ဒုံးပျံများကို ဖိလစ်ပိုင်နိုင်ငံ ဘတ်တန်မြို့မှာရှိတဲ့ နိုင်ငံတကာ လေဆိပ်မှာ အောင်မြင်စွာနဲ့ လွှဲပြောင်းလက်ခံရရှိခဲ့ပြီဖြစ်တယ်လို့ ဖိလစ်ပိုင်ရေတပ်က ၂၀၂၀ ပြည့် နှစ်အောက်တိုဘာလ ၁၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်

စာစောင်တစ်ခုမှာဖော်ပြထားရှိမှုအရ ရေတပ်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ် မှူးကြီး Benjo Negranza မှ ပြောကြားခဲ့ရာမှာ တော့ ယခုရရှိပိုင်ဆိုင်ခဲ့တဲ့ ဒုံးပျံတွေကို Jose Rizal-class (JRC) ဖရီးဂိတ်စစ်ရေယာဉ်သစ် ၂ စီးဖြစ်တဲ့ BRP Jose Rizal (FF-150) နှင့်

BRP Antonio Luna (FF-151) တို့အပေါ်မှာ တပ်ဆင်အသုံးပြုသွား မှာဖြစ်ကြောင်း၊ အဲ့ဒီဒုံးပျံတွေဟာ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ စွမ်းဆောင်ရည်များနဲ့ ရန်သူ့ လေကြောင်းမှ ခြိမ်ခြောက်မှုတွေကို တားဆီးကာကွယ်ပေးသွားနိုင်စေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါ တယ်

ဖိလစ်ပိုင်ရေတပ်ရဲ့ ယခုဒုံးပျံများရရှိမှုအစီအစဉ်ဟာဆိုရင် ရေတပ်ဖရီးဂိတ်စစ်ရေယာဉ်စီမံ ကိန်းတစ်ခုဖြစ်တဲ့ PN Frigate Acquisition Project Lot 2B ရဲ့အစိတ်အပိုင်းအောက်မှာ ပါဝင်ကာ လုပ်ဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါဒုံးပျံများနဲ့ ပတ်သက်ပြီး ပြင်သစ်အခြေစိုက် MBDA Missile Systems ကုမဏီကို သဘောတူညီမှုစာချုပ်တစ်ခုပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်.

ဒုံပျံအလုံးရေဘယ်လောက်လက်ခံရရှိခဲ့တယ်ဆိုတာကိုတော့ အတိအကျဖော်ပြထားခြင်းမရှိတာကိုတွေ့ရှိခဲ့ရပါတယ်ဒါ့အပြင် ယခုလက်ခံရရှိခဲ့တာတွေဟာ လေကြောင်းရန်ကာကွယ်ရေးဒုံးပျံများသာဖြစ်ပြီး ဖိလစ်ပိုင်ရေတပ်ရှိ Jose Rizal-class (JRC) ဖရီးဂိတ်စစ်ရေယာဉ်သစ် ၂ စီးအတွက် နောက်ထပ် ရေပြင်မှ ရေပြင်ပစ်ဒုံးပျံ တွေကိုလည်း ထပ်မံရှိဦးမှာဖြစ်ပြီး အဲ့ဒီဒုံးပျံတွေကိုတော့ ၂၀၂၂ ခုနှစ်

မတ်လမှာ လက်ခံရရှိမှာဖြစ် ကြောင်း ဒုတိယဗိုလ်မှူးကြီး Benjo Negranza မှပြောထပ်မံပြောကြားလိုက်ပါတယ်..ဖိလစ်ပိုင်ရေတပ် အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ကာကွယ်ရေးကုမဏီတစ်ခုဖြစ်တဲ့ LIG Nex 1 ဟာဆိုရင်လည်း ဖိလစ်ပိုင်ရေတပ်ရဲ့ JRC ဖရီးဂိတ်စစ်ရေယာဉ်သစ်များမှာ

တပ်ဆင်အသုံးပြုနိုင်စေဖို့အတွက် ရေပြင်မှ ဝေဟင်ပစ် C-Star missiles ဒုံးပျံများကို လွှဲပြောင်းပေအပ်သွားဦးမှာဖြစ်ကြောင်း သိရှိရပြီး အဲ့ဒီဒုံးပျံ များအနေနဲ့ အဆိုပါ ဖရီးဂိတ်စစ်ရေယာဉ်များအပေါ်မှာ အဓိကဒုံးပျံများအဖြစ်အသုံးပြုသွားနိုင်စေဖို့ စဉ်းစားလုပ်ဆောင်လျက်ရှိနေကြောင်းလည်း သိရှိရပါတယ်

အဲ့ဒီ C-Star missiles များကိုတော့ a “sea- skimming surface-to-surface anti-ship cruise missile” များလို့လည်းခေါ်ဆိုပါတယ်။ ဖိလစ်ပိုင်ရေတပ်ရဲ့ JRC ဖရီးဂိတ်စစ်ရေယာဉ်သစ် ၂ စီးဟာ ရေပြင်၊ ရေအောက်နဲ့ အီလက်ထရောနစ်စစ်ဆင် ရေးများမှာ အသုံးပြုနိုင်စေမယ့်စစ်ရေယာဉ်တစ်စီးဖြစ်ပြီး

စစ်ရေယာဉ်အပေါ်မှာလည်း ခေတ်မီအာရုံခံကိရိယာများ၊ တာဝေးပစ်ဒုံးပျံများ၊ လမ်းညွှန်တော်ပီဒိုများနဲ့ ရေအောက်ရန်ကာကွယ် ရေး ရဟတ်ယာဉ်တစ်စီးအား တင်ဆောင်ထားရှိကြောင်း သိရှိရပါတယ်..ဖိလစ်ပိုင်ရေတပ်အတွက် အဆိုပါဖရီးဂိတ်စစ်ရေယာဉ်များကို တောင်ကိုရီးယားနိုင်ငံမှ တည် ဆောက်ပေးခဲ့တာဖြစ်ပြီး

ပထမအစီး ဖြစ်တဲ့ BRP Jose Rizal ကို ၂၀၂၀ ပြည့်နှစ် မေလမှာ လက်ခံရရှိခဲ့ပြီး တပ်တော်ဝင်ခြင်းကို ဇူ လိုင်လမှာ လည်း ကောင်း၊ဒုတိယအစီးဖြစ်တဲ့ BRP Antonio Luna ကိုတော့ ၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာလည်း ကောင်း အသီးသီးတပ်တော်ဝင်ပေးနိုင်ခဲ့ပါတယ်။

အဆိုပါဖရီးဂိတ်စစ်ရေယာဉ်သစ် ၂ စီးအတွက် ကုန်ကျငွေမှာ ဖိလစ်ပိုင်ငွေကြေး ၁၆ ဘီလီယံဖြစ်ပြီး လက်နက်ခဲယမ်းများနဲ့ အာရုံခံကိရိ ယာများအတွက် ကုန်ကျငွေမှာ ဖိလစ်ပိုင်ငွေကြေး ၂ ဘီလီယံသုံးစွဲထားကြောင်း သိရှိရပါတယ်

Crd..NAVY News Update
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။