■တရုပ်ကြီးနေမှကောင်းရဲ့လား “မင်းတယောက်နေမှကောင်းရဲ့လား”

■တရုပ်ကြီးနေမှကောင်းရဲ့လား “မင်းတယောက်နေမှကောင်းရဲ့လား”

“မင်းတယောက်နေမှကောင်းရဲ့လား”ပြီးခဲ့တဲ့အပတ်က ဘိုင်ဒင်ကပြောခဲ့တာရှိပါတယ်တရုပ်တို့က လာရောက်တိုက်ခိုက်ခဲ့ရင် တိုင်ဝမ်အနေနဲ့ မိမိဘာသာခုခံကာကွယ်ခွင့်ရှိရေးကို အခွင့်ပေးထားတဲ့ ၁၉၇၉ ခုနှစ်ကဥပဒေ အတိုင်းအမေရိကန်ကလိုက်နာဆောင်ရွက်နေပါတယ် လို့ပြောခဲ့ပါတယ်
အဲ့သည်စကားဟာ နိုင်ငံတကာကိုအတော်လေးဂယက်ထသွားစေခဲ့ပါတယ်အမေရိကန်တို့ ကာလရှည်ကြာစွာကိုင်စွဲလာခဲ့တဲ့ တိုင်ဝမ်ရေးရာ ပေါ်လစီဖြစ်တဲ့ “strategic ambiguity” ဆိုတာကိုမျက်ကွယ်ပြုကျောခိုင်းလိုက်တဲ့စကားလို့ ယူဆလာကြလို့ဖြစ်ပါတယ်အဲ့သည့်ပေါ်လစီက အတိုချုပ်ပြောရရင်တိုင်ဝမ် တရုပ်နဲ့ အမေရိကန် သုံးပွင့်ဆိုင်ဆက်ဆံရေးမှာ အမေရိကန်တို့ရဲ့ တိုင်ဝမ်အရေးအပေါ်မှာတရုပ်နဲ့ ထားရှိတဲ့ ပေါ်လစီလို့ဆိုရပါမယ်

တရုပ်လည်း တိုင်ဝမ်ကို မကျူးကျော်စေတိုင်ဝမ်ကလည်း လွတ်လပ်ရေးမကြေညာစေ ဆိုတဲ့ ” “strategic ambiguity” ဖြစ်ပါတယ်အဲ့သည်လို ဘိုင်ဒင်က ပြောလိုက်ပြီး တိုင်ဝမ်ကိုလာကျူးကျော်ရင်တော့ သိစေ့မယ် ငါတို့ကတော့ မခံဘူးနော် ဆိုတဲ့ စကားဆန်ဆန် ထွက်ပေါ်လာလို့ ကမ္ဘာက ဂယက်ထလာတာဖြစ်ပါတယ်ပြောပြီးမကြာပါဘူး အိမ်ဖြူတော်ကသတင်းထုတ်ပြန်ရာမှာ ဘိုင်ဒင်ရဲ့မိန့်ခွန်းဟာ အမေရိကန်တို့ရဲ့ တိုင်ဝမ်အရေးမှာထားရှိတဲ့ ပေါ်လစီ ပြောင်းလဲတော့မယ်ဆိုတဲ့ အချက်ပြစကားမဟုတ်ရပါဘူးလို့ ပြောခဲ့သလို

အချို့သော နိုင်ငံရေးဆန်းစစ်သူတွေက ဘိုင်ဒင်ရဲ့ပြောစကားဟာ ပြောမှားဆိုမှားသာဖြစ်လိမ့်မယ်ဆိုပြီး ငြင်းဆိုခဲ့ကြပါတယ်ပြီးခဲ့တဲ့ လဆန်းကစလို့ လတ်တလော ရက်သတ္တပတ်တွေအထိ တရုပ်နဲ့ တိုင်ဝမ်ရဲ့ တင်းမာလာမှုတွေဟာ ဘေဂျင်းအစိုးရရဲ့တိုင်ဝမ်ရေလက်ကြားမှာ လေကြောင်းထိုးဖောက်နှောက်ယှက််မှုတွေကြောင့် အလွန်ဆိုးရွားခဲ့ရတာပါ
ဘိုင်ဒင်ရဲ့ စကားအပေါ်တရုပ်က မကျေမနပ်ဖြစ်ခဲ့ပါတယ် ” တိုင်ဝမ်လွတ်လပ်ရေးကြိုးပမ်းနေသူတွေအတွက် မှားယွင်းတဲ့အချက်ပြတွေ မပေးဖို့

တရုပ်အမေရိကန်ဆက်ဆံရေး ပျက်ပြားစေမှာတွေ ရှောင်ရှားဖို့နဲ့ တိုင်ဝမ်ရေလက်ကြားမှာ တည်ငြိမ်အေးချမ်းမှုရှိစေရေးတို့” အတွက် သတိပေးခဲ့ပါတယ်ဒါဟာ ပြီးခဲ့တဲ့အပတ်တွေက အခြေအနေတွေဖြစ်ပါတယ်

မနေ့ကတော့မနေ့က ရိုက်တာသတင်းမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင် အာဆီယန်ထိပ်သီးအစည်းအဝေးကိုတက်ရောက် မိန့်ခွန်းပြောတယ်လို့ရေးသားထားပြီး” အမေရိကန်အနေနဲ့ ခင်ဗျားတို့အာဆီယန်နိုင်ငံတွေနဲ့အတူ ပင်လယ်ပြင်လွတ်လပ်မှုနဲ့ ဒီမိုကရေစီအရေးတို့အတွက် ခုခံကာကွယ်ရာမှာ အတူတူရပ်တည်ပါတယ် လို့ပြောခဲ့ပြီး လုံခြုံရေးနဲ့တည်ငြိမ်မှုကိုခြိမ်းခြောက်နေတဲ့ တရုပ်တို့ရဲ့ တိုင်ဝမ်အပေါ် ပြုလုပ်နေတဲ့အပြုအမူတွေကို

“နိုင့်ထက်စီးနင်းအပြုအမူ” ( coercive ) နဲ့ ခြိမ်းခြောက်မှု( threats ) တွေလို့ပြောခဲ့ပါတယ်သမ္မတဘိုင်ဒင်ဟာ အွန်လိုင်းနေ အာဆီယန်ဆမ်းမစ်ကိုတက်ခဲ့တာပါ အဲ့သည့်အစည်းအဝေးမှာဘိုင်ဒင်ဘာတွေပြောလာနိုင်မယ်ဆိုတာ သိပ်အကဲမရလိုထင်ပါတယ် တရုပ်သမ္မတရှိကျင့်ဖျင်မတက်ပဲဝန်ကြီးချုပ်လီကာကျန်း သာတက်ခဲ့ပါတယ်

ဘိုင်ဒင်က သူတို့ဟာ အင်ဒိုပစိဖိတ်ဒေသတွင်းက အဖွဲ့တွေနဲ့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးစေဖို့ဒေသဆိုင်ရာ မူဘောင်တွေချမှတ်ဖို့ရာ စတင်ဆွေးနွေး သွားမယ် လို့ပြောကြားခဲ့ပါသေးတယ်ဒါကလည်း အများက သတိပြုပြောဆိုဝေဖန်နေကြတဲ့ “ဘိုင်ဒင်ဟာ အရှေ့တောင်အာရှဆိုင်ရာမဟာဗျူဟာမှာ လစ်ဟင်းနေခဲ့တယ်” ဆိုတာကို ဆယ်တင်တာလို့ ဆိုနိုင်ပါတယ်

အခုအချိန်မှာ ကြည့်မယ်ဆိုရင် တောင်တရုပ်ပင်လယ်ကို စိုးမိုးနေတဲ့ အရှေ့တောင်အာရှဒေသကြီးဟာ တရုပ်နဲ့အမေရိကန်တို့ရဲ့ မဟာဗျူဟာမြောက်စစ်မြေပြင် ဖြစ်လာနေပါတယ်ဘိုင်ဒင်က အာဆီယန်ထိပ်သီးအစည်းအဝေးမှာတိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးထပ်လောင်းလို့တောင်အတည်ပြုပြောလိုက်ပါသေးတယ်

” တရုပ်တို့ရဲ့တိုင်ဝမ်အပေါ် နိုင့်ထက်စီးနင်းအပြုအမူတွေ နဲ့ တည်ငြိမ်အေးချမ်းမှုကိုခြိမ်းခြောက်နေမှုတွေ အပေါ် ကျွန်တော်တို့အလွန်အမင်းစိတ်ပူနေရပါတယ်”လို့ပါပဲဒါက အောက်တိုဘာလ၂၆/၂၇ ရက်နေ့တွေကအပြောအဆိုတွေပါ

ဒီကနေ့ ရိုက်တာသတင်းမှာကတော့အမေရိကန်စစ်သားအနည်းငယ်ဟာ တိုင်ဝမ်စစ်သည်တွေကို လေ့ကျင့်ပေးနေတယ်လို့ တိုင်ဝမ်သမ္မတဆိုင်အင်ဝမ်းက စီအန်အန် သတင်းဌာနကိုအတည်ပြုပြောကြားခဲ့ ပါတယ်ဒါဟာ အမေရိကန်စစ်သားတွေတိုင်ဝမ်မှာရှိနေတယ်ဆိုတာကို အတည်ပြုခဲ့တာပါ

“ကျမတို့ရဲ့ကာကွယ်ရေး စွမ်းပကားတွေတိုးတက်မြင့်မားလာစေဖို့ အမေရိကန်နိုင်ငံနဲ့ ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်ဆောင်ရွက်နေပါတယ်” လို့ ကြာသပတေးနေ့က CNN နဲ့အင်တာဗျူးမှာ သမ္မတဆိုင်အင်ဝမ်း ကပြောခဲ့ပါတယ်အမေရိကန်စစ်သားတွေဘယ်လောက်ရှိသလဲ လို့မေးရာမှာတော့ သူက” လူတွေထင်ထားသလောက်တော့မများပါဘူး” လို့ဖြေခဲ့ပါတယ်

ဆိုင်အင်ဝမ်းရဲ့ ပြောစကားတွေအပေါ်ကို တိုင်ဝမ်ကာကွယ်ရေးဝန်ကြီး Chiu Kuo-cheng က” အမေရိကန်တွေနဲ့က စစ်ရေးအပြန်အလှန်ဆက်ဆံမှုတွေက မကြာခဏရှိပါတယ် ဘယ်နှစ်ကြိမ်လို့တောင်ပြောရမှာခက်တယ် အကြိမ်ရေများပတယ် ကြာပါပြီလို့” ဆိုပါတယ်

“အဲ့သည်လိုဆောင်ရွက်မှုတွေမှာ အကုန်လုံးဖြစ်နိုင်တာပဲလေ” လို့လည်းပြောပါတယ်ဝန်ကြီးက ထပ်ပြောရာမှာအမေရိကန်တပ်တွေ အမြဲတမ်းအခြေချထားမယ်လို့တော့ သမ္မတကမပြောခဲ့ပါဘူး လို့ပြောပြပါတယ်အမေရိကန်တွေဟာ တိုင်ဝမ်က အမြဲတမ်းအခြေစိုက်တပ်တွေ ကိုရုပ်သိမ်းခဲ့တာဟာ ၁၉၇၉ ခုနှစ် မှာတရုပ်ပြည်မကြီးနဲ့သံတမန်အရေးထူထောင်လိုက်ချိန်ကတည်းကဖြစ်ပါတယ်

အဲ့သည်နောက်ပိုင်းမှာတောင်တိုင်ဝမ်ဟာသူ့ရဲ့F16ဖိုက်တာပိုင်းလော့တွေကို အမေရိကမှာလေ့ကျင့်သင်တန်းတက်စေခဲ့ပါတယ်အမေရိကန်စစ်သားတွေရှိနေတာနဲ့ပတ်သက်ပြီး တရုပ်နိုင်ငံခြားရေးက အမေရိကန်ကို တိုင်ဝမ်နဲ့စစ်ရေးဆက်ဆံမှု
လက်နက်ရောင်းချမှု တွေကို ရပ်တန့်ဖို့နဲ့၂နိုင်ငံ ဆက်ဆံရေးကို မပျက်ပြားစေဖို့ သတိအကြိမ်ကြိမ်ပေးခဲ့ပါတယ်

တိုင်ဝမ်ကိစ္စ သမ္မတဘိုင်ဒင်က ပြောတယ်အိမ်ဖြူတော်က ကာသူကကာ ဖာသူကဖာတယ်သမ္မတကအာဆန်မှာထပ်ပြောတယ်မကာနိုင်သေးခင်တိုင်ဝမ်သမ္မတနဲ့ ကာကွယ်ရေးဝန်ကြီးကဟုတ်တယ်ဘာဖြစ်လည်း “ဆိုးဝှတ်”တဲ့
တရုပ်ဟာ အာဆန်မှာလည်းဘိုင်ဒင်နဲ့ ထိပ်တိုက်တွေ့ချင်ပုံမပေါ်ဘူး လီကာကျန်းသာတက်စေတယ်
အပြာတွေ အစိမ်းတွေ လာပြောသွားတယ်

တရုပ်ကြီးနေမှကောင်းရဲ့လား
သဒ္ဓါအားဖြင့်
crd – Pi Lon
Ref reuters