■■■မြောက်ကိုရီးယားရဲ့ စစ်ရေးပြပွဲအခမ်းအနားကျင်းပပြီးရက်ပိုင်းအတွင်းမှာတင် တောင်ကိုရီးယားက လည်း အားကျမခံ စစ်ရေးပြပွဲကျင်းပဖို့ကြေညာ

■■■မြောက်ကိုရီးယားရဲ့ စစ်ရေးပြပွဲအခမ်းအနားကျင်းပပြီးရက်ပိုင်းအတွင်းမှာတင် တောင်ကိုရီးယားက လည်း အားကျမခံ စစ်ရေးပြပွဲကျင်းပဖို့ကြေညာ

လေ့လာသူများရဲ့ပြောကြားချက်အရ မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်ရေးပြပွဲအခမ်းအနားကြီးဟာ တောင်ကိုရီးယားနိုင်ငံကို ခြိမ်းခြောက်လိုသော ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားနိုင်ငံဘက်မှ စစ်ရေးပြပွဲအခမ်းအနားကြီးပြုလုပ်ပြီး ရက်ပိုင်းအတွင်းမှာတင် တောင်ကိုရီးယားနိုင်ငံကလည်း နှစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ စစ်ရေးပြပွဲအခမ်းအနားကြီးကို လာမယ့်အပတ်ထဲတွင် ဆိုးလ်မြို့မှာ ကျင်းပသွားမှာပဲဖြစ်ပါတယ်။

“မြောက်ကိုရီးယားနိုင်ငံဟာ လက်နက်များကို ပြည်ပသို့ ရောင်းချနိုင်ရန် နိုင်ငံတကာ စစ်ရေးအသိုင်းအဝိုင်းရဲ့ အာရုံကို တောင်ကိုရီးယားနိုင်ငံထပ် အရင်ဆုံးရရှိနိုင်ရန် ကာကွယ်ရေးပြပွဲကို အချိန်ပေးပြင်ဆင်ရမယ်” လို့ ကိုရီးယားလေကြောင်းနဲ့ အာကာသ သိပ္ပံအသင်းမှ ဥက္ကဌဟောင်းတစ်ဦးဖြစ်တဲ့ ချွဲဂျင်ဆူ ကပြောပါတယ်။

ဆက်လက်ပြီး “မြောက်ကိုရီးယားက တောင်ကိုရီးယားကိုမှီခိုပြီး လက်နက်ရောင်းချဖို့ပြုလုပ်နေကာ ၎င်းတို့ နိုင်ငံကို မေ့မထားဖို့ သတိပေးဖို့ ကြိုးစားနေတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆိုလ်း နိုင်ငံတကာ လေကြောင်းနဲ့ကာကွယ်ရေးပြပွဲဟာ နှစ်နှစ်တစ်ခါ ကျင်းပလေ့ရှိပေမယ့် မြောက်ကိုရီးယားကတော့ ကြိုတင်ကြေညာခြင်းမရှိဘဲ ကာကွယ်ရေးပြပွဲကို ကျင်းပလေ့ရှိတာပဲဖြစ်ပါတယ်။

“ဒီပြပွဲနဲ့ပတ်သတ်ပြီး ရလဒ်တွေကို ထည့်သွင်းစဉ်းစားစရာတွေအများကြီး ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့်သူတို့က တင်းမာမှုတွေနဲ့ထိပ်တိုက်ရင်ဆိုင်မှုတွေ ပိုတိုးလာမယ့် ကာလတစ်ခုအတွက်ပြင်ဆင်နေပုံရတယ်” လို့ မြောက်ကိုရီးယားစစ်ရေးစွမ်းရည်ကို အကဲဖြတ်သူ တစ်ဦးက ဆိုပါတယ်။

Crd..Myanmar Plat Form

zawgyi








Crd..Myanmar Plat Form