■တောင်းရီးယားတွင် ခွဲခြားဆက်ဆံခံရမှု ကြုံခဲ့ဖူးကြောင်း ပြောပြလာတဲ့ ‘Squid Game’ ရဲ့ ဖိလစ်ပိုင်သရုပ်ဆောင် Christian Lagahit

■တောင်းရီးယားတွင် ခွဲခြားဆက်ဆံခံရမှု ကြုံခဲ့ဖူးကြောင်း ပြောပြလာတဲ့ ‘Squid Game’ ရဲ့ ဖိလစ်ပိုင်သရုပ်ဆောင် Christian Lagahit

ဖိလစ်ပိုင်သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ Christian Lagahit ကတော့ တောင်ကိုးရီးယားတွင် လူမျိုးရေးခွဲခြားဆက်ဆံမှုကို တွေ့ကြုံခဲ့ရဖူးတာပါ။မကြာသေးခင်က youtube channel ‘Asian Boss’ ကနေ ‘Squid Game’ ဇာတ်ကားတွင် Player #276 အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဖိလစ်ပိုင်သရုပ်ဆောင် Christian Lagahit နဲ့ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အင်တာဗျူးတွင် သူ့ကိုတောင်ကိုးရီးယားတွင် တွေ့ကြုံခဲ့ရတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တာပါ။ဒီအကြောင်းနဲ့ပတ်သက်ပြီး Christian က “ကျွန် တော် အမှတ်တရအဖြစ်ဆုံးက ရွာဘက်စ်ကားနဲ့သွားတုန်းကပါ အဲဒါက နောက်ဆုံးခရီးဖြစ်ပြီး ကျွန်တော်နောက်ဘက်မှာ ထိုင်နေပါတယ် ဘက်စ်ကားက အရမ်းသေးတာကြောင့် လူအနည်းငယ်သာ ထိုင်လို့ရပြီး

တစ်ခြားသူတွေကတော့ မတ်တပ်ရပ်နေရပါတယ် အဲဒီမှာ ကျွန်တော့်ကိုစိုက်ကြည့်နေတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ် ပထမတော့ ကျွန်တော်သတိမထားမိဘူး သူကကောင်လေးတွေကိုကြည့်နေတယ်လို့ပဲ ကျွန်တော်ထင်တာ ကျွန်တော့်ရှေ့မှာ ကောင်လေးတွေရှိနေတာကိုး မိနစ်အနည်းငယ်ကြာတော့ ကျွန်တော့်မျက်နှာကို တစ် ခုခုလာထိတော့ ကျွန်တော်လန့်သွားတယ် သူကကော်ဖီထုတ်ကို ကျွန်တော့်မျက်နှာပေါ် ပစ်ချလိုက်တာ ကော်ဖီထုတ်က ကျွန်တော့်မျက်နှာကို တည့်တည့်လာမှန်တာ” လို့ ဆိုပါတယ်။

အဆိုးရွားဆုံးအချက်ကတော့ ဘယ်သူကမှ ဂရုစိုက်မှုမပြကြပဲ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူ့ကို ကူညီပေးဖို့ မလုပ်ကြကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

crd

zawgyi






crd