■နယူးဇီလန်တွင် ခိုလှုံခွင့်ရဖို့ မျှော်လင့်ချက်ဖြင့် ရေခဲရေတမျှအေးစက်နေတဲ့ ရေထဲကိုခုန်ချခဲ့ပြီး ၂၃နာရီကြာမျောပါနေခဲ့တဲ့ မြန်မာသင်္ဘောသား

■နယူးဇီလန်တွင် ခိုလှုံခွင့်ရဖို့ မျှော်လင့်ချက်ဖြင့် ရေခဲရေတမျှအေးစက်နေတဲ့ ရေထဲကိုခုန်ချခဲ့ပြီး ၂၃နာရီကြာမျောပါနေခဲ့တဲ့ မြန်မာသင်္ဘောသား

နယူးဇီလန်နိုင်ငံတွင် ခိုလှုံခွင့်ရရှိရန်မျှော်လင့်ချက်ဖြင့် ကုန်တင်သင်္ဘောပေါ်မှ မြန်မာအမျိုးသားတစ်ဦး ရေထဲသို့ ခုန်ချခဲ့တယ်လို့သိရပါတယ်။

ထိုမြန်မာအမျိုးသားဟာ အေးခဲနေတဲ့ ရေထဲမှာ “သေဖို့စောင့်နေရတယ်” လို့ ဆိုပါတယ်။မြန်မာအမျိုးသားကို ရေထဲမှကယ်ဆယ်မှုအပြီးတွင် “ကျွန်တော်ဆုတောင်းနေခဲ့တာ၊ရေကူးဖို့ကြိုးစားတယ်၊ ဆုတောင်းလိုက်ရေကူးလိုက်နဲ့ပဲ နောက်ဆုံးတော့ အားလုံးကို အရှုံးပေးလိုက်တယ်။ ကျွန်တော်သေဖို့ပဲ စောင့်နေတော့တာ” လို့ ပြောခဲ့ပါတယ်။

မြန်မာစစ်အစိုးရထံမှ ထွက်ပြေးကာနယူဇီးလန်တွင် ခိုလှုံခွင့်ရရန်မျှော်လင့်ချက်ဖြင့် အသက် ၂၇ နှစ်အရွယ် မြန်မာသင်္ဘောသားသည် တနင်္လာနေ့ညနေပိုင်းတွင် Paovosa Wisdom VII မှ Gisborne အနီးရှိ ပင်လယ်ထဲသို့ ခုန်ချခဲ့တာပဲဖြစ်ပါတယ်။

“ရေက 15C ရှိပြီး ရေခဲရေလို ခံစားရတယ်။”မြန်မာအမျိုးသား ကိုမင်းနိုင်ဟာ ရေကူးဝတ်စုံကို ဝတ်ထားပေမယ့် နာရီပေါင်းများစွာ ရေကူးအပြီးမှာ ရေတွေ စိမ့်ဝင်နေပြီး ကယ်တင်ခြင်းမခံရမီ အချိန်အတော်ကြာအောင် စိမ်ထားခဲ့ပါတယ်။

“အေးသထပ်အေးလာပြီး နောက်ဆုံးကျွန်တော်မလှုပ်နိုင်တော့တဲ့အထိ ရေထဲမှာပဲ မျောပါနေခဲ့ရပါတယ်”လို့ဆိုပါတယ်။

အင်္ဂါနေ့ ညနေ ၅နာရီမတိုင်ခင်မှာတော့ အရှေ့ဘက် ကုန်းမြေကယ်ဆယ်ရေးများဟာ သင်္ဘောသားကိုမင်းနိုင်ရဲ့ အော်ဟစ် အကူအညီတောင်းမှုကြောင့် ကိုမင်းနိုင်ကို တွေ့ရှိခဲ့ပြီး ကယ်ဆယ်နိုင်ခဲ့တာလို့ သိရပါတယ်။

ကယ်ဆယ်မှုအပြီးတွင် ကိုမင်းနိုင်ကို ဂျစ်စဘုန်းဆေးရုံသို့ ခေါ်ဆောင်သွားကာ လိုအပ်တဲ့ ကုသမှုများနဲ့အတူ ကိုဗစ်-၁၉ ရလဒ် Negative ဖြင့် သီးသန့်ခွဲထားလျက်ရှိပါတယ်။

“ ၂၃ နာရီကြာ ရေထဲမှာ ရှိနေတာကြောင့် ဒါဟာ တကယ့်ကို ထူးထူးခြားခြား အသက်ရှင်ကျန်ရစ်တဲ့ ဇာတ် လမ်းတစ်ပုဒ်ပါ” ဟု ရဲတပ်ဖွဲ့နယ်မြေတားဆီးရေးက ဆိုပါတယ်။ “ဒါပေမယ့် အင်္ဂါနေ့မွန်းလွဲပိုင်းကတည်းက ရာသီဥတုက ဆိုးရွားနေခဲ့တာဖြစ်ပြီး ရှာတွေ့ခဲ့တာက ကံအလွန်ကောင်းလို့ဖြစ်တယ်” လို့ဆိုပါတယ်။

ခရိုင်ကျန်းမာရေးဘုတ်အဖွဲ့မှ ကိုမင်းနိုင်အား သီးသန့်ခွဲခြားထားစဉ် ထောက်ပံ့မှုများ ပြုလုပ်ထားပြီး ကျန်းမာရေးအရာရှိကလည်း ကိုမင်းနိုင်ရဲ့အခြေအနေဟာ အန္တရာယ်နည်းပါးနဲ့ အခြေအနေ ဖြစ်တယ်” လို့ ပြောကြားထားပါတယ်။

crd

zawgyi

■နယူးဇီလန္တြင္ ခိုလႈံခြင့္ရဖို႔ ေမၽွာ္လင့္ခ်က္ျဖင့္ ေရခဲေရတမၽွေအးစက္ေနတဲ့ ေရထဲကိုခုန္ခ်ခဲ့ၿပီး ၂၃နာရီၾကာေမ်ာပါေနခဲ့တဲ့ ျမန္မာသေဘၤာသား

နယူးဇီလန္နိုင္ငံတြင္ ခိုလႈံခြင့္ရရွိရန္ေမၽွာ္လင့္ခ်က္ျဖင့္ ကုန္တင္သေဘၤာေပၚမွ ျမန္မာအမ်ိဳးသားတစ္ဦး ေရထဲသို႔ ခုန္ခ်ခဲ့တယ္လို႔သိရပါတယ္။

ထိုျမန္မာအမ်ိဳးသားဟာ ေအးခဲေနတဲ့ ေရထဲမွာ “ေသဖို႔ေစာင့္ေနရတယ္” လို႔ ဆိုပါတယ္။ျမန္မာအမ်ိဳးသားကို ေရထဲမွကယ္ဆယ္မႈအၿပီးတြင္ “ကၽြန္ေတာ္ဆုေတာင္းေနခဲ့တာ၊ေရကူးဖို႔ႀကိဳးစားတယ္၊ ဆုေတာင္းလိုက္ေရကူးလိုက္နဲ႔ပဲ ေနာက္ဆုံးေတာ့ အားလုံးကို အရႈံးေပးလိုက္တယ္။ ကၽြန္ေတာ္ေသဖို႔ပဲ ေစာင့္ေနေတာ့တာ” လို႔ ေျပာခဲ့ပါတယ္။

ျမန္မာစစ္အစိုးရထံမွ ထြက္ေျပးကာနယူဇီးလန္တြင္ ခိုလႈံခြင့္ရရန္ေမၽွာ္လင့္ခ်က္ျဖင့္ အသက္ ၂၇ ႏွစ္အရြယ္ ျမန္မာသေဘၤာသားသည္ တနလၤာေန႔ညေနပိုင္းတြင္ Paovosa Wisdom VII မွ Gisborne အနီးရွိ ပင္လယ္ထဲသို႔ ခုန္ခ်ခဲ့တာပဲျဖစ္ပါတယ္။

“ေရက 15C ရွိၿပီး ေရခဲေရလို ခံစားရတယ္။”ျမန္မာအမ်ိဳးသား ကိုမင္းနိုင္ဟာ ေရကူးဝတ္စုံကို ဝတ္ထားေပမယ့္ နာရီေပါင္းမ်ားစြာ ေရကူးအၿပီးမွာ ေရေတြ စိမ့္ဝင္ေနၿပီး ကယ္တင္ျခင္းမခံရမီ အခ်ိန္အေတာ္ၾကာေအာင္ စိမ္ထားခဲ့ပါတယ္။

“ေအးသထပ္ေအးလာၿပီး ေနာက္ဆုံးကၽြန္ေတာ္မလႈပ္နိုင္ေတာ့တဲ့အထိ ေရထဲမွာပဲ ေမ်ာပါေနခဲ့ရပါတယ္”လို႔ဆိုပါတယ္။

အဂၤါေန႔ ညေန ၅နာရီမတိုင္ခင္မွာေတာ့ အေရွ႕ဘက္ ကုန္းေျမကယ္ဆယ္ေရးမ်ားဟာ သေဘၤာသားကိုမင္းနိုင္ရဲ့ ေအာ္ဟစ္ အကူအညီေတာင္းမႈေၾကာင့္ ကိုမင္းနိုင္ကို ေတြ႕ရွိခဲ့ၿပီး ကယ္ဆယ္နိုင္ခဲ့တာလို႔ သိရပါတယ္။

ကယ္ဆယ္မႈအၿပီးတြင္ ကိုမင္းနိုင္ကို ဂ်စ္စဘုန္းေဆး႐ုံသို႔ ေခၚေဆာင္သြားကာ လိုအပ္တဲ့ ကုသမႈမ်ားနဲ႔အတူ ကိုဗစ္-၁၉ ရလဒ္ Negative ျဖင့္ သီးသန႔္ခြဲထားလ်က္ရွိပါတယ္။

“ ၂၃ နာရီၾကာ ေရထဲမွာ ရွိေနတာေၾကာင့္ ဒါဟာ တကယ့္ကို ထူးထူးျခားျခား အသက္ရွင္က်န္ရစ္တဲ့ ဇာတ္ လမ္းတစ္ပုဒ္ပါ” ဟု ရဲတပ္ဖြဲ႕နယ္ေျမတားဆီးေရးက ဆိုပါတယ္။ “ဒါေပမယ့္ အဂၤါေန႔မြန္းလြဲပိုင္းကတည္းက ရာသီဥတုက ဆိုးရြားေနခဲ့တာျဖစ္ၿပီး ရွာေတြ႕ခဲ့တာက ကံအလြန္ေကာင္းလို႔ျဖစ္တယ္” လို႔ဆိုပါတယ္။

ခရိုင္က်န္းမာေရးဘုတ္အဖြဲ႕မွ ကိုမင္းနိုင္အား သီးသန႔္ခြဲျခားထားစဥ္ ေထာက္ပံ့မႈမ်ား ျပဳလုပ္ထားၿပီး က်န္းမာေရးအရာရွိကလည္း ကိုမင္းနိုင္ရဲ့အေျခအေနဟာ အႏၲရာယ္နည္းပါးနဲ႔ အေျခအေန ျဖစ္တယ္” လို႔ ေျပာၾကားထားပါတယ္။

crd