■တရုတ်၏ဝင်ရောက်စွက်ဖက််မှုမြင့်တက်လာခြင်းကြောင့် အာတိတ်နိုင်ငံများတွင် လက်နက််များ တပ်ဆင်လာ

■တရုတ်၏ဝင်ရောက်စွက်ဖက််မှုမြင့်တက်လာခြင်းကြောင့် အာတိတ်နိုင်ငံများတွင် လက်နက််များ တပ်ဆင်လာ

ရာသီဥတုပြောင်းလဲမှုက ကြီးမားကျယ်ပြန့်သော တွင်းထွက်သယံဇာတများကို တူးဖော်ရရှိနိုင်ခြင်းနှင့် ဥရောပသို့ ပင်လယ်ဖြင့် ခရီးသွားချိန်လျော့ချပေးနိုင်သည့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသစ်များကို ပေးနိုင်ခြင်းကြောင့် အာတိတ်ဒေသသို့ ခြေဆန့် တိုးချဲ့ရန် တရုတ်နိုင်ငံက ရည်ရွယ်ထားသည်။
မကြာသေးမီနှစ်များအတွင်း ခိုင်မာအားကောင်းလာသော တရုတ်-ရုရှားစီးပွားရေး ပူးပေါင်းဆောင်ရွက််မှုက ဒေသတွင်း၌ တရုတ်၏ တည်ရှိမှုကို ခိုင်မာစေခဲ့သည်။

တရုတ်က အာတိတ်မူဝါဒကို ထုတ်ပြန်ကြေညာခဲ့သည့်အပြင် ဒေသတွင်း၌ ကုန်သွယ်ရေးနှင့် စစ်ရေးလှုပ်ရှားမှုများစွာကိုလည်း စီစဉ်လျက်ရှိသည်။
သို့သော် တရုတ်၏ ကြီးထွားလာနေသော ရည်မှန်းချက်များသည် အာတိတ်နိုင်ငံများဖြစ်သည့် ၈ နိုင်ငံအုပ်စုနှင့် အဆင်ပြေခြင်းမရှိပေ။
တရုတ်က ဒေသတွင်းတွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ရန် ကြိုးပမ်းနေခြင်းကြောင့် ယခုအခါ အုပ်စုတွင်း တင်းမာမှုများ ကြီးထွားလာနေသည်။ နိုင်ငံအချို့က ယင်းကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်မှုများကို ဖော်ပြကြပြီး ရုရှားသည်ပင် ဒေသတွင်း၌ တရုတ်ကို လက်မခံရန် အချက်ပြခဲ့သည်။
ရုရှား၊ ဒိန်းမတ်၊ ဖင်လန်၊ အိုက်စလန်၊ ဆွီဒင်၊ နော်ဝေနှင့် အမေရိကန်တို့သည် အာတိတ်ကောင်စီ၏ အဖွဲ့ဝင်များဖြစ်သည်။ တရုတ်သည် ၂၀၁၃ ခုနှစ်တွင် ယင်းကောင်စီတွင် လေ့လာသူဖြစ်ခဲ့သည်။

တရုတ်သည် အာတိတ်နိုင်ငံမဟုတ်သော်လည်း ‘အာတိတ်အနီးနိုင်ငံ’ ဟု ကြေညာခြင်းဖြင့် ယင်းဒေသ ကို မဟာဗျူဟာမြောက် ဦးစားပေးဒေသအဖြစ် သတ်မှတ်ထားသည်။ ရာသီဥတုပြောင်းလဲခြင်းက အာတိတ်၏ အေးခဲနေသော အစိတ်အပိုင်းများကို လမ်းဖွင့်ပေးခဲ့ပြီး ယခုအခါ ယင်းနေရာများသည် သဘာဝအရင်းအမြစ်များ တူးဖော်ခြင်းနှင့် စူးစမ်းလေ့လာရေးသင်္ဘောများ သွားလာနိုင်ပြီဖြစ်သည်။
တရုတ်ပြည်သို့ ကုန်ကြမ်းများ လျင်မြန်စွာ ပို့ဆောင်နိုင်သည့်အပြင် တရုတ်ထုတ်ကုန်များ တင်ပို့နိုင်မည့် ဝင်ရိုးစွန်းခါးပတ်လမ်းစီမံကိန်း(BRI) ကို တိုးချဲ့တည်ဆောက်ရန် တရုတ်က စီစဉ်လျက်ရှိသည်။

“တရုတ်၏ ကြီးထွားလာနေသည့် စွမ်းအားနှင့် အရင်း အမြစ် လိုအပ်ချက်များကြောင့် အလှမ်းဝေးသည့် နေရာများအထိ စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေခဲ့သည်။
ကနဦးတွင် အာရှဥရောပကို ဗဟိုပြုသော်လည်း ခါးပတ်လမ်း စီမံကိန်းသည် အာဖရိက၊ လက်တင်အမေရိကနှင့် အာတိတ်တို့ပါဝင်ရန် ချဲ့ထွင်ထားသည်” ဟု မြောက်အမေရိကနှင့် အာတိတ်ကာကွယ်ရေးနှင့် လုံခြုံရေးကွန်ရက်က အစီရင်ခံစာတစ်ခုတွင် ပြောကြားထားသည်။

ရှန်ဟိုင်းနှင့် အနောက်ဥရောပအကြား အကွာအဝေးကို အချိန် ၂ ပတ်ကြာ လျှော့ချနိုင်သည့်အပြင် သမရိုးကျ လမ်းကြောင်းများဖြစ်သော မလက္ကာရေလက်ကြားနှင့် စူးအက်တူးမြောင်းတို့ကို အသုံးပြုခြင်း ကုန်စရိတ် ကို ၃၀ ရာခိုင်နှုန်းလျှော့ချနိုင်သောကြောင့် တရုတ်သည် အာတိတ်ကိုဖြတ်၍ ခိုင်မာသောလမ်းကြောင်းများ ထူထောင်ရန် စိတ်အားထက်သန်နေသည်။
ဈေးကွက််များနှင့် အရင်းအမြစ်များဆီသို့ သွားမည့် အနာဂတ် ကုန်သွယ်မှုလမ်းကြောင်းများကို လည်း ရရှိစေမည်ဖြစ်သည်။

By The HK Post 01 November 2021
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

■တ႐ုတ္၏ဝင္ေရာက္စြက္ဖက္္မႈျမင့္တက္လာျခင္းေၾကာင့္ အာတိတ္နိုင္ငံမ်ားတြင္ လက္နက္္မ်ား တပ္ဆင္လာ

ရာသီဥတုေျပာင္းလဲမႈက ႀကီးမားက်ယ္ျပန္႔ေသာ တြင္းထြက္သယံဇာတမ်ားကို တူးေဖာ္ရရွိနိုင္ျခင္းႏွင့္ ဥေရာပသို႔ ပင္လယ္ျဖင့္ ခရီးသြားခ်ိန္ေလ်ာ့ခ်ေပးနိုင္သည့္ သယ္ယူပို႔ေဆာင္ေရး လမ္းေၾကာင္းသစ္မ်ားကို ေပးနိုင္ျခင္းေၾကာင့္ အာတိတ္ေဒသသို႔ ေျခဆန႔္ တိုးခ်ဲ႕ရန္ တ႐ုတ္နိုင္ငံက ရည္ရြယ္ထားသည္။
မၾကာေသးမီႏွစ္မ်ားအတြင္း ခိုင္မာအားေကာင္းလာေသာ တ႐ုတ္-႐ုရွားစီးပြားေရး ပူးေပါင္းေဆာင္ရြက္္မႈက ေဒသတြင္း၌ တ႐ုတ္၏ တည္ရွိမႈကို ခိုင္မာေစခဲ့သည္။

တ႐ုတ္က အာတိတ္မူဝါဒကို ထုတ္ျပန္ေၾကညာခဲ့သည့္အျပင္ ေဒသတြင္း၌ ကုန္သြယ္ေရးႏွင့္ စစ္ေရးလႈပ္ရွားမႈမ်ားစြာကိုလည္း စီစဥ္လ်က္ရွိသည္။
သို႔ေသာ္ တ႐ုတ္၏ ႀကီးထြားလာေနေသာ ရည္မွန္းခ်က္မ်ားသည္ အာတိတ္နိုင္ငံမ်ားျဖစ္သည့္ ၈ နိုင္ငံအုပ္စုႏွင့္ အဆင္ေျပျခင္းမရွိေပ။
တ႐ုတ္က ေဒသတြင္းတြင္ ႀကီးမားေသာအခန္းက႑မွ ပါဝင္ရန္ ႀကိဳးပမ္းေနျခင္းေၾကာင့္ ယခုအခါ အုပ္စုတြင္း တင္းမာမႈမ်ား ႀကီးထြားလာေနသည္။ နိုင္ငံအခ်ိဳ႕က ယင္းကိစၥႏွင့္ပတ္သက္ၿပီး စိုးရိမ္မႈမ်ားကို ေဖာ္ျပၾကၿပီး ႐ုရွားသည္ပင္ ေဒသတြင္း၌ တ႐ုတ္ကို လက္မခံရန္ အခ်က္ျပခဲ့သည္။
႐ုရွား၊ ဒိန္းမတ္၊ ဖင္လန္၊ အိုက္စလန္၊ ဆြီဒင္၊ ေနာ္ေဝႏွင့္ အေမရိကန္တို႔သည္ အာတိတ္ေကာင္စီ၏ အဖြဲ႕ဝင္မ်ားျဖစ္သည္။ တ႐ုတ္သည္ ၂၀၁၃ ခုႏွစ္တြင္ ယင္းေကာင္စီတြင္ ေလ့လာသူျဖစ္ခဲ့သည္။

တ႐ုတ္သည္ အာတိတ္နိုင္ငံမဟုတ္ေသာ္လည္း ‘အာတိတ္အနီးနိုင္ငံ’ ဟု ေၾကညာျခင္းျဖင့္ ယင္းေဒသ ကို မဟာဗ်ဴဟာေျမာက္ ဦးစားေပးေဒသအျဖစ္ သတ္မွတ္ထားသည္။ ရာသီဥတုေျပာင္းလဲျခင္းက အာတိတ္၏ ေအးခဲေနေသာ အစိတ္အပိုင္းမ်ားကို လမ္းဖြင့္ေပးခဲ့ၿပီး ယခုအခါ ယင္းေနရာမ်ားသည္ သဘာဝအရင္းအျမစ္မ်ား တူးေဖာ္ျခင္းႏွင့္ စူးစမ္းေလ့လာေရးသေဘၤာမ်ား သြားလာနိုင္ၿပီျဖစ္သည္။
တ႐ုတ္ျပည္သို႔ ကုန္ၾကမ္းမ်ား လ်င္ျမန္စြာ ပို႔ေဆာင္နိုင္သည့္အျပင္ တ႐ုတ္ထုတ္ကုန္မ်ား တင္ပို႔နိုင္မည့္ ဝင္ရိုးစြန္းခါးပတ္လမ္းစီမံကိန္း(BRI) ကို တိုးခ်ဲ႕တည္ေဆာက္ရန္ တ႐ုတ္က စီစဥ္လ်က္ရွိသည္။

“တ႐ုတ္၏ ႀကီးထြားလာေနသည့္ စြမ္းအားႏွင့္ အရင္း အျမစ္ လိုအပ္ခ်က္မ်ားေၾကာင့္ အလွမ္းေဝးသည့္ ေနရာမ်ားအထိ စိတ္ဝင္စားမႈကို ျဖစ္ေပၚေစခဲ့သည္။
ကနဦးတြင္ အာရွဥေရာပကို ဗဟိုျပဳေသာ္လည္း ခါးပတ္လမ္း စီမံကိန္းသည္ အာဖရိက၊ လက္တင္အေမရိကႏွင့္ အာတိတ္တို႔ပါဝင္ရန္ ခ်ဲ႕ထြင္ထားသည္” ဟု ေျမာက္အေမရိကႏွင့္ အာတိတ္ကာကြယ္ေရးႏွင့္ လုံျခဳံေရးကြန္ရက္က အစီရင္ခံစာတစ္ခုတြင္ ေျပာၾကားထားသည္။

ရွန္ဟိုင္းႏွင့္ အေနာက္ဥေရာပအၾကား အကြာအေဝးကို အခ်ိန္ ၂ ပတ္ၾကာ ေလၽွာ့ခ်နိုင္သည့္အျပင္ သမရိုးက် လမ္းေၾကာင္းမ်ားျဖစ္ေသာ မလကၠာေရလက္ၾကားႏွင့္ စူးအက္တူးေျမာင္းတို႔ကို အသုံးျပဳျခင္း ကုန္စရိတ္ ကို ၃၀ ရာခိုင္ႏႈန္းေလၽွာ့ခ်နိုင္ေသာေၾကာင့္ တ႐ုတ္သည္ အာတိတ္ကိုျဖတ္၍ ခိုင္မာေသာလမ္းေၾကာင္းမ်ား ထူေထာင္ရန္ စိတ္အားထက္သန္ေနသည္။
ေဈးကြက္္မ်ားႏွင့္ အရင္းအျမစ္မ်ားဆီသို႔ သြားမည့္ အနာဂတ္ ကုန္သြယ္မႈလမ္းေၾကာင္းမ်ားကို လည္း ရရွိေစမည္ျဖစ္သည္။

By The HK Post 01 November 2021
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။