■ပြောင်းလဲခဲ့တဲ့နာမည်နဲ့ပတ်သက်ပြီး ဒေါ်လာသန်း ၂၀ လောက် ကုန်မယ့်အရေးကြုံနေတဲ့ ဖေ့ဘွတ်ခ်
■ပြောင်းလဲခဲ့တဲ့နာမည်နဲ့ပတ်သက်ပြီး ဒေါ်လာသန်း ၂၀ လောက် ကုန်မယ့်အရေးကြုံနေတဲ့ ဖေ့ဘွတ်ခ်
ကုမ္ပဏီနာမည်ကို Meta လို့ ပြောင်းလဲလိုက်ပြီးနောက် မိခင်ကုမ္ပဏီအဖြစ်သတ်မှတ်ခဲ့တဲ့ Facebook ဟာ အမေရိကန်၊ အရီဇိုးနားပြည်နယ်က Custom PC ထုတ် လုပ်တဲ့ Meta PC ရဲ့ trademark နဲ့ ဆင်တူနေလို့ အခက်တွေ့နေရပါတယ်။ ဒီအတွက်ကြောင့် Facebook အနေနဲ့…
သူတို့ရဲ့ trademark ကို လိုချင်တယ်ဆိုရင် ရောင်းချသွားမယ်လို့ Meta PC က ကမ်းလှမ်းထားကြောင်း ဆိုပါတယ်။Meta PC ကတော့ ဒီနှစ်အတွင်း သြဂုတ်လကမှ မှတ်ပုံတင်ထားခဲ့တာဖြစ်ပြီး မာ့ခ်ဇူကာဘတ်ထက် အနည်းငယ်စောခဲ့ပါတယ်။ ဆာဗာ၊ ကွန်ရက်အစိတ် အပိုင်း၊ Notebook ၊ တက်ဘလက်အစရှိတဲ့…
ကွန်ပျူ တာနဲ့ဆက်စပ်ပစ္စည်းတွေကို ဝန်ဆောင်မှုပေး ထုတ် လုပ်တဲ့ကုမ္ပဏီဖြစ်ပြီး လုပ်ငန်းစတင်တာ တစ်နှစ်ကျော်မျှသာ ရှိသေးတာဖြစ်ပါတယ်။မာ့ခ်ဇူကာဘတ်ထက် trademark မှတ်ပုံတင်စောခဲ့တာဖြစ်လို့ Facebook အနေနဲ့ ဒေါ်လာသန်း ၂၀ နဲ့ ပြန် လည်ဝယ်ယူရဖွယ်ရှိကြောင်းလည်း သိရပါတယ်။…
Meta PC ကိုတည်ထောင်ထားသူ Zack Shutt နဲ့ Joe Darger တို့က ကမ်းလှမ်းထားတာဖြစ်ပြီးမှတ်ပုံတင်ထားမှုခွင့်ပြုချက်ရရှိခဲ့မယ်ဆိုရင် ဒီထက်မက ဈေးပိုများသွားဖွယ်လည်းရှိနေလို့ မာ့ခ်ဇူကာဘတ်တစ်ယောက်အကျပ်ရိုက်နေပြီဖြစ်ပါတယ်။…
တဖက်မှာတော့ Meta PC က Facebook ရဲ့ နာမည် ပြောင်းမှုနဲ့အတူ သူတို့ရဲ့နာမည်ပါထင်ပေါ်သွားခဲ့ပြီဖြစ်ပါတယ်။ ပုံရိပ်ယောင်ကမ္ဘာကြီးဆီကို သွားမယ့်ခြေလှမ်းတွေအတွက် ပြင်ဆင်မှုပထမဆုံးအဆင့်မှာပဲ မာ့ခ်ဇူကာဘတ်တစ်ယောက် ခြေချော်ခဲ့တာဖြစ်ပြီး trademark ပိုင်ဆိုင်ခွင့်ရဖို့အတွက် ဒေါ်လာသန်း ၂ဝအထိ အသုံးပြုရတော့မလိုဖြစ်နေရပါပြီ။…
crd
zawgyi
crd