■ထိုင်ဝမ်ကို အာရုံစိုက်နေချိန်တွင် တရုတ်နှင့် အိန္ဒိယနယ်စပ်၌ တင်းမာမှုများမြင့်တက်

■ထိုင်ဝမ်ကို အာရုံစိုက်နေချိန်တွင် တရုတ်နှင့် အိန္ဒိယနယ်စပ်၌ တင်းမာမှုများမြင့်တက်

19-Oct-2021
ထိုင်ဝမ်ရေလက်ကြား၌ တရုတ်၏ မြင့်မားလာသော စစ်ရေးလှုပ်ရှားမှုများသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း သတင်းခေါင်းကြီးပိုင်းများ၌ နေရာယူကောင်းယူခဲ့လိမ့်မည်။ သို့သော် အနောက်ဘက်မိုင်ထောင်ချီရှိ တိုင်းပြည်နယ်နိမိတ်တွင် တအုံနွေးနွေးဖြစ်နေသာ နောက်ထပ် နယ်မြေပိုင်နက်အငြင်းပွားမှုသည် ပထမတစ်ခုထက် ပိုဆိုးဖွယ်ရှိသည်။
တရုတ်နှင့်အိန္ဒိယတပ်များသည်လွန်ခဲ့သော ၁၆လက နျူကလီးယားအင်အားကြီးနှစ်နိုင်ငံအကြား ပီပီပြင်ပြင်မသတ်မှတ်ထားသော နယ်စပ်ထိန်းချုပ်မျဉ်း(LAC) တစ်လျှောက် ဟိမဝန္တာတောင်တန်းများတွင် သေစေနိုင်သော လက်တစ်ကမ်းတိုက်ပွဲဆင်နွှဲခဲ့ကြသည်။ယခုအခါတင်းမာမှုများထပ်မံမြင့်တက်လာပုံရသည်။

အတည်မပြုနိုင်သောသတင်းများအရ စစ်ဘက်ဆိုင်ရာတပ်ချထားမှုများ အင်အားဖြည့်တင်းထားကာ အခြေအနေများအား ဖြေလျှော့ရန်ဆွေးနွေးမှုများသည် သောင်မတင်ရေမကျဖြစ်နေချိန်တွင် နှစ်ဖက်စလုံးမှ တပ်ဖွဲ့ဝင်များကို အပြန်အလှန်ထိန်းသိမ်းထားကြသည်။
အိန္ဒိယနှင့်တရုတ်တို့သည် ၁၉၆၂ ခုနှစ်တွင်နောက်ဆုံး LAC ကိုသတ်မှတ်ခဲ့သော တောင်တန်းများအပေါ် ဝေးလံခေါင်သီသောနယ်စပ်ဒေသများ၌ စစ်ပွဲဖြစ်ပွားခဲ့ကြသည်။
ထိုအချိန်မှစ၍ နှစ်နိုင်ငံသည် LAC တွင်နှစ်ပေါင်း၄၀ကျော်အတွင်း အသေအပျောက်အများဆုံးဖြစ်သည့် ၂၀၂၀ပြည့်နှစ်၊ ဇွန်လပဋိပက္ခအထိ နယ်နိမိတ်နေရာယူမှုအပေါ် အသေးစားတိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။

အိန္ဒိယ်တပ်ဖွဲ့ဝင် အနည်းဆုံး ၂၀ နှင့် တရုတ်တပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့သည့် အဆိုပါတိုက်ပွဲအပြီး သက်ဆိုင်ရာစစ်ခေါင်းဆောင်များသည်ကာလကြာရှည်တင်းမာမှုများကိုလျှော့ချရန်မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
နှစ်နိုင်ငံအကြား ၁၃ ကြိမ်မြောက်အစည်းအဝေးကို အောက်တိုဘာ ၁၀ ရက်ကကျင်းပခဲ့သော်လည်း ကောင်းစွာ အဆုံးမသတ်နိုင်ခဲ့ပေ။ အစောပိုင်းဆွေးနွေးမှုများသည် နယ်စပ်ဒေသငြိမ်းချမ်းမှုတွင် တိုးတက်မှုများရှိခဲ့သော်လည်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနမှ အောက်တိုဘာ ၁၁ ထုတ်ပြန်ချက်တွင် တရုတ်က ထပ်မံပူးပေါင်းခြင်းမရှိကြောင်း စွပ်စွဲခဲ့သည်။

ယခုလအစောပိုင်းတွင် ထိုင်ဝမ်တစ်ဝိုက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ၏ လေတပ်ကျုးကျော်မှုများအကြား အမေရိကန်နှင့်ဂျပန်တို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းဝန်းကျင် အခြေအနေကိုအန္တရာယ်ကျလုဆဲဆဲဖြစ်စေခဲ့ပြီး စစ်ပွဲအချိန်မရွေးဖြစ်လာနိုင်သည်ဟူသော နိုးကြားမှုကို ဖြစ်စေခဲ့သည်ဟု Global and Times ကဖော်ပြသည်။
Global Times သတင်းစာ၏အောက်တိုဘာ၁၁ထုတ် ဟိမဝန္တာဆိုင်ရာသတင်းကြီးတစ်ခုတွင် PLA နယ်ခြားစောင့်တပ်များသည် လာမည့်ထိပ်တိုက်ရင်ဆိုင်ရမည့်အရာများအတွက် ပြင်ဆင်ထားကြောင်း ဖော်ပြထားသည်။

ထိုင်ဝမ်နှင့်ဟိမဝန္တာတောင်တန်းသည်မိုင်၂၈၀၀ (ကီလိုမီတာ၄၅၀၀) ဝေးကွာပြီး လုံးဝမတူညီသည့် ပတ်ဝန်းကျင်အခြေအနေများဖြစ်နိုင်သော်လည်း တရုတ်နှင့်နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုနှစ်ခုလုံးတွင် အရှိန်မြင့်တက်လာပုံရပြီး တရုတ်အဆိုအရ အမေရိကန်က ပြဿနာအားလုံးတွင် အဓိကဖြစ်နေသည်။

By CNN 18 October 2021
crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။